ပိုချက်တီနို၊အမ်မရီ တို့ ကို လန်ဒန် မြို့ခံ အသင်းတွေ ဖြစ်တဲ့ စပါးနဲ့ အာဆင်နယ် တို့က အခုအပတ်တွေ အတွင်းမှာဆက်တိုက်ဆိုသလိုပဲ ရာထူးကနေ ထုတ်ပယ်သွားခဲ့ပါတယ်။ဒါကြောင့်လည်း ကမ္ဘာကျော်နည်းပြကြီးမော်ရင်ဟိုက အသင်းတသင်းကို နည်းပြတယောက်က ဆယ်စုနှစ် ၂ခုလောက်ကိုင်တွယ်ခွင့်ရဖို့မဖြစ်နိုင်တော့ဘူးလို့ မှတ်ပေးလိုက်ပါတယ်။

ပိုချက်တီနိုဟာ စပါးအသင်းကို ထိပ်တန်း အဆင့် တဆင့်ကို ပို့ဆောင်ပေးထားနိုင် ခဲ့တဲ့ နည်းပြတဦးဖြစ်ပြီး ယမန်နှစ် ချန်ပီယံလိဂ်မှာ လည်း သမိုင်းတလျှောက်ပထမဆုံးအဖြစ် ဗိုလ်လုပွဲ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ဒါပေမယ့်လည်းအဲ့ဒီလိုစွမ်းဆောင်ပေးအပြီး ၆လလောက်အကြာမှာပဲ အခုလို ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။

 

အာဆင်နယ် အသင်းကလည်း သူတို့ အသင်းကို ၁၈ လတာကိုင်တွယ်ခဲ့တဲ့ နည်းပြ အမ်မရီကို ယမန်နေ့ ညနေပိုင်းက ထုတ်ပယ်သွားခဲ့ပါတယ်။အမ်မရီဟာ ဆီဗီလာ ၊ PSG အသင်းတွေကို အောင်မြင်မှုတွေရယူပေးနိုင်ခဲ့ပေမယ့် အာဆင်နယ်အသင်းကိုတော့ ချန်ပီယံလိဂ်ဝင်ခွင့်တောင် အရယူမပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဂန္တဝင် နည်းပြ ကြီး ဆာအဲလက်စ် ထွက်ခွာ သွားခဲ့တဲ့ ယူနိုက်တက် အသင်း ကလည်း အခုထိ နည်းပြကောင်းပြန်ရှာတွေ့နိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။မော်ရင်ဟို အပါအဝင် နာမည်ကြီး နည်းပြအချို့နဲ့ စခန်းသွားခဲ့ပေမယ့် ထင်သလောအလုပ်မဖြစ်ထားခဲ့သေးတာဖြစ်ပါတယ်။

မော်ရင်ဟိုကတော့ မော်ဒန်ခေတ် ဘောလုံး လောကမှာ နည်းပြတွေ အနေနဲ့ အသင်းမှာအမြဲရှိခွင့်ရဖို့ နေ့စဉ် နေ့ တိုင်းုကြိုးစားတိုက်ပွဲဝင် ဖို့ လိုတယ်လို့ ဆိုပါတယ်။သတင်းထောက်တွေနဲ့ အင်တာဗျူး တခုမှာ မော်ရင်ဟိုက –

” အသင်းတသင်း နဲ့အတူ နှစ်ပေါင်း ၂၀ လောက်ရှိနေဖို့ဆိုတာ မဖြစ်နိုင်လောတော့ပါဘူး။မော်ဒန်ခေတ်မှာ ဆိုရှယ်မီဒီယာတွေ၊ နည်းပညာအသစ်အဆန်းတွေက လွှမ်းမိုးမှုတွေ အများကြီးရှိပါတယ်။လူတွေရဲ့ စိတ်ကို အလွယ်တကူ ပင်ပန်းစေတတ်ပြီး အရင်ကနဲ့ မတူတော့ပဲ ပြောင်းလဲနေပါပြီ။ဘောလုံးဘောက မှာမှ မဟုတ်ပါဘူး။ အကုန်လုံးက ဖြစ်ပျက်ပြောင်းလဲနေတာဖြစ်ပါတယ်။အရာရာအပေါ်ရှုမြင်သိနားလည်မှုတွေကလည်းပြောင်းနေပြီး အာဆင်ဝင်းဂါက အဲ့ဒီလို နှစ်ရှည်နေခဲ့ရတဲ့ နောက်ဆုံးနည်းပြဖြစ်ပါတယ်။ဒါဟာကျွန်တော်တို့အတွက်ဆိုးပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ဒီီအနေအထားကို လိုက်လျောညီထွေ လက်သင့်ခံရမှာဖြစ်ပြီး အလုပ်နဲ့ အသင့်တော်ဆုံးလူတယောက်ဖြစ်တယ်ဆိုတာသက်သေပြရမှာဖြစ်ပါတယ်။ကျွန်တော်တို့ အနေနဲ့ အလုပ်အတွက် နေ့တိုင်းတိုက်ပွဲဝင်ရပါလိမ့်မယ်။ဒီအလုပ်မှာ ငါတို့ကတော့ အချိန်ကာလတခုအထိတော့ ရှိနေရမှာပဲဟ လို့ထင်လို့ရတဲ့ အချိန်မဟုတ်တော့ပါဘူး။အလုပ်အတွက်နေ့တိုင်းကို တိုက်ပွဲဝင်နေရပါလိမ့်မယ်။ပွဲရလဒ်တွေမှ မဟုတ်ပါဘူး အသင်းအတွက် လုပ်တာမှန်သမျှ အကုန်လုံးပဲဖြစ်ပါတယ်။

ကိုယ်လုပ်ဆောင်ထားတဲ့ အရာတွေအတွက် မီဒီယာတွေ ထက်မှာမြင်တွေ့ ကြားသိရချိန် အိပ်နေလို့မရပါဘူး။အလုပ်အတွက် ကိုယ်ကအသင့်တော်ဆုံးဆိုတာကိုနေ့တိိုင်းပြသဖို့လိုပါတယ်။ဘဝဆိုတာဒါပဲ လို့လည်းကျွန်တော်ယူဆပါတယ်။ဒါပေမယ့်ကျွန်တော်ကတော့ အလုပ်အသစ်မှာ ဘယ်လောက်ပဲကြာမယ်ဆိုပြီး ကြိုပြီးမတွေးတတ်ပါဘူး။အဲ့ဒီလုပ်အတွက် သင့်တော်တဲ့သူဖြစ်တယ်ဆိုတာကိုပဲ နေ့တိုင်းကြိုးစားပြီးပြသပါတယ် ” လို့ပြောခဲ့ပါတယ်။