မန်ချက် စတာ စီးတီး အသင်း မှာ ဒဏ်ရာ ကနေ သက်သာ ပျောက်ကင်း ပြီး ပွဲ ကစားနိုင် တဲ့သူ မရှိ သေးဘဲ ယခင် ပွဲတွေ က လူစာရင်း အတိုင်း သာ ဆက်လက် ကစား သွားဦး မှာ ဖြစ်တယ်လို့ နည်းပြ ဂွာဒီယိုလာ က ပြောဆို သွားခဲ့ ပါတယ် ။ မန်စီးတီး မှာ အဂွေရို ၊ ဇင်ချန်ကို ၊ လာပေါ့တ် နဲ့ ဆာနေး တို့ ဒဏ်ရာ ရရှိ နေဆဲ ဖြစ် ပါတယ် ။

ရှက်ဖီး ယူနိုက်တက် ကစား သမား မိုဆက် ဟာ တံကောက်ကြော ဒဏ်ရာ ရှိနေပြီး ပြန်လည် သက်သာစ ပြု နေ ပါပြီ လို့ နည်းပြ ၀ိုင်းဒါး က ပြောဆို သွားခဲ့ ပါတယ် ။

ချဲလ်ဆီး တိုက်စစ်မှုးလေး တမ်မီ အေဘရာဟမ် ဟာ ဗလင်စီယာ နဲ့ ကစား ခဲ့တဲ့ ချန်ပီယံ လိဂ် ပွဲက ဒဏ်ရာ ကြောင့် ၀က်စ်ဟမ်း နဲ့ ကစား ရမယ့် လန်ဒန် ဒါဘီ ကို ပါ၀င် နိုင်မှာ မဟုတ်တော့ ဘူးလို့ သိရ ပါတယ် ။ လီဗာပူး ကွင်းလယ်လူ ဖာဘင်ဟို ကတော့ ခြေကျင်းဝတ် ဒဏ်ရာ ပြင်းထန် တာကြောင့် ၈ ပတ် လောက် အထိ အနားယူ ရတော့မှာ ဖြစ်တယ် လို့ အသင်းက ထုတ်ပြန်ကြေညာ သွားခဲ့ ပါတယ် ။

လီဗာပူး နောက်ခံလူ ဂျိုရယ် မာတစ် ရဲ့ ဒူး ကိုတော့ ယနေ့ မှာ စစ်ဆေးမှု ပြုလုပ် သွားမယ် လို့ သိရပြီး ကုသမှု ဟာ တိုးတက် ကောင်းမွန် လာတယ် လို့ ကြားသိရ ပါတယ် ။

စပါး အသင်း နောက်ခံလူ ဘန်ဒေဗီး ဟာ ခြေကျင်းဝတ် ဒဏ်ရာ ကုသမှု ပထမ အဆင့် ကို ရောက် နေပြီး အဲရစ် လာမယ်လာ ကတော့ တံကောက်ကြော ဒဏ်ရာ ကုသမှု ရဲ့ နောက်ဆုံး အဆင့် ကို ရောက်နေပြီ လို့ သိရ ပါတယ် ။ ဒီ အပတ် မှာတော့ သူတို့ ၂ ယောက် စလုံး ပြန် ကစားနိုင် ဦးမှာ မဟုတ်သေး သလို ဒဏ်ရာ က သက်သာ လာတဲ့ ဂိုးသမားကြီး လိုရစ် နဲ့ အရန်ဂိုးသမား မစ်ချယ်ဗွန်း တို့ ကလည်း အချိန် ပေးရဦး မယ်လို့ သိရ ပါတယ် ။

အေဘရာဟမ် မပါ၀င် နိုင်တာ ကြောင့် မစ်ချီ ဘတ်ရှူဝါရီ ဟာ ၀က်စ်ဟမ်း နဲ့ ကစား ရမယ့် ပွဲ မှာ ချဲလ်ဆီး အသင်း ရဲ့ တိုက်စစ်မှုး အဖြစ် ပွဲထွက် လာနိုင်ချေ ရှိကြောင်း နည်းပြ လမ်းပတ် က အရိပ်အမြွက် ပြောဆို သွားခဲ့ ပါတယ် ။

ချဲလ်ဆီး နောက်ခံလူ ရူဒီဂါ ကတော့ အသင်း ရဲ့ လေ့ကျင့်ခန်း အစီအစဉ် တွေ ကို ပြန်လည် ပါ၀င် လာနိုင် ဖို့ အတွက် အပြင်း အထန် ကြိုးစား နေပါတယ်လို့ လည်း လမ်းပတ် က ပြောပြ သွားခဲ့ ပါတယ် ။

အဲဗာတန် အသင်း ကွင်းလယ်လူ မော်ဂန် ရှနိုက်ဒါလင် ၊ တောင်ပံ ကစား သမား သီယို ဝေါကော့ နဲ့ ကွင်းလယ်လူ ဖေဘီယံ ဒဲ့ဖ် တို့ ဟာ ယခု အပတ် ပွဲစဉ် ကို ပါ၀င် ဖို့ မသေချာ တဲ့ အနေ အထား တွေ မှာ ရှိကြ တယ်လို့ ကြားသိရ ပါတယ် ။

အဲဗာတန် တောင်ပံ ကစား သမား ဘားနတ် ကလည်း လေ့ကျင့်ခန်း ပြန်ဆင်း နေပေမယ့် ဒီ အပတ်ပွဲ ကို ၀င် ကစားဦးမှာမဟုတ်ဘူး လို့ သိရ ပါတယ် ။ ဒါပေမယ့် ဘရာဇီး တိုက်စစ်မှုး ရစ်ချလီဆင် ကတော့ ပြန်လည် ပါ၀င် နိုင်မယ် လို့ ကြားသိရ ပါတယ် ။

ပြီးခဲ့တဲ့ ပွဲစဉ် တုန်းက မပါ၀င် နိုင်ခဲ့ တဲ့ လက်စတာ ခံစစ်မှုး ဂျွန်နီ အီဗန် ဟာ ယခု အပတ် မှာတော့ ကြံ့ခိုင်မှု ပြည့်ဝ ပြီး ပါ၀င် ကစားပေး လိမ့်မယ် လို့ နည်းပြ ရော်ဂျာ က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

နယူး ကာဆယ် တိုက်စစ်မှုး အန်ဒီကာရိုး ကတော့ လေ့ကျင့်ရေး ကွင်းမှာ ဒဏ်ရာ ရသွားခဲ့ပြန် တယ်လို့ သိရ ပါတယ် ။

စီးတီး နည်းပြ ဂွာဒီယိုလာ က သူ့ရဲ့ လက်ထောက် နည်းပြ အာတီတာ အနေဖြင့် အာဆင်နယ် နည်းပြ ရာထူး ကို သွားရောက် ရယူ လိုပါက ရှေ့ကနေ ပိတ်ပင် တားဆီး ထားမှာ မဟုတ်ဘူး လို့ ပြောဆို သွားခဲ့ ပါတယ် ။

စပါး နည်းပြ မဖြစ် မီ အာဆင်နယ် အသင်းနဲ့ တွေ့ဆုံ ခဲံတယ် ဆိုတဲ့ သတင်းတွေ ဟာ မဟုတ်မှန် ကြောင်း မော်ရင်ဟို က ငြင်းဆို သွားခဲ့ ပါတယ် ။

အာဆင်နယ် ကို ယာယီ ကိုင်တွယ် နေတဲ့ နည်းပြ ယွန်းဘတ် ဟာ ၂၀၀၄ တုန်းက အတူ လက်တွဲ ကစားခဲ့ တဲ့ အသင်းဖော်ဟောင်း ဂီဘာတို ဆေးလ်ဗား ကို နည်းပြ အဖွဲ့ဝင် အဖြစ် ထည့်သွင်း ဖို့ ပြင်ဆင် နေတယ် လို့ ကြားသိရ ပါတယ် ။

ချဲလ်ဆီး ဟာ တောင်ပံ ကစား သမား ၀ီလ်ယံ ကို လက်လွှတ် ခဲ့ရ ပါက ပဲလေ့စ် တောင်ပံ ကစား သမား ၀ီလ် ဖရိုက် ဇာဟာ နဲ့ အစားထိုး ဖို့ စိတ်ကူး နေတယ် လို့ လည်း သတင်း ကြားသိရ ပါတယ်

SPORTS MYANMAR