ဥရောပ ဘောလုံး လောက က နာမည်ကြီး ထိပ်တန်း တိုက်စစ်မှူး တချို့ ဟာ အသက်အရွယ် ရလာသလို ၊ ၄င်းတို့ရဲ့ နေရာ ကို အစားထိုးဖို့ အတွက် လူငယ် ခြေတက် တိုက်စစ်မှူး တချို့ လည်း ဥရောပ ဘောလုံး လောက အလယ်မှာ ထွန်းတောက် လာခဲ့ ကြပါတယ် ။ အဲ့ဒီ ထဲမှာ နာမည်ကြီး ကလပ် တချို့ မှာ ကစား နေကြတဲ့ ကစားသမား တွေလည်း ပါဝင် နေပါတယ် ။

ဘာစီလိုနာ အသင်း ရဲ့ ဝါရင့် တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ် ကတော့ ၄င်း သဘောကျ တဲ့ လူငယ် တိုက်စစ်မှူး တွေဟာ ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ၊ အင်တာ မီလန် တိုက်စစ်မှူး လော်တရို မာတီနက်ဇ် နဲ့ ဗလင်စီယာ တိုက်စစ်မှူး မက်စီ ဂိုမက်ဇ် တို့ ဖြစ်ကြောင်း One Football နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာ ဖြေကြား ခဲ့ပါတယ် ။

ဆွာရက်ဇ် က ” အမှန်တကယ် ပြောရရင် လက်ရှိ ဘောလုံး လောက မှာ အလားအလာ ကောင်းတဲ့ လူငယ် ကစားသမားကောင်း တွေ အများကြီး ရှိနေပါတယ် ။ ဒါပေမယ့် ကျွန်တော် ကတော့ တိုက်စစ်မှူး နေရာ မှာ ကစားတာ ဖြစ်တာကြောင့် ၊ ဒီနေရာ က လူငယ် ကစားသမား တွေကိုပဲ စောင့်ကြည့် ဖြစ်ပါတယ် ။ သူတို့ တွေ အသက် ငယ်သည် ဖြစ်စေ ၊ အသက် ကြီးသည် ဖြစ်စေ ၊ ကျွန်တော် သူတို့ ကစားတာ ကို ကြည့်ရတာ နှစ်သက်ပါတယ် ။ ”

” ပထမ တယောက် က ချယ်လ်ဆီး အသင်း ရဲ့ နံပါတ် ၉ ၊ တမ်မီ အေဘရာဟမ် ဖြစ်ပါတယ် ။ ကျွန်တော့ အမြင် မှာတော့ သူဟာ ခြေစွမ်း အရမ်းကောင်းတဲ့ တိုက်စစ်မှူး ပါ ။ အဆုံးသတ်ပိုင်း ကောင်းသလို ၊ တိုက်စစ်ပိုင်း ရွေ့လျားမှု ပုံစံ ကလည်း အရမ်း ကောင်းပါတယ် ။ သူဟာ ငယ်ရွယ် သေးပေမယ့် ကျွန်တော် စောင့်ကြည့် ဖြစ်တဲ့ တိုက်စစ်မှူး တဦးပါ ။ ”

” နောက်ထပ် ကျွန်တော် သဘောကျ တဲ့ လူငယ် တိုက်စစ်မှူး တယောက် ကတော့ မက်စီ ဂိုမက်ဇ် ပါ ။ သူဟာ ဥရုဂွေးသား တယောက် ဖြစ်တာက လွဲရင် ၊ သူ့ကို ထိပ်တန်း ကလပ် အတော် များများ က သတိထား စောင့်ကြည့် နေရတဲ့ ခြေစွမ်း နဲ့ အရည်အချင်းမျိုး ကို ပိုင်ဆိုင် ထားသူပါ ။ နောက်ပြီး လော်တရို မာတီနက်ဇ် တို့လို တိုက်စစ်ပိုင်း စွမ်းဆောင်ရည် ပြည့်ဝ တဲ့ အခြား တိုက်စစ်မှူး တွေလည်း ရှိပါသေးတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

လက်ရှိ မှာ ဘာစီလိုနာ အသင်း ဟာ အထောင် တိုက်စစ်မှူး နေရာ မှာ အားထား ရတာ ဆိုလို့ လူးဝစ် ဆွာရက်ဇ် တဦးတည်း သာ ရှိနေတာကြောင့် ၊ လာမယ့် ဘောလုံး ရာသီ အပြောင်းအရွှေ့ မှာ နောက်ထပ် အလားအလာ ကောင်းတဲ့ လူငယ် ကြယ်ပွင့် တိုက်စစ်မှူး တွေကို ခေါ်ယူဖို့ ချိန်ရွယ် လာမှာ သေချာ နေပါတယ် ။

တဖက် မှာ ဆွာရက်ဇ် ဟာ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး သေသေချာချာ မဆုံးဖြတ် ရသေးပေမယ့် ၊ ဘာစီလိုနာ က ထွက်ခွာ ဖြစ်ခဲ့ရင် ၊ ကာတာလိဂ် မှာ ကစားဖို့ စိတ်ဝင်စားတယ် လို့တော့ ဖွင့်ဟ လာခဲ့ပါတယ် ။

ဆွာရက်ဇ် က ” ခင်ဗျား အခု အချိန် ကျွန်တော့ ကို မေးရင် ၊ ကျွန်တော် ကတော့ ကာတာလိဂ် မှာ ကစားချင်တယ် လို့ ဖြေမှာပါ ။ ဖြစ်လာဖို့လည်း ရှိနိုင်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ဟာ ရည်မှန်းချက် ကြီးမားတဲ့ ကစားသမား မို့လို့ပါ ။ ဒါပေမယ့် ကျွန်တော့ ရဲ့ ဆန္ဒ တခု က ကာတာလိဂ် မှာ ကစားချင်ပေမယ့် လာမယ့် ၂နှစ် ၊ ၃နှစ် အတွင်း မှာ ဘာတွေ ဆက်ဖြစ်လာမယ် ဆိုတာ ခင်ဗျား တို့ မသိနိုင်ကြပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR