အီတလီ စီးရီးအေ ကလပ် ယူဗင်တပ် ရဲ့ ၀ါရင့် နောက်ခံ ကစား သမားကြီး လီယိုနာဒို ဘိုနူချီ က လာမယ့် ချန်ပီယံ လိဂ် ၁၆ သင်း အဆင့် မှာ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ် ဟော့စပါး အသင်း ကို ရှောင်လွှဲ လိုပါတယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။ အကြောင်း အရင်း ကတော့ စပါး နည်းပြ မော်ရင်ဟို ကြောင့် ဖြစ်ပြီး လက်ရှိ အချိန် မှာ စပါး ဟာ ပိုကောင်းတဲ့ အသင်း ဖြစ်နေပါပြီ လို့ ဆိုသွား ခဲ့ ပါတယ် ။

ယူဗင်တပ် အသင်း ဟာ ချန်ပီယံ လိဂ် အုပ်စု ပွဲစဉ် ( ၅ ) မှာ အသက်လက်တီကို မက်ဒရစ် ကို ၁ – ၀ နဲ့ အနိုင် ကစား ခဲ့ ပါတယ် ။ ဒါကြောင့် အီတလီ ချန်ပီယံ ဟာ ၄ ပွဲ နိုင် ၁ ပွဲ သရေ ရလဒ် နဲ့ နောက်ဆုံး ပွဲစဉ် မကစား ခင် မှာ ဘဲ အုပ်စု ပထမ နေရာ ကို သေချာ သွားခဲ့ ပါတယ် ။

စပါး အသင်း ဟာ လည်း အုပ်စု ဘီ မှာ ဘိုင်ယန် မြုးနစ် အသင်း ရဲ့ နောက် ဒုတိယ နေရာ ကနေ ၁၆ သင်း အဆင့် ကို တက်ရောက် ဖို့ သေချာ သွားခဲ့ ပြီ ဖြစ်ကာ အခြား အင်္ဂလန် ကလပ်တွေ ဖြစ်တဲ့ ချဲလ်ဆီး နဲ့ လီဗာပူး တို့ ဟာလည်း အုပ်စု ဒုတိယ ဖြစ်လာ နိုင် တဲ့ အလားအလာ တွေ ရှိ နေခဲ့ ပါတယ် ။

ဘိုနူချီ ကတော့ အင်္ဂလိပ် ကလပ် တွေ ထဲ က ရှောင်ချင် တဲ့ အသင်း ကို ရွေးရမယ် ဆိုရင် တော့ မော်ရင်ဟို ကိုင်တွယ် နေတဲ့ တော့တင်ဟမ် ဟော့စပါး ကို ရွေးချယ် ပါတယ် လို့ Sport Mediaset နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျုး မှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“ရှုံးထွက် အဆင့် မှာ ရှောင် ချင်တဲ့ အသင်း ကို ရွေးရမယ် ဆိုရင် တော့ စပါး ကိုပဲ ရွေးချယ် ပါတယ် ။ မော်ရင်ဟို ရောက်လာတာ ဟာ သူတို့ အတွက် ခွန်အား သစ် တိုးလာ သလို ပါပဲ ။ အခု စပါး ဟာ အရင် တုန်းက နဲ့ သိသိ သာသာ ပြောင်းလဲ နေပါပြီ”

“ရှုံးထွက် ပွဲတွေ စတဲ့ အချိန် ဆိုရင် ဇန်နဝါရီ အပြောင်း အရွှေ့ လည်း ပြီးသွား ပါပီ ။ စပါး ဟာ ပို တောင့်တင်း တဲ့ အသင်း ဖြစ်လာ မှာပါ ။ မော်ရင်ဟို ကလည်း နည်းဗျုဟာ ကြွယ်ဝ တဲ့ နည်းပြ တစ်ယောက် ပါပဲ ။ ဒါကြောင့် သူတို့ အသင်း နဲ့ ရင်ဆိုင် ရတာ ဟာ ပိုပြီး ခက်ခဲ မယ် လို့ ထင် ပါတယ်” လို့ ဘိုနူချီ က ပြောဆို သွားခဲ့ ပါတယ်

ယူဗင်တပ် ဟာ ဒီရာသီ စီးရီးအေ မှာ လည်း အဆင့် ၁ နေရာ ကနေ ဦးဆောင် နေခဲ့ ပါတယ် ။ ဒါပေမယ့် နည်းပြ ကွန်တီ ရဲ့ အင်တာ မီလန် အသင်း က နောက်ကနေ ထပ်ချပ် မကွာ ဖိအား ပေး နေခဲ့တာ ကြောင့် အမှားခံ လို့ မရတဲ့ အနေ အထား နဲ့ ရှေ့ဆက် နေရ တာပဲ ဖြစ် ပါတယ် ။

“ချန်ပီယံ လိဂ် မှာ အုပ်စု က တက်ရေး အတွက် သေချာ ပြင်ဆင် ခဲ့ကြ ပါတယ် ။ အခု ရည်မှန်းချက် ပြည့် မြောက် သွားပါပြီ ။ ဒါကြောင့် စီးရီးအေ ဘက်ကို ပြန်လှည့် ရမှာပါ” လို့ ဘိုနူချီ က ဆိုသွားခဲ့ ပါတယ် ။

ဒါ့အပြင် ပြီးခဲ့တဲ့ ပွဲတွေ မှာ ပုံစံ ကောင်း မရခဲ့တဲ့ တိုက်စစ်မှုး ရိုနယ်ဒို ဟာ နည်းပြ ဆာရီ နဲ့ ဘာပြဿနာ မှ မရှိ ဘဲ အားလုံး ပုံမှန် အတိုင်း လည်ပတ် နေပါတယ် လို့ အီတလီ ခံစစ်မှုးကြီး ဘိုနူချီ က ပြောပြသွား ခဲ့ ပါတယ် ။

SPORTS MYANMAR