အင်္ဂလန်နိုင်ငံ လန်ဒန် မြို့ အခြေစိုက် အာဆင်နယ်အသင်း ဟာ သူတို့ရဲ့ နည်းပြ ကြီး အူနိုင်းအမ်မရီကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ယနေ့ ညနေပိုင်းမှာ ကြေညာသွားခဲ့ပါတယ်။အာဆင်နယ်အသင်းဟာ နောက်ဆုံး ပြိုင်ပွဲစုံ ရပွဲဆက် နိုင်ပွဲပျောက်ဆုံးအပြီးမှာ အသင်းရဲ့တာဝန်ရှိသူတွေက အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ သူတို့ကို ကာလရှည် ကိုင်တွယ် ထားခဲ့တဲ့ နည်းပြဟောင်း အာဆင်ဝင်းဂါးနဲ့လမ်းခွဲ ခဲ့အပြီး မှာ စပိန်သားကြီး အမ်မရီကို အစားထိုး ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်သူ့ရဲ့ လက်အောက် ပထမရာသီမှာ ထင်သလောက် တိုးတက်မှု မရှိခဲ့ပဲ ဖလားလက်မဲ့ဖြစ်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့် နဲ့ ပါဆက်ပြီးလွဲချော်ခဲ့ပါတယ်။

 

အခုနွေရာသီစျေးကွက်အတွင်း မှာတော့ အာဆင်နယ် အသင်းဟာ ကစားသမား အင်အားဖြည့်တင်းမှုတွေကို အရှိအဟုန်ကောင်းကောင်းနဲ့ပြုလုပ်ပြီး အမ်မရီကို ပံ့ပိုးပေးထားခဲ့သေးတာဖြစ်ပါတယ်။ပီပီလို တောင်ပံတိုက်စစ်ကစားသမားကို ခေါ်ယူဖို့ အတွက် ကလပ်စံချိန်တင်ကြေး ပါပေးချေထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ကစားသမား သစ်တွေဟာ အသင်းအတွက် အခုချိန်အထိ အကောင်း ဆုံး အကျိုးပြုထားနိုင်ခြင်း မရှိသေးသလို အမ်မရီရဲ့ နည်းစနစ် တွေကလည်းအခုထိမေးခွန်းထုတ်စရာတွေများနေသေးတာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၃ပွဲကစားအပြီး ရမှတ် ၁၈မှတ်နဲ့ အဆင့် ၈နေရာအထိကျရောက်နေပါတယ်။

ဒါ့အပြင်ယနေ့ နံနက်ပိုင်းမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပြိုင် ပွဲမှာလည်း ဖရန့်ဖတ် အသင်းကို အမ်းမရိတ်မှာ အရေးနိမ့်ခဲ့လို့ နောက်တဆင့်အတွက် အုပ်စုနောက်ဆုံးပွဲစဉ်အထိ ရုန်းကန်သွားရတော့မှာဖြစ်ပါတယ်။ဘုတ်အဖွဲ့တွေကသူ့အပေါ်သည်းခံနိုင်မှု ကင်းမဲ့သွားတာကြောင့် လည်း အခုလို အားချင်းထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ နည်းပြသစ် ကိုရှာဖွေနေပြီဖြစ်ပြီး အန်ဆယ်လော့တီကရေပန်း အစားဆုံးအဖြစ်ရှိနေတယ်လို့သိရပါတယ်။ဒီအီတလီသားကြီးဟာပရီးမီးယားလိဂ်ကလပ်ချဲဆီးလ်အပါအဝင်ဥရောပထိပ်သီး အသင်းအများစုကို ကိုင်တွယ်ခဲ့ဖူးပြီးလက်ရှိ မှာနာပိုလီကို တာဝန်ယူနေတာဖြစ်ပါတယ်။

နည်းပြသစ်ခန့်အပ်ဖို့ အတွက် ဆုံး ဖြတ်ချက်ကိုုတော့ နည်းစနစ်ဒါရိိုက်တာ အဒူ၊ ဘောလုံး အကြီးအကဲ ဆန်ဟီလီတို့ပါဝင်တဲ့ လူနည်းစုက ပြုလုပ်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။လတ်တလောမှာတော့ ကစားသမားဟောင်းတဦးဖြစ်တဲ့ ယွန်းဘတ်က ယာယီနည်းပြတာဝန်ယူမှာဖြစ်တယ်လို့ ကြေငြာထားပါတယ်။

အာဆင်နယ် အသင်းဟာ လာမယ့် တနင်္ဂနွေ နေ့မှာတော့ နော့ဝှစ်ချ် အသင်းကို အဝေးကွင်းမှာသွားရောက်ယှဉ် ရမှာဖြစ်ပြီး ကာလရှည် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ကိုတော့ အချိန်ယူဖွယ်ရှိနေတာဖြစ်ပါတယ်။အာဆင်နယ်နည်းပြသစ် ဖြစ်လာဖွယ်ရှိသူတွေအဖြစ်တော့ အန်ဆယ်လော့တီအပြင် ဝုဗ်လ် နည်းပြ နူနိုဆန်းတို့စ်ကလည်း ရေပန်းစားနေတာဖြစ်ပါတယ်။

ဒါပေမယ့် သူတို့နှစ်ဦးလုံး ဟာ လက်ရှိမှာစာချုပ် တွေကိုယ်စီရှိနေသေးတာဖြစ်ပြီး ရာသီဝက် အချိန်ကို ရောက်နေတာဖြစ်လို့လည်း ခေါ်ယူနိုင်ဖို့တော့ မလွယ်ကူတာဖြစ်ပါတယ်။နောက်ထပ်ရွေးချယ်စရာအဖြစ်တော့ အသင်းရဲ့ကွင်းလ်လူဟောင်းတဦးဖြစ်ပြီး မန်စီးတီးကို လက်ထောက်နည်းပြအဖြစ်တာဝန်ယူနေတဲ့အာတီတာက ရှိနေပါတယ်။

အသက် ၆၀ အရွယ်ရှိနေပြီ ဖြစ်တဲ့အန်ဆယ်လော့တီ ဟာ လက်ရှိမှာ နာပိုလီ အသင်းနဲ့ ရာသီကုန်အထိ သာသက်တမ်းရှိနေတာဖြစ်ပြီးသူ့အသင်းဟာ အမ်မရီရဲ့ အာဆင်နယ် လိုပဲ ထူးမခြားနား အနေအထားမျိုးကြုံနေရတာဖြစ်ပါတယ်။နာပိုလီအသင်းဟာဒီရာသီမှာ စီးရီးအေ ၁၃ပွဲကစား အပြီးရမှတ်၂၀ နဲ့အဆင့်ရ နေရာမှာကျရောက်နေပါတယ်။

အသင်းတသင်းနဲ့ အတူစာချုပ်သက်တမ်း ရှိနေတဲ့ နည်းပြတဦးကို ခေါ်ယူတာဟာ အတော်လေးကို အခက်ကြံုရတတ်ပြီး လုပ်ခလစာအပြင် အသင်းဟောင်းကိုပါ လျော်ကြေးအဖြစ်ပေးချေရတတ်တာဖြစ်ပါတယ်။အန်ဆယ်လော့တီရဲ့အောင်မြင်မှုမှတ်တမ်းတွေကြောင့်လည်း တနှစ် လျင် လစာ ပေါင် ၁၂ သန်းနဲ့ ၁၅ သန်းကြား ပေးချေရဖို့ရှိနေတာဖြစ်ပါတယ်။

SPORTS MYANMAR