တော့တင် ဟမ် ဟော့စပါး အသင်း နည်းပြ ဟိုဆေး မော်ရင်ဟို က သူ့ရဲ့ အသင်းသစ် က လူငယ် နောက်တန်း ကစား သမားလေး ရိုင်ယန် ဆစ်ဆက်ဂ်နွန် ဟာ ချဲလ်ဆီး မှာ တုန်းက ကိုင်တွယ် ခဲ့ဖူး တဲ့ တပည့် ကျော် အက်ရှ်လေကိုးလ် လို အဆင့် မျိုး ကို ရောက်လာ နိုင်ချေ ရှိတဲ့သူ ဖြစ်တယ် လို့ ညွှန်းဆို ပြောကြား သွားခဲ့ ပါတယ် ။ ဆစ်ဆက်ဂ်နွန် ဟာ မော်ရင်ဟို လက်အောက်မှာ ပွဲ မကစားရသေး ပေမယ့် အင်္ဂလန်သားလေး ရဲ့ အရည် အသွေးကို မော်ရင်ဟို က မြင်တွေ့ ထားခဲ့ ပြီး ဖြစ် ပါတယ် ။

ဒါ့ အပြင် စပါး ရဲ့ ဘယ်နောက်ခံလူ ဘန်ဒေဗီး ဒဏ်ရာ ရရှိနေ ပေမယ့် ဆစ်ဆက်ဂ်နွန် ကို အသုံးပြု ဖို့ စောလွန်း နေသေး ကြောင်း နဲ့ သူ့ရဲ့ စိတ်ကူး မှာတော့ ဆစ်ဆက်ဂ်နွန် ဟာ တောင်ပံ လူ တစ်ဦး အဖြစ် ရှိနေ တယ်လို့ လည်း ပေါ်တူဂီ နည်းပြကြီး က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“ရိုင်ယန် ဟာ တကယ် အံ့ဖွယ် ကစား သမားမျိုးပါ ။ ဖူလ်ဟမ် မှာ ကစား နေခဲ့ ကတည်း က သူ့ကို သတိပြုမိ ခဲ့ ပါတယ် ။ အခု အချိန် မှာတော့ သူ က တောင်ပံ ကစား သမား တစ်ယောက် လို ဘယ်ခြမ်း မှာရော ညာခြမ်း မှာပါ ကစား နိုင်ပြီ လို့ ထင် ပါတယ်”

“ရိုင်ယန် ဟာ အပတ် တိုင်း တိုးတက်မှု တွေ ပြသ နေပြီး ကာယပိုင်း ကလည်း ပရီးမီးယားလိဂ် နဲ့ အံဝင် ခွင်ကျ ဖြစ်လာ တော့ မှာပါ ။ သူ့ ကို နောက်ဆုံး တစ်ခေါက် မြင်ခဲ့ ရတုန်းကနဲ့ အခု စပါး ကို ရောက်လာတော့ ပြန်တွေ့ ရတာ က တော်တော် လေး ကွာခြား သွားပါပြီ” လို့ မော်ရင်ဟို က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

မော်ရင်ဟို ဟာ မန်ချက် စတာ ယူနိုက်တက် အသင်း ကို ကိုင်တွယ် နေစဉ် အချိန် ကတည်းက ရိုင်ယန် ဆစ်ဆက်ဂ်နွန် ကို ခေါ်ယူ ဖို့ စိတ်ဝင်စား ခဲ့ဖူး ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် လူကြီး တွေ ဟာ ၁၉ နှစ်သား လေး အတွက် ဖူလ်ဟမ် က တောင်းဆိုတဲ့ ပေါင် သန်း ၅၀ ကို ပေးချေဖို့ တွန့်ဆုတ် ခဲ့ တာကြောင့် စပါး အသင်း ဆီ ကို ရောက်ရှိ သွားခဲ့ ရ ပါတယ် ။

မော်ရင်ဟို ကတော့ ရိုင်ယန် ဆစ်ဆက်ဂ်နွန် ဟာ သူ တစ်ချိန် က ကိုင်တွယ် ခဲ့ ဖူးတဲ့ ဘယ် နောက်ခံလူ အက်ရှ်လေကိုး လို အဆင့် အတန်းမျိုး ကို ရောက်လာ နိုင်တဲ့ အရည် အသွေး တွေ ရှိနေတယ် လို့ လည်း ထုတ်ဖော် ပြောဆိုသွား ခဲ့ ပါတယ် ။

“ရိုင်ယန် က ဘယ် နောက်ခံလူ နေရာမှာ လည်း ကစား နိုင် ပါတယ် ။ အက်ရှ်လေ ကိုးလ် ဟာ ပြီး ခဲ့တဲ့ ဆယ်စုနှစ် အတွင်း အကောင်းဆုံး နောက်ခံ လူ တွေ ထဲ က တစ်ဦး ဖြစ် ခဲ့ ဖူး ပါတယ် ။ ရိုင်ယန် မှာ လည်း ကိုးလ် နဲ့ ဆင်တူ တာတွေ အများကြီး ရှိ ပါတယ် ။ ဒါပေမယ့် ခံစစ် ကို ဘယ်လို ကစား ရမယ် ဆိုတာ ကိုတော့ လေ့လာ ရဦး မှာပါ”

“အခု အချိန် မှာတော့ ရိုင်ယန် ဟာ ဘယ်နောက်ခံလူ နေရာ အတွက် အဆင်သင့် မဖြစ် သေး ပါဘူး” လို့ မော်ရင်ဟို က ပြောဆို သွားခဲ့ ပါတယ် ။ ဘန်ဒေဗီး ဟာ မော်ရင်ဟို ရဲ့ ပထမဆုံး စပါး နည်းပြ ပွဲစဉ် မှာ ပါ၀င် ကစား ခဲ့ပြီး ခြေကျင်းဝတ် ဒဏ်ရာ ကြောင့် လူစားလဲ ခဲ့ရ ပါတယ် ။ ဒေဗီး ဟာ ကြားရက် တုန်းက ချန်ပီယံ လိဂ် ပွဲစဉ် ကို လွဲချော် ခဲ့သလို ယခု အပတ် ကစားမယ့် ပရီးမီးယားလိဂ် မှာလည်း ပါ၀င် နိုင်ဦး မှာ မဟုတ်ပါဘူး ။

SPORTS MYANMAR