ဂန်းနား ကစားသမားဟောင်း နစ်ဂယ် ဝှစ်တာဘန်း က အာဆင်နယ် အသင်း လူငယ် နောက်ခံ ဟိုးလ်ဒင်း ဟာ တိုနီအဒမ် ရဲ့ ခြေရာကို ဆက်ခံ နိုင်မယ့် ကစားသမား တစ်ဦး ဖြစ်ကြောင်း ပြောကြား လိုက်ပြီး အမ်မရီ အနေနဲ့ သူ့ကို အသင်း ခေါင်းဆောင် အဖြစ် ခန့်အပ် သင့်ကြောင်း ဆိုပါတယ် ။

အာဆင်နယ် အသင်း နည်းပြ အမ်မရီ က ယခုလက်ရှိ အသင်းခေါင်းဆောင် ကော့စီရယ်နီ ဟာ အသင်းကနေ ထွက်ခွာဖွယ် ရှိနေကြောင်း အတည်ပြု ပြောကြားထားပြီး အသင်းခေါင်းဆောင် အဖြစ် ရှာကာ ၊ အိုဇေးလ် ၊ မွန်ရီရဲလ် တို့အပြင် အင်္ဂလိပ် ကစားသမား တစ်ဦးကိုလည်း ခန့်အပ်သွားမယ်လို့ ဆိုထားပါတယ် ။

နည်းပြ အူနိုင်း အမ်မရီ ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အသင်းခေါင်းဆောင်အဖြစ် ကော့စီရယ်နီ ၊ ပီတာဆက်ခ်ျ ၊ ရမ်ဆေး ၊ အိုဇေးလ် ၊ ရှာကာ တို့ကို ခန့်အပ် ခဲ့ပါတယ် ။ ပီတာဆက်ခ်ျ က ကစားသမားဘဝက အနားယူ သွားခဲ့ပြီ ဖြစ်သလို ရမ်ဆေးဟာလည်း ဂျူဗင်တပ်စ် အသင်းထံ ပြောင်းရွှေ့ သွားခဲ့ပါပြီ ။

အာဆင်နယ် အသင်း နည်းပြ အမ်မရီ ကတော့ လာမယ့် ရာသီသစ်မှာ အသင်း ခေါင်းဆောင် ငါးဦးထဲမှာ တစ်ဦးကို အင်္ဂလိပ် စိတ်ဓတ် ရှိပြီး အင်္ဂလန် ဘောလုံးလောက ရဲ့ အထာကို ကောင်းကောင်းသိတဲ့ လူငယ်ကစားသမားတစ်ဦးကို အသင်းခေါင်းဆောင် တာဝန် ပေးအပ် သွားမယ်လို့ ဆိုပါတယ် ။

ဂန်းနား ဂန္တဝင် ကစားသမား နီဂယ်လ် ဝှစ်တာဘန်း ကတော့ နည်းပြ အမ်မရီ အနေနဲ့ ဟိုလ်းဒင်း ကို အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်သင့်ကြောင်း တိုက်တွန်း အကြံ ပေးသွားခဲ့ပါတယ် ။ ” အမ်မရီ က အသင်းခေါင်းဆောင် ငါးဦးလောက် အထိ ခန့်ချင်နေတာပါ ။ ဒါပေမယ့် ကျနော် အမြဲ ပြောနေကျ စကားပဲ ပြန်ပြောရမယ်ဆိုရင် ကစားသမားတိုင်းက ကွင်းထဲဝင်သွားတာနဲ့ အသင်းခေါင်းဆောင် ဖြစ်သွားတာပါပဲ ။ ”

” ကစားသမား အားလုံးက အသင်းခေါင်းဆောင် လိုပဲ တာဝန်ယူ ကစားရတာပါ ။ ကစားသမား တစ်ယောက် က ကွင်းထဲမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးနေပြီး ဖိအား များနေရင် အသင်း တစ်သင်းလုံးကို အင်အား ယုတ်လျော့ သွားစေပါတယ် ။ ဒါကြောင့် ပွဲထဲမှာ ဆိုရင် ကိုယ့်ကိုယ်ကို အသင်းခေါင်းဆောင်လို သဘောထားပြီး ကစားရမှာပါပဲ ။ ”

” ဒါကြောင့် ဟိုးလ်ဒင်း လို လူငယ် ကစားသမား တစ်ဦးကို အသင်း ခေါင်းဆောင် တာဝန်ပေးတာက ဖိအားသိပ်မများဘူးလို့ မြင်ပါတယ် ။ တိုနီအဒမ် လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အသင်းခေါင်းဆောင် လုပ်ခဲ့တာပါပဲ ။ ကျွန်တော် အသင်းခေါင်းဆောင် တာဝန်ယူတဲ့ အချိန်မှာလည်း ထွေထွေထူးထူး ဘာမှ သိပ်မလုပ်ရပါဘူး ။ ”

” လူငယ် ကစားသမား တစ်ယောက် အတွက် အရေးကြီးဆုံး အရာ တစ်ခုကတော့ စီနီယာ ကစားသမားတွေရဲ့ လေးစားမှု ကို ရရှိထားဖို့ပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ ဟိုးလ် ဒင်း ဟာ ၂၀၁၆ ခု နှစ် နွေ ရာ သီ အ ပြောင်း အ ရွှေ့ တုန်း က ဘောလ်တန် အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်း ရွှေ့ ကြေး ပေါင် ၂ သန်း ဝန်း ကျင် နဲ့ ရောက် ရှိ လာ တာ လည်း ဖြစ် ပါ တယ် ။ ဟိုးလ် ဒင်း ဟာ ၂၀၁၈ ခု နှစ် တုန်း က မှ အာ ဆင် နယ် အ သင်း နဲ့ ငါး နှစ် စာ ချုပ် သက် တမ်း တိုး ထား သူ ပါ ။

SPORTS MYANMAR