* အာဆင်နယ် အသင်း ယာယီ နည်းပြ ဖရက်ဒီ ယွန်းဘတ် က သူ့ရဲ့ နည်းပြ အဖွဲ့ဝင် အဖြစ် အသင်းဖော်ဟောင်း ဂီလ်ဘာတို ဆေးလ်ဗား ကို ခန့်အပ်ဖို့ ကြိုးစား နေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။ ဂီလ်ဘာတို ဆေးလ်ဗား ဟာ အခု လက်ရှိ အချိန်မှာ လန်ဒန်မှာ နေထိုင်နေတယ်လို့လည်း သိရပါတယ် ။

* အာဆင်နယ် အသင်း ယာယီ နည်းပြ ယွန်းဘတ် ဟာ ယူအီးအက်ဖ်အေ ရဲ့အေလိုင်စင် ကိုသာ ရရှိထားပြီး ပရိုလိုင်စင် မရရှိသေးတာကြောင့် အမြဲတမ်း နည်းပြ အဖြစ် တာဝန်ယူ လုပ်ကိုင်လို့ မရသေးကြောင်း သိရပါတယ် ။

* နောဝှစ်ချ် အသင်း နဲ့ ပွဲမတိုင်မှီ အာဆင်နယ် အသင်း ဆေးအဖွဲ့ ရဲ့ ထုတ်ပြန်ချက် အရ နောက်ခံလူ ဒေးဗစ်လူးဝဇ် ၊ ဘယ်လာရင် ၊ မူစတာဖီ တို့ဟာ တနင်္ဂနွေနေ့မှာ ကစားမယ့် ပွဲမှာ ပါဝင် ကစားနိုင်မလားဆိုတာ စမ်းသပ် စစ်ဆေးရဦးမှာ ဖြစ်ပြီး ကိုလာစီနက် ကတော့ ကြံ့ခိုင်မှု ပြည့်ဝ နေပြီလို့ သိရပါတယ် ။

* အာဆင်နယ် အသင်းဟာ နည်းပြ အူနိုင်း အမ်မရီ နေရာမှာ အစားထိုးဖို့ စပါးနည်းပြဟောင်း ပိုချက်တီနို ၊ လက်စတာ နည်းပြ ဘရန်ဒန်ရော်ဂျာ ၊ မန်စီးတီး လက်ထောက်နည်းပြ အာတီတာ ၊ ဝုလ်ဗ် နည်းပြ နူနို ဆန်တိုစ့် ၊ ဂျူဗင်တပ်စ် နည်းပြဟောင်း အယ်လီဂရီနီ တို့ကို ပစ်မှတ်ထားနေတယ်လို့ သတင်းတွေမှာ ဖော်ပြ နေကြပါတယ် ။

*အာဆင်နယ် အသင်းရဲ့ ကွင်းလယ်လူဟောင်း ၊ လက်ရှိ ဝက်စ်ဟမ်း ကွင်းလယ်လူ ဂျက် ဝီလ်ရှိုင်းယား ကတော့ နည်းပြ လောက အတွင်း ကို ဝင်ရောက် နိုင်ဖို့ အတွက် စတင် လေ့လာမှု ပြုလုပ် နေပြီ လို့ ပြောဆို သွားခဲ့ ပါတယ် ။

* အာဆင်နယ် အသင်း ကစားသမားတွေ ဖြစ်တဲ့ ဒေးဗစ်လူးဝဇ် ၊ ဆာကာ ၊ ဂွမ်ဒူဇီ ၊ စီဘယ်လောစ့် ၊ လာကာဇက် ၊ အူဘာမီယန်း ၊ ဆာကာ ၊ ဆိုကရက်တစ် ၊ ဘယ်လာရင် ၊ တီယာနေး ၊ ချိန်ဘာ တို့က သူတို့ရဲ့ ဆိုရှယ် မီဒီယာ အကောင့်တွေကနေတစ်ဆင့် ထုတ်ပယ်ခံလိုက်ရတဲ့နည်းပြကြီး အမ်မရီ အတွက် ကျေးဇူးတင် နှုတ်ဆက်စာ အသီးသီး ရေးသားခဲ့ကြပါတယ် ။

* အာဆင်နယ် အသင်း နောက်ခံလူဟောင်း မာတင်ကီယွန် က ယာယီ နည်းပြသစ် ဖြစ်လာတဲ့ ယွန်းဘတ် အနေနဲ့ နောဝှစ်ချ် အသင်း နဲ့ ပွဲမှာ ရလဒ်ကောင်း ရယူချင်ရင် နောက်ခံလူ ဒေးဗစ်လူးဝဇ် ကို ပွဲထွက် လူစာရင်းကနေ ချန်လှပ်သင့်ကြောင်း အကြံဉာဏ် ပေးလိုက်ပါတယ် ။

* ဘရာဇီး အသင်း နောက်ခံလူဟောင်း အန်ဒရီ ဆန်တိုစ့် က သူ အာဆင်နယ် အသင်းမှာ ကစားစဉ်တုန်းက အသင်းဖော်တွေဟာ ရှုံးပွဲကြုံတွေ့ ခဲ့ရတာတောင် ဘက်စ်ကားပေါ်မှာ ရယ်မော နေကြကြောင်း နဲ့ အနိုင်ရလိုစိတ် ၊ ဖလား အောင်မြင်မှု ဆာလောင်စိတ် မရှိကြကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

* အာဆင်နယ် အသင်း ယာယီ နည်းပြ ယွန်းဘတ် ဟာ သူ့ရဲ့ ပထမဆုံး လေ့ကျင့်ခန်း အစီအစဉ်မှာ လူငယ် တိုက်စစ်မှူး တိုင်ရီ ဂျွန်ဂျူးစ် ကို အသင်းကြီးနဲ့ အတူ လေ့ကျင့်ခန်း ဆင်းစေခဲ့ပါတယ် ။ ဂျွန်ဂျူးစ် ဟာ ဒီရာသီမှာ အာဆင်နယ် ယူ-၂၃ အသင်းအတွက် ၁၀ ပွဲကစား ၊ ၅ ဂိုးသွင်း ၊ နှစ်ဂိုး ဖန်တီး ပေးထားပါတယ် ။

* ဂန်းနားတို့ရဲ့ ဂန္တဝင် ဂိုးသမား ဒေးဗစ်ဆီမန်း က အာဆင်နယ် အသင်း နည်းပြ ထိုင်ခုံမှာ ဂန်းနား အသင်းခေါင်းဆောင်ဟောင်း ဗီအဲရာ ကို မြင်တွေ့ချင်ကြောင်း ပြောကြား လိုက်ပါတယ် ။ ဗီအဲရာဟာ လက်ရှိ အချိန်မှာ နိုက်စ် အသင်းနည်းပြ အဖြစ် တာဝန်ယူ ကိုင်တွယ်နေပါတယ် ။

SPORTS MYANMAR