ချယ်လ်ဆီး အသင်း ဟာ နောက်ဆုံး တခေါက် international break မတိုင်မီ ခံစစ် ကစားပုံ တဖြည်းဖြည်း တိုးတက် လာကာ ၊ ရလဒ် တော်တော်များများ ကောင်းခဲ့ပေမယ့် ၊ နိုင်ငံ ပွဲစဉ် တွေ အပြီး ကစားခဲ့တဲ့ မန်စီးတီး ၊ ဗလင်စီယာ အသင်း တွေနဲ့ ပွဲစဉ် တွေမှာတော့ ချယ်လ်ဆီး အသင်း ဟာ ခံစစ် အမှား အတော်များများ ကျူးလွန် ခဲ့သလို ၊ ပေးဂိုး ၄ဂိုး အထိ ခွင့်ပြု ခဲ့ရပါတယ် ။

ယနေ့ည မှာ နောက်ပိုင်း ပွဲစဉ် တွေ ရလဒ် ဆိုးရွား နေခဲ့တဲ့ ဝက်စ်ဟမ်း အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ် မှာ လက်ခံ ကစားမယ့် ချယ်လ်ဆီး အသင်း အနေနဲ့ ရလဒ်ကောင်း တခု နဲ့ ပြန်လာနိုင်ဖို့ ကြိုးစား ရမှာ ဖြစ်ပါတယ် ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် က လတ်တလော မှာ အမှားအယွင်း အတော်များ နေတဲ့ ခံစစ်ကြောင်း ကို စိုးရိမ်မိသလား ဆိုတဲ့ မေးခွန်း နဲ့ ပတ်သက်ပြီး အခုလို ဖြေကြား ခဲ့ပါတယ် ။

လမ်းပတ် က ” ကျွန်တော့ အသင်း ရဲ့ ခံစစ်ကြောင်း ကို စိတ်ပူ နေလား ? အရမ်းကြီးတော့ မဟုတ်ပါဘူး ။ အမှန် တကယ်တော့ ကျွန်တော် ဟာ ဗလင်စီယာ အသင်း နဲ့ ပွဲပြီးခါနီး မိနစ် ၂၀ အတွင်း ခံစစ် ကစားပုံ ကို လုံးဝ သဘောမကျ ခဲ့မိပေမယ့် ဒါမျိုး က ဖြစ်တတ်ပါတယ် ။ ကျွန်တော် တို့ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ကိုယ်ပိုင် တမူထူးခြား တဲ့ ကစားဟန် ကို အသုံးပြုဖို့ ကြိုးစား နေပါတယ် ။ ဒါပေမယ့် ဒီ စတိုင်လ် က အရမ်း ပြင်းထန်တဲ့ ကစားပုံ လို့ ကျွန်တော် မသတ်မှတ် စေချင်ပါဘူး ။ ”

” ဒီနှစ် ဘောလုံး ရာသီ အတွင်း မှာ ကျွန်တော် တို့ကို စမ်းသပ်မယ့် ပွဲစဉ် တွေက အများကြီး ရှိနေပါတယ် ။ ဒါကြောင့်မို့ ဒီလို အခက်အခဲ နဲ့ အမှားအယွင်း များစွာ ကတော့ ဖြစ်နေဦးမှာပါပဲ ။ ကျွန်တော် ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ထိပ်သီး အသင်းကြီး တွေ ဂိုးပေးခဲ့ရတဲ့ အနေအထား တွေကို အမြဲ လေ့လာ ဖြစ်ပါတယ် ။ ဒါကြောင့်မို့ အခုလို ခံစစ် အမှား တွေ လုပ်နေတာဟာ ကျွန်တော် တို့ တသင်းတည်း ဖြစ်နေတာ မဟုတ်ပါဘူး ။ ”

” အခု လက်ရှိ ကျွန်တော် တို့ အသင်း ရဲ့ ပြည်တွင်းလိဂ် ခြေစွမ်း နဲ့ အချက်အလက် တွေကို ကြည့်မယ် ဆိုရင် ၊ ခံစစ်ပိုင်း အရ ကျွန်တော် တို့ဟာ ဖြစ်ချင်တဲ့ ပေးဂိုး အရေအတွက် ထက် များနေတာ ကို တွေ့ရပါတယ် ။ ပြိုင်ဖက် က ကျွန်တော် တို့ အသင်း ရဲ့ ပင်နယ်တီ ဧရိယာ ထဲကို ဖြတ်တင်ဘော တွေ ပြုလုပ် ပေးတဲ့ အနေအထား တွေမှာ ကျွန်တော် တို့ဖက်က ကစားပုံ အရမ်းကြီး မဆိုးခဲ့ပါဘူး ။ ”

” ခံစစ်ပိုင်း နဲ့ ပတ်သက်ပြီးတော့ ကျွန်တော် အရမ်း သတိထား စောင့်ကြည့် နေတဲ့ အပိုင်းတွေ ရှိနေပါတယ် ။ ဒါကြောင့်မို့ ပြိုင်ဖက် အသင်း တွေကို ဂိုးတွေ ခွင့်ပြု နေရတဲ့ အခါတိုင်း မှာ ကျွန်တော့ အနေနဲ့ စိုးရိမ်သင့်တဲ့ အပိုင်း ကို စိုးရိမ် နေဦးမှာပါ ။ ဒါပေမယ့် ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် တို့လို ထိပ်တန်း ပြိုင်ပွဲ တွေမှာ ကစားမှတော့ ပေးဂိုး တွေက ခွင့်ပြု နေရမှာပါ ။ ကျွန်တော် တို့ဟာ ဒီပြိုင်ပွဲ တွေမှာ တကယ်တော်တဲ့ ပြိုင်ဖက် အသင်း တွေနဲ့ ယှဉ်ပြိုင် နေရတာ ဖြစ်ပါတယ် ။ ”

” တပွဲပြီး တပွဲ ကျွန်တော် တို့ အတွက် တိုးတက်မှု တွေကတော့ ဆက်လက် လိုအပ် နေဦးမှာပါ ။ ကျွန်တော် တို့ဟာ အသင်းသား တွေနဲ့ ပွဲတပွဲ ရဲ့ ကောင်းကွက် ၊ ဆိုးကွက် တွေ အကြောင်း ပွဲအပြီး မှာ အမြဲတမ်း ပြန်လည် လေ့လာ သုံးသပ်လေ့ ရှိပါတယ် ။ ဒါပေမယ့် တကယ်တမ်း အရေးကြီးတာ က ပေးဂိုး ၊ သွင်းဂိုး တွေ မဟုတ်ပဲ ၊ ဘုတ်ပေါ် က အဆင့် ရပ်တည်မှု နဲ့ ရမှတ် တွေပါ ။ ကျွန်တော် တို့ဟာ တိုးတက်မှု တွေကို ဆက်လက် လိုလား နေကြပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR