လီဗာပူး မန်နေဂျာ ယာဂန်ကလော့ က အူနိုင်း အမ်မရီ ကို ရာထူးမှ ထုတ်ပယ်ကာ ဖရက်ဒီ ယွန်းဘက် ကို ယာယီ နည်းပြ ခန့်အပ် ခဲ့တဲ့ အာဆင်နယ် ရဲ့ ဆုံးဖြတ်ချက် အပေါ် သူဘယ်လို ခံစား ခဲ့ရသလဲ ဆိုတာကို ပြောပြ သွားခဲ့ ပါတယ်။ အာဆင်နယ် အသင်းဟာ လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ် နောက်ပိုင်း ကလပ်ရဲ့ အဆိုးဝါးဆုံး run of results တွေ ကြုံတွေ့ ခဲ့ရပြီးနောက် မန်နေဂျာ အူနိုင်းအမ်မရီ ကို မနေ့က ရာထူး ကနေ ထုတ်ပယ် ခဲ့ပါတယ်။

အမ်မရီဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က ဂန္တ၀င် နည်းပြကြီး အာဆင်၀င်းဂါး ရဲ့ နေရာကို အစားထိုး ၀င်ရောက် ခဲ့တာ ဖြစ်ပေမယ့် အမ်းမရိတ်ရဲ့ ထိုင်ခုံပူ ပေါ်မှာ ၁၈ လသာ ခံခဲ့ ပါတယ်။ ဂန်နားတို့ဟာ ကြားရက်က ယူရိုပါလိဂ် ပွဲစဉ်မှာ ဖရန့်ဖတ် ကို အမ်းမရိတ်မှာ ၂-၁ နဲ့ ရှုံးနိမ့် ခဲ့တာကြောင့် ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံး ခဲ့တာ ဖြစ်ပြီး ဒါဟာ အမ်မရီရဲ့ ကံကြမ္မာကို အဆုံးအဖြတ် ဖြစ်သွား စေခဲ့ ပါတယ်။

အမ်မရီ ထုတ်ပယ် ခံခဲ့ ရတဲ့ သတင်းနဲ့ ပက်သက်ပြီး ကလော့ က “ကျွန်တော် အံ့သြ ခဲ့ပါတယ်။ ကျွန်တော် ဒီမနက် အိပ်ယာ နိုးနိုး ပြီးချင်းမှာပဲ ဒီသတင်း တွေကို ကြားခဲ့ ရတာပါ။ ကျွန်တော် ဘာပြော နိုင်မှာလဲ ? ဘောလုံး ကမ္ဘာဟာ ဒီလိုမျိုး ပါပဲ။ အတွင်း သတင်းကို ကျွန်တော် မသိတဲ့ အပြင် အဲဒီမှာ ဘာဖြစ် ခဲ့သလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ အသင်းရဲ့ ရလဒ်တွေ ၊ စွမ်းဆောင်ရည် တွေကို မပျော်ရွှင် တာကြောင့် ဘုတ်အဖွဲ့က ဒီလို ဆုံးဖြတ် ခဲ့တာတော့ ထင်ရှား ပါတယ်။

နောက်ဆုံး မှာတော့ သူတို့ ဆုံးဖြတ်ချက်တွေ ချမှတ် ခဲ့ရပါတယ်။ ဒါဟာ ကျွန်တော်တို့ မန်နေဂျာ တွေရဲ့ ဘ၀ပါ။ စာချုပ် ချုပ်လိုက်တဲ့ အချိန်မှာပဲ ဒါမျိုးတွေ ဖြစ်သွား နိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကလပ်မှာ အကောင်းဆုံး အခြေအနေ ကို လုပ်ပြ ရပါတယ်။ ဒါဟာ အကောင်းဆုံး မဟုတ်ဘူးလို့ လူတွေ ယူဆ သွားတဲ့ အခါ ဒါဟာ ဖြစ်သွား နို်င်တဲ့ ဖြေရှင်းမှု ပါပဲ။ အမ်မရီ ကတော့ ဒီလိုမျိုး ဖြစ်သွား ခဲ့ပါတယ်။ ကျွန်တော် သူ့ကို ဆုမွန်ကောင်း တောင်းလိုက် ပါတယ်။ သူဟာ ထူးချွန်တဲ့ မန်နေဂျာ ဖြစ်ပါတယ်။ သူဟာ ဒါကို မတူတဲ့ နိုင်ငံတွေ ၊ မတူညီတဲ့ လိဂ်တွေမှာ သက်သေ ပြထား ခဲ့ပါတယ်။

အနာဂတ်မှာ သူ အဆင်ပြေ မှာပါ။ သူမှာ အာဆင်နယ် အတွက် ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိနေမှာ အသေ အချာ ပါပဲ။ ဒါတွေ အလုပ် မဖြစ် ခဲ့ပါဘူး။ အခု ဆိုရင် အာဆင်နယ် ဖြေရှင်းချက် ကို ရှာဖွေ သွားရမှာပါ။ ဖရက်ဒီဟာ အခု ဆိုရင် ယာယီ နည်းပြ အဖြစ် ဒီအလုပ်ကို ရယူ ခဲ့ပါတယ်။ ဟုတ်တယ်နော်။ ဒီလိုမျိုးပါပဲ။ မန်နေဂျာတွေ ဒီလိုမျိုး ရှိနေ ပါတယ်။ သူဟာ ငယ်ရွယ်တယ်။ အတွေ့အကြုံလည်း နည်းကောင်း နည်းနိုင် ပါတယ်။ ဒါပေမယ့် ဒါဟာ သိပ်အများကြီး အရေး မကြီးပါဘူး။ သူ ဒီအခွင့်အရေးကို ၇ယူ သွားနိုင် ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

ပရီးမီးယားလိဂ် မှာ မန်နေဂျာ လုပ်နေရတဲ့ အတွက် လိုအပ်တဲ့ စိတ်ဓာတ် ကြံ့ခိုင်မှု နဲ့ ပက်သက်ပြီး ကလော့ က “Wow, ဒါဟာ အတော် စိန်ခေါ်မှု ပြင်းထန်တဲ့ အလုပ်ပါ။ မန်နေဂျာ တစ်ဦး စိတ်ဓာတ် ကြံ့့ခိုင်မှုပိုင်း နဲ့ ပက်သက်ပြီး ရုန်းကန် နေရတယ် ဆိုတာကို ကျွန်တော် မကြားမိ သလောက် ပါပဲ။ ဒီအလုပ်ကို မလုပ်ခင် ကတည်းက အရာ တော်တော်များများကို လက်ခံ ရပါတယ်။ ကိုယ့်ဘေးက အရာ တော်တော်များများ ကို လျစ်လျူရှု ထားနိုင်ဖို့ အရေးကြီး ပါတယ်။

ကျွန်တော်တို့ လုပ်တဲ့ အရာအားလုံးဟာ အကဲဖြတ် တာပါပဲ။ ပြီးတော့ ကျွန်တော်ဟာ ပတ်၀န်းကျင်က ပြောဆိုမှု တွေကို လျစ်လျူရှုဖို့ အစောကြီး ကတည်းက ဆုံးဖြတ် ထားပြီး သားပါ။ စိတ်ဓာတ်ပိုင်းနဲ့ ပက်သက်ပြီး ရုန်းကန် နေရတဲ့ မန်နေဂျာ တော်တော် များများ ရှိမယ်လို့ ကျွန်တော် မထင်ပါဘူး။ အကယ်လို့များ တစ်စုံတစ်ဦးက ကျွန်တော်တို့နဲ့ ပက်သက်ပြီး ဒီလို ယူဆ နေမယ် ဆိုရင် ဒီလို ဂရုစိုက်တဲ့ အတွက် မန်နေဂျာတွေ ကိုယ်စား ကျေးဇူး တင်တယ်လို့ ပြောချင်ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

အာဆင်နယ် ဟာ လက်ရှိ အချိန်မှာ ပရီးမီးယားလိဂ်ရဲ့ အဆင့် လေး နေရာနဲ့ ၈ မှတ် အကွာမှာ ရှိနေပြီး ဒီဇင်ဘာ ပွဲကျပ် ကာလမှ ရလဒ်တွေ ဆက်တိုက် ကောင်းမွန် လာဖို့ လိုအပ် နေပြီး မဟုတ်ပါက လာမည့် ရာသီ ချန်ပီယံလိဂ် ၀င်ခွင့် အတွက် ယူရိုပါလိဂ် ပြိုင်ပွဲကိုသာ အားကိုး ရဖို့ ရှိနေ ခဲ့ပါတယ်။ ဂန်းနားတို့ဟာ တနင်္ဂနွေနေ့ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် နော့ဝှစ်ကို အဝေးကွင်းမှာ သွားကစား ရမှာ ဖြစ်ပြီး ဒီပွဲကိုတော့ ယာယီနည်းပြ ဖရက်ဒီယွန်းဘက်က ကိုင်တွယ် သွားမှာ ဖြစ်ပါတယ်။

SM