ချယ်လ်ဆီး အသင်း ရဲ့ ဝါရင့် တောင်ပံ ကစားသမား ဝီလီယံ ဟာ ယခုနှစ် ဘောလုံး ရာသီ အကုန် မှာ ချယ်လ်ဆီး အသင်း နဲ့ စာချုပ် သက်တမ်း ပြည့်မြောက် တော့မှာ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကတည်းက ဝီလီယံ ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှု တွေ ပြုလုပ် နေခဲ့တာ ဖြစ်ပေမယ့် အခုထိတော့ နီးစပ်မှု မရသေးပါဘူး ။

အထူးသဖြင့် အသက် ၃၀ နဲ့ အထက် ကစားသမား တွေကို ချယ်လ်ဆီး အသင်း ဟာ တနှစ် ထက် ပိုပြီး စာချုပ် ချုပ်ဆိုလေ့ မရှိတာကြောင့် ဝီလီယံ အတွက် စာချုပ်သစ် ချုပ်ဆိုဖို့ နှောင်းနှေး နေတာ ဖြစ်ပါတယ် ။ ဝီလီယံ ဟာ ဒီနှစ် ဘောလုံး ရာသီ ၊ ဖရန့် လမ်းပတ် လက်အောက် မှာ ချယ်လ်ဆီး အသင်း ရဲ့ ညာတောင်ပံ တိုက်စစ်မှာ ပုံမှန် ပွဲထွက်ခွင့် ရနေသူ လည်း ဖြစ်ပါတယ် ။

ဝီလီယံ ကို ခေါ်ယူဖို့ အတွက် ဘာစီလိုနာ ၊ ပီအက်စ်ဂျီ အစရှိတဲ့ ထိပ်တန်း အသင်းကြီး တွေက စောင့်ကြည့်နေဆဲ ဖြစ်ပေမယ့် ဝီလီယံ ကတော့ အခုအချိန် အထိ ချယ်လ်ဆီး အသင်း အတွက်သာ ဆက်လက် ကစားပေးဖို့ ဆန္ဒ ရှိနေပါတယ် ။ ကစားသမားသစ် ခေါ်ယူခွင့် အပိတ် ခံထားရချိန် မှာ ဟာဇတ် ကို ဆုံးရှုံးခဲ့ရပေမယ့် ၊ ဝီလီယံ ဆက်ရှိနေခြင်း ဟာ ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ် အတွက် အတော်လေး အထောက်အကူ ဖြစ်နေခဲ့ပါတယ် ။

မနေ့က အင်တာဗျူး တခု မှာတော့ ဝီလီယံ က သူ့ အနေနဲ့ အခြား အသင်း တွေကို ပြောင်းရွှေ့ ဖို့ ထက်စာရင် ၊ ချယ်လ်ဆီး အသင်း ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှု ကို ဆက်လက် စောင့်မျှော်နေဆဲ ဖြစ်ကြောင်း နဲ့ ချယ်လ်ဆီး အသင်း မှာလည်း ကစားရတာ ပျော်ရွှင်နေဆဲ ဖြစ်ကြောင်း ဖွင့်ဟ လာပါတယ် ။

မော်ရင်ဟို က ” ကျွန်တော် ချယ်လ်ဆီး အသင်း မှာ ပျော်ရွှင် နေပါတယ် ။ အသင်း အတွက် ကစားပေးနေရတာ ပျော်ရွှင်နေပေမယ့် စာချုပ်သစ် ကိစ္စ က ကျွန်တော့ လက်ထဲမှာ ရှိမနေပါဘူး ။ ဘုတ်အဖွဲ့ ရဲ့ လက်ထဲမှာပါ ။ သူတို့ဖက် က အတည်ပြုချက် ကို ကျွန်တော် စောင့်မျှော် နေပါတယ် ။ သူတို့ဟာ ကျွန်တော် ဘာ အလိုရှိလဲ ၊ ဘာလုပ်ပေးချင်လဲ သိထားပါတယ် ။ ”

” အခုအချိန် မှာ ကျွန်တော့ အနေနဲ့ တခြား အသင်း တွေနဲ့ လည်း စကားမပြောကြည့်ချင်ပါဘူး ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ဟာ ချယ်လ်ဆီး အသင်း နဲ့ ရာသီကုန် အထိ စာချုပ် ကျန်သေးတာကြောင့်ပါ ။ ကျွန်တော် ဟာ ချယ်လ်ဆီး အသင်းသား တယောက် ဖြစ်ပေမယ့် ကျွန်တော် ဖြစ်ချင်တဲ့ ဆန္ဒ တွေကိုတော့ ကလပ် ဖက်က တာဝန်ရှိသူ တွေကို သိထား စေချင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး ဝီလီယံ က ပြီးခဲ့တဲ့ ဗလင်စီယာ အသင်း နဲ့ ချန်ပီယံလိဂ် ပွဲစဉ် နဲ့ ပတ်သက်ပြီး ” ဒီပွဲစဉ် ရဲ့ အဆုံးသတ် ကတော့ လုံးဝ ရူးလောက်ပါတယ် ။ ဗလင်စီယာ အသင်း ဟာ ကစားရ ခက်ခဲ သလို ၊ သူတို့ အသင်း ရဲ့ အိမ်ကွင်း ကလည်း အတော်လေး ကြီးကျယ် ခမ်းနားပါတယ် ။ အနည်းဆုံး တော့ ကျွန်တော် တို့ တမှတ် ရခဲ့ပါတယ် ။ ဒါကြောင့်မို့ အိမ်ကွင်း မှာ အဆုံးအဖြတ် ပွဲစဉ် တပွဲ ကို ကစားဖို့ပဲ ကျန်ပါတော့တယ် ။ ”

” ကျွန်တော် ကတော့ ဗလင်စီယာ နဲ့ ပွဲမှာ သရေ တမှတ် ခဲ့တာ ကျွန်တော် တို့ အတွက် အနည်းငယ် ကံကောင်း ခဲ့တယ် လို့ ထင်ပါတယ် ။ ဒါပေမယ့် ဒီ အခြေအနေ က ဒီလိုပဲ ဖန်လာခဲ့တော့ ကျွန်တော် တို့ လက်ခံ ရမှာပါ ။ အခုဆို လိုင်လီ နဲ့ အုပ်စု နောက်ဆုံး ပွဲစဉ် ကို သေချာ အာရုံစိုက်ပြီး အနိုင် ကစားဖို့ပဲ လိုပါတော့တယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR