မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဟောင်း ဟိုဆေး မော်ရင်ဟို ကတော့ ပြီးခဲ့တဲ့ ရက် သတ္တပါတ် က တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ နည်းပြ ဖြစ်လာ ခဲ့တဲ့ နောက် ကိုင်တွယ် ခဲ့တဲ့ ပွဲစဉ် နှစ်ပွဲလုံး မှာ ကောင်းမွန် တဲ့ ကစားကွက် တွေနဲ့ အတူ နိုင်ပွဲ ရယူ နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် ဝက်စ်ဟမ်း အသင်း ကို 2 – 3 ၊ အိုလံ ပီယာကော့စ် အသင်းကို 4 – 2 ဆိုတဲ့ ရလဒ် တွေနဲ့ အနိုင် ရရှိ ခဲ့တာ ကြောင့် တိုက်စစ် ကစားဟန် ကောင်းခဲ့ ပေမယ့် ဂိုးတွေ ပေးခဲ့ ရတဲ့ ခံစစ် ကစားပုံ ကြောင့် သူ နှစ်ခြိုက် ခုံမင် တဲ့ Clean Sheet ကိုတော့ မရ ယူနိုင် သေး ပါဘူး ။

အဆိုပါ ပွဲစဉ် တွေ မှာတော့ တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ လူငယ် တောင်ပံ တိုက်စစ် ကစားသမား လေး ရိုင်ယန် ဆက်ဆဂ်နွန် ဟာ အသင်း အတွက် ပါဝင် ကစား ပေး နိုင်ခြင်း မရှိ ခဲ့ ပါဘူး ။ သူဟာ အိုလံပီယာ ကော့စ် နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာတော့ အရန် ခုံပေါ် ရှိနေ ခဲ့ ပါတယ် ။

ဖူလ်ဟမ် အသင်း နဲ့ အတူ စတင် တောက်ပ လာ ခဲ့တဲ့ တောင်ပံ တိုက်စစ် ကစားသမား လေးဟာ ပိုချက်တီနို ကိုင်တွယ်တဲ့ တော့တင်ဟမ် ဟော့ စပါး အသင်း ကို ပြောင်းရွှေ့ လာ ခဲ့တဲ့ နောက် ပွဲထွက် ကစားခွင့် တွေ ရရှိ နိုင်ဖို့ အတွက် ရုန်းကန် ခဲ့ရ ပါတယ် ။

အခုတော့ မော်ရင်ဟို ဟာ သူ့ကို အရန် ကစားသမား စာရင်း ထဲတောင် ထည့်သွင်း နေပြီ ဖြစ်တာ ကြောင့် သူဟာ မကြာမီ မှာပဲ စီနီယာ အသင်း အတွက် ကစား ခွင့်တွေ ပိုင်ဆိုင် လာ နိုင်ခြေ မြင့်တက် လာခဲ့ ပါတယ် ။

မော်ရင်ဟို အတွက် တော့ အသင်း ကို စတင် ကိုင်တွယ် ခဲ့တဲ့ အချိန် မှာ ရလဒ် ကောင်းတွေ ယူဆောင် နိုင်ဖို့ အဓိက လိုအပ် နေခဲ့ တာကြောင့် စီနီယာ ကစားသမား တွေကို သာ ထည့်သွင်း ကစား စေ ခဲ့တာပါ ။ ဒါပေမယ့် ရလဒ် တွေ ဆက်တိုက် တိုးတက် လာခဲ့ ပါက သူဟာ လူငယ် တွေကို နေရာ ပေးသွား နိုင် ပါတယ် ။

အထူးသဖြင့် သူဟာ ယူနိုက်တက် အသင်း ကို ကိုင်တွယ် ခဲ့စဉ် ကတည်းက ဆက်ဆဂ်နွန် ရဲ့ ခြေစွမ်း ကို နှစ်ခြိုက် ခဲ့သူ ဖြစ်တာကြောင့် ကစားသမား လေးရဲ့ အနာဂတ် ဟာ မော်ရင်ဟို ရဲ့ လက်အောက် မှာ ပြောင်းလဲ သွားနိုင် ပါတယ် ။ ဒါကို ဖော်ပြ လိုက်သူ ကတော့ Daily Mirror ရဲ့ အကြီးတန်း စာရေး ဖြစ်တဲ့ ဂျွန် ခရော့စ် ပါပဲ ။

” တော့တင်ဟမ် ဟော့ စပါး အသင်း မှာတော့ ရိုင်ယန် ဆက်ဆဂ်နွန် အနေ နဲ့ နည်းပြ သစ် ဖြစ်လာ တဲ့ ဟိုဆေး မော်ရင်ဟို လက်အောက် မှာ နေရာ တစ်ခု ရရှိ နိုင်ရေး အတွက် ဘာမှ စိတ်ပူ နေစရာ မလို ပါဘူး ”

” တော့တင်ဟမ် နည်းပြ သစ် ဖြစ်လာ ခဲ့တဲ့ ဟိုဆေး မော်ရင်ဟို ဟာ ယူနိုက်တက် အသင်း ကို ကိုင်တွယ် ခဲ့စဉ် တုန်းက လက်ရှိ အသက် 19 နှစ် ရှိပြီ ဖြစ်တဲ့ ဆက်ဆဂ်နွန် ကို ခေါ်ယူ ရရှိ နိုင်ဖို့ အပြောင်း အရွှေ့ ကာလ သုံးခု အထိ တောင် ကြိုးစား ခဲ့ပါ သေးတယ် ”

” ဆက်ဆဂ်နွန်ဟာ အင်္ဂလန် ယူ 21 အသင်း အတွက် ကစား ပေးနေ ခဲ့ ရတာ ကြောင့် အသင်း ရဲ့ အခြား စီနီယာ ကစားသမားတွေ ဟိုဆေး မော်ရင်ဟို နဲ့ တွေ့ဆုံ မိတ်ဆက် ခဲ့တာ ထက် တစ်ရက် နောက်ကျ ပြီးမှ တွေ့ဆုံ ခဲ့ ရတာ ပါ ။ ဒါ့ကြောင့် သူက ဝက်စ််ဟမ်း နဲ့ ပွဲမှာ အရန်ခုံ ပေါ်တောင် မတွေ့ခဲ့ ရတာပါ ”

” ဒါပေမယ့် ကြားရက် အဖြစ် အိုလံပီယာကော့စ် အသင်း နဲ့ ကစား ခဲ့တဲ့ ချန်ပီယံ လိဂ် ပွဲစဉ် မှာတော့ သူဟာ အသင်း ရဲ့ အရန်ခုံ ပေါ်မှာ စတင် ရှိခွင့် ပိုင်ဆိုင် ခဲ့ရ ပါပြီ ” လို့ ဂျွန် ခရော့စ် က လူငယ် တိုက်စစ် ကစားသမား လေးရဲ့ အနာဂတ် နဲ့ ပတ်သက်လို့ ရေးသား ဖော်ပြ သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

တော့တင်ဟမ် ဟော့ စပါး အသင်း ဟာ မနက်ဖြန် ည မှာတော့ ဘုန်းမောက် အသင်း နဲ့ ရင်ဆိုင် ကစား ရဖို့ ရှိနေ ပြီး အဆိုပါ ပွဲစဉ် မှာတော့ ဆက်ဆဂ်နွန် ကို အရန်ခုံ ပေါ် ထပ်မံ မြင်တွေ့ ရနိုင်ဖို့ ရှိနေ ပါတယ် ။ ဒါ့အပြင် အစောပိုင်း မိနစ် တွေမှာ ရလဒ် ကောင်းမွန် ခဲ့ ပါက ပွဲ ကစား ချိန် မိနစ် အနည်းငယ် တောင် ရရှိ နိုင် လိမ့်မယ် လို့ ခရော့စ် က သုံးသပ် သွားခဲ့ ပါတယ် ။

#Sports_Myanmar