စပါး အသင်းဟာ သူတို့ အသင်းကို ၅နှစ်ကျော်ကြာ ကိုင်တွယ်နေ ခဲ့တဲ့ နည်းပြကြီး ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်တယ် လို့ မကြာသေးမီက ကြေငြာသွားခဲ့ပါတယ်။ချက်ချင်း ဆိုသလို ပဲ သူတို့ဟာ ပေါ်တူဂီသားကြီး မော်ရင်ဟိုကို နည်းပြသစ် အဖြစ်တပါတည်း ခန့် အပ်သွားခဲ့ပါတယ်။

ပေါ်တို အသင်းနဲ့ ကမ္ဘာကျော်လာ ခဲ့တဲ့ မော်ရင်ဟိုဟာ ချဲဆီးလ်၊ ယူနိုက်တက် အသင်းတွေနဲ့အတူပရီးမီးယား လိဂ် အတွေ့ အကြုံကောင်း တွေ ပိုင်ဆိုင်ခဲ့ဖူးတဲ့နည်းပြတဦးလည်းဖြစ်ပါတယ်။သူဟာ စပါးအသင်းမှာလည်း အဖွင့်လှပ နေခဲ့ပြီး နှစ်ပွဲဆက်တိုက် အနိုင်ရအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။

စပါး အသင်းရဲ ့ ခါးသီးမြို့ခံ ပြိုင်ဘက် အသင်းဖြစ်တဲ့ အာဆင်နယ်တို့ကလည်း ဒီရာသီမှာ နောက်ဆုံး ရ ပွဲဆက် နိုင်ပွဲပျောက်ဆုံး အပြီး နည်းပြကြီးအမ်မရီက ထုတ်ပယ်လိုက်ပါတယ်။လက်ရှိမှာနည်းပြသစ်ခန့်အပ်ခြင်း မရှိသေးပဲ ကစားသမားဟောင်းတဦးဖြစ်တဲ့ယွန်းဘတ်က ယာယီတာဝန်ယူနေပါတယ်။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ အပတ်တွေ အတွင်း ကတည်းက အမ်မရီ ကိုထုတ်ပယ်ဖို့စောင့်ကြည့်နေခဲ့တာ ဖြစ်ပြီးမော်ရင်ဟိုနဲ့ အစားထိုးသွားဖို့တောင် ကြံစည်ခဲ့ကြသေးတာဖြစ်ပါတယ်။ဒါပေမယ့် စပါး အသင်းက လက်ဦးမှု ရယူသွားနိုင် ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းနဲ့ သတင်းတွေ အတော်လေး ကျယ်ကျယ်ပြန့်ပြန်ထွက်ပေါ်ခဲ့ပေမယ့် မော်ရင်ဟိုကတော့ သူ့ရဲ့ အေးဂျင့်နဲ့ အာဆင်နယ်ဘောလုံးရေးရာ အကြီးအကဲ ဆန်ဟီလီ တို့တွေ့ဆုံ ဆွေးနွေး ခဲ့တာမျိုးမရှိခဲ့ဖူးလို့ ထုတ်ပြောလိုက်တာဖြစ်ပါတယ်။

အေးဂျင့်ဖြစ်သူနဲ့ အာဆင်နယ်အသင်းတို့ တွေ့ဆုံဖြစ်ခဲ့ကြသေးလားလို့ မေးမြန်းရာမှာ မော်ရင်ဟိုက – ” No မတွေ့ခဲ့ကြပါဘူးဗျာ။ကျွန်တော့်အနေနဲ့ ဘယ်တုန်းက မှ ကောလာဟလတွေကို မဖြေရှင်ခဲ့ဖူးလို့ ဒီသတင်းကိုလည်း မငြင်းဆန် ထားခဲ့ဖူး ဆိုတာတော့ အမှန်ပါပဲ။

ဒါပေမယ့် ကျွန်တော့် အနေနဲ့ မစ္စတာ ဆန်ဟီလီ နဲ့ တွေ့ဆုံ ဆွေးနွေး မှုမှာ ပါဝင် ခဲ့တယ် အကြောင်း အရာမျိုးကိုပါ မီဒီယာတွေထက်မှာ ဖတ်ရှုလိုက်ရပါသေးတယ်။ဒါဟာ အမှန်တကယ်တော့ မဟုတ်ပါဘူး ” လို့ပြောသွား ခဲ့တာ ဖြစ်ပါတယ်။

လတ်တလော သတင်းတွေအရ စပါး ကနေ ထုတ်ပယ်ခံထားရတဲ့ ပိုချက်တီနိုဟာ အာဆင်နယ်အသင်းနည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေတဲ့သူတွေထဲပါဝင်နေပါတယ်။မြို့ခံပြိုင်ဘက်အသင်းနဲ့ အတူ မိမိအသင်းရဲ့ အရင်နည်းပြကို ပြန်တွေ့ဆုံရဖွယ်ရှိနေတဲ့ အပေါ်မော်ရင်ဟိုက-

” ကျွန်တော့် ဘဝ မှာ ပိုချက်တီနို နဲ့ ဘယ်တုုန်းကမှ ဆန့်ကျင်ဘက် အပြိုင်မဖြစ်ထား သေးပါဘူး။ယူနိုက်တက် အသင်းနဲ့ စပါး ၊ စပါးနဲ့ ချဲဆီးလ်တို့ တွေ့ဆုံရင်ဆိုင်ထားခဲ့ဖူးတာမှန်ပေမယ့် သူနဲ့ ကျွန်တော်ကတော့ တခါမှ အပြိုင်အဆိုင် မဖြစ်ထားကြဖူးပါဘူူး။

ဒါကြောင့် လည်း သူ့အနေနဲ့ အာဆင်နယ် ကိုသွားမှာလား အခြားဘယ်ကိုသွားမှာလည်း ကျွန်တော်မသိပါဘူး။ကျွန်တော်ကတော့သူနဲ့ ဘယ်တော့မှအပြိုင်ဖြစ်မှာမဟုတ်ပါဘူး။အဲ့ဒီအသင်းနဲ့ ပဲအပြိုင်ဖြစ်မှာဖြစ်ပါတယ်။

သူအာဆင်နယ်ကို ရောက်သွားရင် ကျွန်တော်သူ့အသင်းနဲ့ ရင်ဆိုင်ချင်တာတော့ အမှန်ပါပဲ။ကျွန်တော်အာဆင်နယ် အသင်းနဲ့ တကယ်ရင်ဆိုင်ချင်ပါတယ်။ဒီပွဲက ကျွန်တော်တို့ပရိသတ်တွေအတွက်ဘယ်လောက်အထိ အဓိပ္ပါယ်ရှိတယ်ဆိုတာ လည်းသိပါတယ်။

အာဆင်နယ် အသင်းဟာ ကျွန်တော်တို့ နဲ့ တူညီတဲ့ ဦးတည်ချက် တွေတူညီပဲ အဲ့ဒီအရာတွေ အတွက်တိုက်ပွဲဝင်နေသလို ၊ ဒီဒါဘီီ ပွဲရဲ့ အဓိပ္ပါယ်ကြောင့် လုံးဝပွဲကြီးပွဲကောင်းဖြစ်ပါလိမ့်မယ်။ကျွန်တော်ကလည်းဒါကိုကြိုက်နှစ်သက်ပါတယ်” လို့ပြောခဲ့ပါတယ်။

SPORTS MYANMAR