မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား လေး ဒန်နီယယ် ဂျိမ်းစ် က အသင်းဖော် မားကပ်စ် ရပ်ရှ်ဖို့ ကို ကြီးကျယ် ခမ်းနား တဲ့ တိုက်စစ် ကစားသမား လို့ သမုတ် လိုက်ပြီး ကွင်းထဲ မှာ သူနဲ့ နားလည်မှု တွေ အခု ထက် ပိုမို တိုးတက် ကောင်းမွန် လာဖို့ ၊ ဂိုးတွေ ပိုမို သွင်းယူ ၊ ဖန်တီး နိုင်ဖို့ အတွက် ရည်ရွယ် ထားကြောင်း ဖွင့်ဟ ပြောကြား လိုက် ပါတယ် ။

အခုတော့ သူတို့ တွေဟာ အသင်း ရဲ့ လေ့ကျင့်ရေး ကွင်းမှာ နားလည်မှု တွေ ပိုမို တိုးတက် ကောင်းမွန် လာဖို့ ၊ တစ်ဦး ရဲ့ လှုပ်ရှားမှု ကို အခြား တစ်ဦး ပိုမို သိရှိ နားလည် ဖို့ အတွက် လေ့လာ သင်ယူ နေကြ ကြောင်း ဒန်နီယယ် ဂျိမ်းစ် က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” မားကပ်စ် ဟာ အတူ တွဲ ကစား ဖို့ အတွက် တစ်ကယ့် ကို ကောင်းမွန် လှတဲ့ ၊ ခမ်းနား တဲ့ ကစားသမား တစ်ဦး ပါပဲ ။ သူ့ရဲ့ အရည်အသွေး တွေက တစ်ကယ့် ကို အံ့ချီးဖွယ် ဖြစ်ပြီး တစ်ပွဲ ထက် တစ်ပွဲ သူဟာ ပိုပို ကောင်းမွန် လာ ပါတယ် ”

” ကျွန်တော် တို့ အခု လေ့ကျင့်ရေး ကွင်းထဲ လေ့လာ နေ ကြတာ ကတော့ တစ်ယောက် ရဲ့ လှုပ်ရှား မုှကို အခြား တစ်ယောက် မှ ပိုမို သိရှိ နားလည် လာရေး ပါပဲ ။ ကျွန်တော် တောင်ပံ တွေမှာ ကစား တဲ့ အခါ နဲ့ တိုက်စစ် ပိုင်း ကစား တဲ့ အခါ တွေမှာ သူ့ကို အလွယ်တကူ ရှာဖွေ နိုင်ဖို့ ၊ ဂိုးတွေ သွင်းယူ စေနိုင်ဖို့ အတွက် ကြိုးစား ပါတယ် ”

” ကျွန်တော် တို့ဟာ အဲ့ဒီ အကြောင်း တွေကို နေ့စဉ် ပြောဆို ဆွေးနွေး နေတက် ကြပြီး လေ့ကျင့်ရေး ကွင်းမှာ နဲ့ ပွဲစဉ် တွေမှာ တစ်စ ထက် တစ်စ ပိုမို တိုးတက် ကောင်းမွန် လာဖို့ အတွက် ပဲ ကြိုးစား နေခဲ့ ကြ ပါတယ် ” လို့ ဂျိမ်းစ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် လီဗာပူး ၊ နောဝှစ်ချ် နဲ့ ရှက်ဖီး ယူနိုက်တက် ပွဲစဉ် တွေမှှာ အသင်း ဖော် ရပ်ရှ်ဖို့ အတွက် ဂိုးတွေ ဖန်တီး ပေးနိုင် ခဲ့တဲ့ အကြောင်း အမေး ခံလိုက် ရတဲဲ့ အချိန် မှာတော့ …

” အဲ့ဒီလို အခြေအနေ တွေ ၊ အနေ အထား တွေ ၊ အချိန် တွေမှာ ဆိုရင် ကျွန်တော် တို့ဟာ ပိုပြီး ကောင်းမွန် လာတက် ကြတယ် လို့ ခံစား ရ ပါတယ် ။ ဘာဖြစ် လို့လဲ ဆိုတော့ လေ့ကျင့်ရေး ကွင်းမှာ ကျွန်တော် တို့ အဲ့တာ ကို လေ့ကျင့် ထားခဲ့ ကြတယ်လေ ။ လေ့ကျင့်ရေး ကွင်းမှာ ဆို ကျွန်တော် တို့ အဲ့ဒီ အကွက် ကိုမကြာခန လေ့ကျင့် ဖြစ်ကြ ပါတယ် ”

” အဲ့တာ တွေက မတူညီ တဲ့ ပုံစံ တစ်ခု ကို ဘောလုံး ပိုင်ဆိုင် ရခြင်း ပါပဲ ။ ကျွန်တော် တို့ဟာ မတူညီ တဲ့ နေရာ ကို သွားရောက် နေရာယူ ကစားရ ပါတယ် ။ ဒါပေမယ့် ပြီးခဲ့တဲ့ တစ်ပါတ် က ကျွန်တော် ဟာ မှန်ကန် တဲ့ ပုံစံ နဲ့ ဘောလုံး တွေကို လက်ခံ ရရှိ ခဲ့ ပါတယ် ”

” ကျွန်တော် ဟာ သူ့ကို ကျွန်တော့်ရဲ့ မျက်လုံး ထောင့်စွန်း နားမှာ ရုတ်တရက် မြင်တွေ့ ခဲ့ရ ပါတယ် ။ အဲ့ဒီ အချိန် ကျွန်တော့် တွေးမိ လိုက်တာ က ကျွန်တော် သာ ကန်ရင် မဂိုး နိုင် လောက်ဘူး ဆိုတဲ့ အကြောင်း ပါပဲ ။ ကျွန်တော် အခုလည်း အဲ့ဒီလို အခွင့်အရေး တွေကို ရရှိ နိုင်ဖို့ ၊ အဲ့ဒီလို ဂိုးတွေ ပိုမို ဖန်တီး နိုင်ဖို့ အတွက် လေ့လာ သင်ယူ နေ ပါတယ် ” လို့ ဂျိမ်းစ် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar