မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အားထား ရတဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ အသင်း မှ ထွက်ခွာ လို နေတဲ့ အဓိက အကြောင်း အရင်း သုံးခု ကို အင်္ဂလန် နာမည် ကြီး သတင်းစာ ဖြစ်တဲ့ Mirror မှ ဖော်ပြ ပေးလိုက် ပါတယ် ။

လက်ရှိ အချိန် မှာတော့ ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ကို ခေါ်ယူ နိုင်ဖို့ အတွက် စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် အသင်း မှ ရေပန်း အစားဆုံး ဖြစ်နေ ခဲ့ပြီး သူ့ကို ရရှိ ဖို့ အတွက် တော်ဝင်သား တွေဟာ ပြောင်းရွှေ့ ကြေး မြောက်များစွာကို သုံးစွဲ သွားဖို့ ရှိနေ ကြ ပါတယ် ။

ဒါ့အပြင် ကစားသမား ကိုယ်တိုင် က ဇီဒန်း ဦးဆောင် နေတဲ့ ရီးယဲ မက်ဒရစ် အသင်း မှာ ကစား ရဖို့ ဆိုတာ အိပ်မက် တစ်ခု ဖြစ်ကြောင်း ၊ စိန်ခေါ် မှု အသစ် တွေကို အလို ရှိကြောင်း ပြောခဲ့ သေးတဲ့ အတွက် သူဟာ မက်ဒရစ် မြေကို ပြောင်းဖို့ စိတ်အား ထက်သန် နေကြောင်း သိသာ စေခဲ့ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ရီးယဲ မက်ဒရစ် နည်းပြ ဇနက်ဒင်း ဇီဒန်း ဟာလည်း သူဟာ တစ်နိုင်ငံ တည်းသား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ ရဲ့ ခြေစွမ်း ကို နှစ်သက် သဘောကျ ကြောင်း ဖွင့်ဟ ထားခဲ့ တာကြောင့် ဒီ အပြောင်း အရွှေ့ ဟာ ဖြစ်ပေါ် လာနိုင် ခြေ များပြား နေခဲ့ ပါတယ် ။

အခုတော့ စပိန် နာမည်ကြီး သတင်းစာ ဖြစ်တဲ့ AS က ပေါ့ဂ်ဘာ ရဲ့ အပြောင်း အရွှေ့ ဟာ ဒီနွေ အတွင်း မလွဲ ဧကန် ဖြစ်ပေါ် လာ လိမ့်မယ် ဆိုတဲ့ အချက် သုံးချက် ကို သုံးသပ် သွားခဲ့ပြီး အင်္ဂလန် သတင်းစာ Mirror မှ အဆိုပါ သုံးသပ်ချက် ကို ဖော်ပြ သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

ပထမဆုံး အချက် ကတော့ ပေါ့ဂ်ဘာ ဟာ ဂျူဗင်တပ် အသင်း မှ ယူနိုက်တက် ကို ပြန်လာ ဖို့ စိတ်အား ထက်သန် ခဲ့ခြင်း မရှိ ခဲ့တာ ပါပဲ ။ 2016 ခုနှစ် တုန်းက ပေါ့ဂ်ဘာ ရဲ့ နွေ အပြောင်း အရွှေ့ ဟာ အချိန် အတော် ကြာခဲ့ ပြီး နောက်ဆုံး မှာတော့ သူဟာ ပေါင် 89 သန်း နဲ့ ယူနိုက်တက် ဆီ ရောက်ရှိ ခဲ့ ပါတယ် ။

ဒုတိယ အချက် ကတော့ ပေါ့ဂ်ဘာ ဟာ အသင်း ဟောင်း ယူနိုက်တက် ဆီ ပြောင်းရွှေ့ ခဲ့ပြီး နောက်ပိုင်း အသင်း ရဲ့ လစာ အများဆုံး ကစားသမား အဖြစ် ကြာရှည် ရှိ မနေ တော့ပဲ အာဆင်နယ် မှ ပြောင်းရွှေ့ လာတဲ့ အလက်ဆစ် ဆန်းချက် ဟာ အသင်း ရဲ့ လစာ အကောင်းဆုံး ကစားသမား ဖြစ်လာ ခဲ့ခြင်း ပါပဲ ။

ပြင်သစ် လက်ရွေးစင် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း မှာ တစ်ပါတ် ပေါင် 290,000 အထိ ရရှိ နေ ခဲ့တဲ့ အချိန် အလက်ဆစ် ဆန်းချက် က သူ့ထက် ပေါင် 60,000 များပြား တဲ့ တစ်ပါတ် ပေါင် 350,000 ကို အပါတ်စဉ် ရရှိ နေခဲ့ တာပဲ ဖြစ်ပါတယ် ။

နောက်ဆုံး အချက် တစ်ခု ကတော့ ပေါ့ဂ်ဘာ ရဲ့ Balloon D’ Or ဆွတ်ခူး လိုတဲ့ အိပ်မက် ပဲ ဖြစ်ပါတယ် ။ သူဟာ ယူနိုက်တက် အသင်း မှာသာ ဆက်လက် ရှိနေ ခဲ့ရင် Balloon D’ Or ဆန်ကာတင် စာရင်း မှာတောင် ပါဝင် နိုင်ဖို့ ခက်ခဲ လိမ့်မယ် လို့ ထင်မှတ် ထားသူ ပဲ ဖြစ်ပါတယ် ။

ပေါ့ဂ်ဘာ ဟာ Balloon D’ Or ဆန်ကာတင် ကစားသမား 3 ဦး စာရင်း မှာ တစ်ခါ မှ ပါဝင် နိုင်ခဲ့ ဖူးခြင်း မရှိ သေး ပါဘူး ။ ဒါ့အပြင် ယူနိုင်တက် ဟာ ဒီ ရာသီ မှာ ချန်ပီယံ လိဂ် ပြိုင်ပွဲ ကို ကစား ခွင့် ဆုံးရှုံး ထားခဲ့ တာကြောင့် နောက်နှစ် ပေါ့ဂ်ဘာ ဆန်ကာတင် စာရင်း ထဲ ပါဝင် နိုင်ဖို့ ဆိုတာ မလွယ်ကူ တော့ ပါဘူး ။

ဒါပေမယ့် ပေါ့ဂ်ဘာ ယူနိုက်တက် မှာ ဆက်လက် ရှိနေ စေဖို့ အတွက် မျှော်လင့်ချက် တွေ ရှိနေ ပါ သေးတယ် ။ အဲ့တာ ကတော့ လစာ ငွေ တိုးပေး ဖို့ ၊ အသင်း ခေါင်းဆောင် ရာထူး ပေးသွား ဖို့နဲ့ ဆိုးလ်ရှား ပြော ခဲ့တဲ့ အတိုင်း ကွင်းလယ် 2 ယောက် အတွဲ မှာ ပေါ့ဂ်ဘာ ကို အသုံးပြု သွားဖို့ တို့ ပါပဲ ။

ယူနိုက်တက် ၊ ရီးယဲ မက်ဒရစ် နဲ့ ပေါ့ဂ်ဘာ တို့ရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်း ကတော့ ဘယ်လို ဖြစ်လာ လိမ့် မလဲ ဆိုတာ ဒီနွေ အတွက် တော့ ပိုမို စိတ်ဝင်စား စရာ ကောင်းလာ ခဲ့ ပါပြီ ။

#Sports_Myanmar