ချယ်လ်ဆီး အသင်း ရဲ့ အသင်း ပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ခ်ျ ဟာ အင်္ဂလန် နိုင်ငံ သို့ ဝင်ရောက်ခွင့် ဗီဇာ မရရှိ သေးတာကြောင့် စတမ်းဖို့ဒ် ဘရစ်ခ်ျ က ချယ်လ်ဆီး အသင်း ရဲ့ ပွဲစဉ် တွေကို ကွင်းထဲထိ လာရောက် ကြည့်ရှု ဖို့ မလွယ်ကူ ခဲ့တဲ့ အနေအထား တွေ ရှိခဲ့ပါတယ် ။ သို့ပေမယ့် လည်း အင်္ဂလန် မှာ ကစား တဲ့ ပွဲစဉ် တွေမှ အပ ကျန်တဲ့ အဝေးကွင်း ပွဲစဉ် တွေကိုတော့ အေဘရာမိုဗစ်ခ်ျ ကြည့်ရှု လို့ ရနိုင်သေးတာ ဖြစ်ပါတယ် ။

မနေ့ ည ကတော့ ချယ်လ်ဆီး အသင်း ဟာ သြစတြီးယား ကလပ် ဆဲလ်ဇ်ဘာ့ဂ် အသင်း ကို အဝေးကွင်း မှာ ခြေစမ်းပွဲ လာရောက် ကစား ခဲ့ပါတယ် ။ ထို ပွဲစဉ် ကို အေဘရာမိုဗစ်ခ်ျ ကိုယ်တိုင် တက်ရောက် ကြည့်ရှု အားပေး ခဲ့ပါတယ် ။ ဒါဟာ နည်းပြသစ် ဖရန့် လမ်းပတ် စတင် ကိုင်တွယ် နေတဲ့ ချယ်လ်ဆီး အသင်း ရဲ့ ပွဲစဉ် ကို အေဘရာမိုဗစ်ခ်ျ တယောက် ပထမဆုံး အကြိမ် လာရောက် အားပေးခြင်း ဖြစ်ပါတယ် ။

နောက်ပိုင်းနှစ် တွေမှာ အင်္ဂလန် သို့ ဝင်ရောက်ခွင့် မရတော့တဲ့ အတွက် အေဘရာမိုဗစ်ခ်ျ ဟာ သူ့ရဲ့ ယုံကြည် စိတ်ချရတဲ့ ဒါရိုက်တာ မာရီနာ ဂရာနော့ဗ်စကီးယား ဆီသို့ အပြောင်းအရွှေ့ ကိစ္စ ၊ နည်းပြ ခန့်အပ်မှု အစရှိတဲ့ အသင်း ရဲ့ အကြောင်းအရာ ကိစ္စ မှန်သမျှ ကို လွှဲပြောင်း တာဝန် ပေးထား ခဲ့ပါတယ် ။ သို့ပေမယ့် လည်း ချယ်လ်ဆီး အသင်း အပေါ် ၄င်းရဲ့ သဘောထား စစ်မှန်တယ် ၊ ချစ်မြတ်နိုး နေဆဲ ဆိုတာ မနေ့က ပွဲစဉ် မှာ ဆက်လက် တွေ့မြင့် နေရဆဲပါပဲ ။

ထို ပွဲစဉ် မှာ အပြန်အလှန် သွင်းဂိုး တွေနဲ့ ချယ်လ်ဆီး အသင်း က ၃ – ၅ နဲ့ အနိုင် ရခဲ့ပါတယ် ။ ချယ်လ်ဆီး နည်းပြသစ် ဖရန့် လမ်းပတ် ကတော့ အေဘရာမိုဗစ်ခ်ျ အခုလို တကူးတက ချယ်လ်ဆီး အသင်း ပွဲစဉ် တပွဲ ကို ပြန်ပြီး ကြည့်ရှု လာတာ သူ့ အတွက် အရမ်း ပီတိ ဖြစ်ရကြောင်း ၊ အေဘရာမိုဗစ်ခ်ျ နဲ့ လည်း စကား ပြောခဲ့ပြီး ဖြစ်သလို ဆဲလ်ဇ်ဘာ့ဂ် နဲ့ ပွဲက အသင်း ရဲ့ ကစားပုံ အပေါ်လည်း စိတ်လှုပ်ရှား မိမယ် လို့ ထင်မိကြောင်း ဆိုပါတယ် ။

ချယ်လ်ဆီး တီဗွီ နဲ့ အင်တာဗျူး မှာ လမ်းပတ် က ” ရိုမန် ကို အခုလို ဘောလုံးကွင်း ထဲမှာ ပြန်ပြီး မြင်တွေ့ ရတာ အရမ်း ကောင်းပါတယ် ။ ကျွန်တော် ဟာ ချယ်လ်ဆီး အသင်း မှာ စတင် ကစား ခဲ့ကတည်းက သူ့ကို ကောင်းကောင်း သိထားပါတယ် ။ ကလပ် အဆင့်အတန်း တခု အရ ကျွန်တော် ဟာ မာရီနာ ( ဂရာနော့ဗ်စကီးယား ) နဲ့လည်း ရင်းနှီး တဲ့ အခြေအနေ တခု မှာ ရှိနေပါတယ် ။ ”

” ဒါပေမယ့် ရာသီကြို ခရီးစဉ် အတွင်း မှာ ကျွန်တော် ဟာ ရိုမန် ( အေဘရာမိုဗစ်ခ်ျ ) နဲ့ တကြိမ် မဟုတ် တကြိမ် တော့ တွေ့ဆုံ စကား ပြောရမယ် ဆိုတာ ကြိုတင် မှန်းဆ ခဲ့ပြီးသားပါ ။ ဒီ ညနေ ကပဲ ကျွန်တော် သူနဲ့ တွေ့ဆုံ စကား ပြောခဲ့ပြီးပါပြီ ။ နောက်ပြီး သူဟာ ဒီနေ့ည ပွဲစဉ် အပေါ် မှာလည်း အရမ်း စိတ်လှုပ်ရှား နေမယ် လို့ ထင်မိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ထို ဆဲလ်ဇ်ဘာ့ဂ် နဲ့ ခြေစမ်း ပွဲစဉ် အတွက် ချယ်လ်ဆီး အသင်း နည်းပြ လမ်းပတ် ဟာ အသင်း ပြောင်းဖို့ သတင်း တွေ ထွက်နေတဲ့ ကွင်းလယ်လူ ၂ဦး ဖြစ်တဲ့ ဒန်နီ ဒရင့်ခ်ဝါးတား နဲ့ တီမို ဘာကာယိုကို တို့ကို သြစတြီးယား သို့ ခရီးစဉ် မှာ ချန်လှပ် ထားခဲ့ပါတယ် ။ ဘာကြောင့် သူတို့ ၂ယောက် ကို ချန်လှပ် ခဲ့ရတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး လမ်းပတ် က အခုလိုပဲ ရှင်းပြ ခဲ့ပါတယ် ။

လမ်းပတ် က ” ကျွန်တော် တို့မှာ ကစားသမား အင်အား အရမ်း များနေပါတယ် ။ ခြေစမ်း ခရီးစဉ် ဆုံးခန်းတိုင် တော့မှာ ဖြစ်တဲ့ အတွက် ကျွန်တော့ အနေနဲ့ ကစားသမားတိုင်း ကိုတော့ ခေါ်လာလို့ မရတော့ပါဘူး ။ တချို့ ကစားသမား တွေဟာ ခြေစမ်း ခရီးစဉ် ကို လိုက်ပါ လာတာထက် စာရင် လန်ဒန် မှာ လေ့ကျင့် ကျန်ရစ် ခဲ့တာ က ပိုကောင်းမယ် လို့ ကျွန်တော် ယူဆ မိပါတယ် ။ ကျွန်တော် ဟာ တပွဲတည်း အတွက်ပဲ ဦးတည် စဉ်းစား နေတာ မဟုတ်ပါဘူး ။ ကျွန်တော် တို့ရဲ့ လက်ရှိ အသင်း ဟာ နည်းစနစ် စမ်းသပ်ဆဲ ကာလ အတွင်းမှာပဲ ရှိနေပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR