ချယ်လ်ဆီး အသင်း ဟာ ယနေ့ည မှာ အမှတ်ပေး ဇယား အဆင့် ၁၇ နေရာ က လန်ဒန် မြို့ခံ ပြိုင်ဖက် ဝက်စ်ဟမ်း အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ် မှာ လက်ခံ ကစား ရမှာ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ International break အပြီး ကစားခဲ့တဲ့ ပွဲစဉ် ၂ပွဲ မှာ နိုင်ပွဲ ပျောက်ဆုံး နေခဲ့တာကြောင့် ၊ ယနေ့ည ပွဲမှာ နိုင်ပွဲ ပြန်ရှာဖို့ ကြိုးစား လာမှာ အသေအချာ ပဲ ဖြစ်ပါတယ် ။

ပြိုင်ဖက် ဝက်စ်ဟမ်း အသင်း ကတော့ ပြီးခဲ့တဲ့ အပတ် ကပဲ လန်ဒန် မြို့ခံ ပြိုင်ဖက် တော့တင်ဟမ် အသင်း ကို အိမ်ကွင်း မှာ ၂ – ၃ နဲ့ အရေးနိမ့်ခဲ့တာကြောင့် ၊ ကစားသမား တွေဟာ အနည်း နဲ့ အများတော့ စိတ်ဓာတ် ကျနေမှာ ဖြစ်သလို ၊ ဝက်စ်ဟမ်း မန်နေဂျာ မန်နူရယ် ပယ်လီဂရီနီ ဟာလည်း ရာထူး မတည်ငြိမ်မှု အနေအထား နဲ့ ရင်ဆိုင် နေရပါတယ် ။

မနေ့ က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ ဖရန့် လမ်းပတ် က ပရီးမီးယားလိဂ် မှာ ဘယ် အသင်း မျိုးနဲ့ပဲ ရင်ဆိုင် နေရပါစေ ၊ ခက်ခဲမှု ရှိကြောင်း နဲဲ့ လန်ဒန် ဒါဘီ ပွဲစဉ် လည်း ဖြစ်တာကြောင့် အကြိတ်အနယ် ရှိပြီး ပြိုင်ဆိုင်မှု ပြင်းထန်မယ့် ပွဲစဉ် ဖြစ်ကြောင်း အခုလို တုန့်ပြန် ပြောကြား ခဲ့ပါတယ် ။

လမ်းပတ် က ” ပရီးမီးယားလိဂ် မှာ ကျွန်တော် တို့ဟာ ရာသီ အစောပိုင်း မှာ အသင်းတိုင်း ရဲ့ အခြေအနေ ကို ခန့်မှန်း ဆုံးဖြတ်ဖို့ ခဲယဉ်းပါတယ် ။ လက်တွေ့ ကျကျ ပြောရရင် ပရီးမီးယားလိဂ် က ပွဲစဉ်တိုင်း ဟာ ခက်ခဲပါတယ် ။ ဒါကြောင့်မို့ ကျွန်တော် ကတော့ ဘယ်လို ရလဒ်မျိုးပဲ ထွက်ထွက် လုံးဝ မအံ့သြမိပါဘူး ။ ခက်ခဲတဲ့ လိဂ်တလိဂ် လည်း ဖြစ်တာကြောင့် ကျွန်တော် တို့ အနေနဲ့ ရှေ့မှာ ရင်ဆိုင်ရမယ့် အသင်းတိုင်း နဲ့ ပွဲစဉ် အကုန်လုံး ကို အာရုံစိုက် ရမှာ ဖြစ်ပါတယ် ။ ”

” အခုဆို ကျွန်တော် တို့နဲ့ မနက်ဖြန် မှာ ရင်ဆိုင်ရမယ့် ဝက်စ်ဟမ်း အသင်း ဟာ မန်နေဂျာကောင်း နဲ့ ကစားသမားကောင်း များစွာ ကို ပိုင်ဆိုင် ထားပါတယ် ။ လတ်တလော သူတို့ရဲ့ ရလဒ် နဲ့ ခြေစွမ်း တွေကို ကြည့်ပြီး ကျွန်တော် တို့ အနေနဲ့ ဝက်စ်ဟမ်း ကို သတိမထားပဲ ယှဉ်ပြိုင် ခဲ့မယ် ဆိုရင် မှားသွားပါလိမ့်မယ် ။ ဒါ့အပြင် လန်ဒန် ဒါဘီ ပွဲစဉ် တပွဲ ဖြစ်တယ် ဆိုတာ ကိုပါ ထည့်တွက်မယ် ဆိုရင် ပိုတောင်မှ အကြိတ်အနယ် ရှိလာနိုင်ပါသေးတယ် ။ ”

” ကျွန်တော် ဟာ ကစားသမား ဘဝ မှာတုန်း က ရလဒ်ဆိုး တွေနဲ့ ကြုံတွေ့ တတ်တဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ် တွေကို ကစားခဲ့ဖူးပါတယ် ။ အဲ့ဒီ ပွဲစဉ် တွေမှာ ပြိုင်ဖက် အသင်း တွေဟာ ပွဲရဲ့ သဘာဝ ကို ပြောင်းလဲနိုင်စွမ်း ရှိကြပါတယ် ။ ဒါကြောင့်မို့ ကျွန်တော် တို့ဖက်က မနက်ဖြန် ပွဲစဉ် ကို သတိထား ကစားရမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ လမ်းပတ် ဟာ ၄င်းရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ ကို ဝက်စ်ဟမ်း အသင်း မှာ စတင် ခဲ့ဖူးတာကြောင့် မန်နေဂျာ ဘဝ မှာ အခုလို ပြန်လည် ရင်ဆိုင်ရတာ မတူညီတဲ့ ခံစားချက် တခု ကို ပေးစွမ်း စေနိုင်မှာ ဖြစ်ပါတယ် ။

ဆက်လက်ပြီး လမ်းပတ် က ဝက်စ်ဟမ်း အသင်း ရဲ့ ဂိုးသမား ရော်ဘတ်တို ဂျင်မီနက်ဇ် ရဲ့ လက်စွမ်းပိုင်း အားနည်း နေခြင်း နဲ့ ပတ်သက်ပြီးလည်း ” ကျွန်တော် ကတော့ မလိုအပ်ပဲ ပြိုင်ဖက် ကစားသမား တယောက်ချင်းစီ ရဲ့ အားနည်းချက် တွေကို ရှာမကြည့်ချင်ပါဘူး ။ ကျွန်တော် တို့ဟာ အသင်းလိုက် ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် ၊ ပွဲတပွဲလုံး ကို ယေဘူယျ ပြင်ဆင် ရမှာ ဖြစ်ပါတယ် ။ ”

” ကျွန်တော် တို့ဟာ ရင်ဆိုင်ရမယ့် ဘယ် ပြိုင်ဖက် အသင်း ကို မဆို အနိုင်ရအောင် ကြိုးစား ကစား သွားမှာ ဖြစ်တာကြောင့် ၊ ပြိုင်ဖက် အသင်း ရဲ့ ကစားသမား တဦးတယောက် ကိုမှ ပစ်မှတ် ထား ကစားလာမှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR