မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က သူဟာ လူငယ် ကစားသမားလေး တာဟစ် ချောင်ကို အသင်း မှာပဲ ဆက်လက် ရှိနေ စေ လိုကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ ပေမယ့် အနာဂတ် အကြောင်း ဆုံးဖြတ်ရေး ဆိုတာ ကစားသမား အပေါ် ပဲ မူတည် ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အသက် 19 နှစ်သာ ရှိနေ သေးတဲ့ နယ်သာလန် သားလေး ဟာ ယူနိုက်တက် အသင်း နဲ့ အတူ ဒီနွေ မှာ အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံး သွားဖို့ ရှိနေပြီး အသင်း ဖက်မှ စာချုပ် သစ် တစ်ရပ် ကမ်းလှမ်း ခဲ့ ပေမယ့် အခု ထက်ထိ တော့ သဘော တူညီမှု တစ်ရပ် မရ ယူနိုင် ခဲ့သေး ပါဘူး ။

မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် နှစ်လ အထိ ပါဝင် ကစား ပေး နိုင်ခြင်း မရှိ ခဲ့တဲ့ တာဟစ် ချောင်ဟာ ယူနိုက်တက် တို့ ပြီးခဲ့တဲ့ တစ်ပါတ် က အက်စတာနာ အသင်း ကို ရှုံးနိမ့် ခဲ့တဲ့ ယူရို ပါလိဂ် ပွဲစဉ် မှာ ပါဝင် ခွင့် ရရှိ ခဲ့ပြီး ဂိုး အပိုင် ရရှိ သင့်တဲ့ အခွင့်အရေး ကို လွဲချော် ခဲ့ပါ သေးတယ် ။

အဆိုပါ ပွဲစဉ် ပြီးဆုံး သွားတဲ့ အခါ မှာတော့ ဆိုးလ်ရှား က လူငယ် တိုက်စစ် ကစားသမား တစ်ဦး အနေ နဲ့ ဒါမျိုုး အမှား ဟာ ဖြစ်ပေါ် တက်လေ့ ရှိကြောင်း ၊ သူ ကိုယ်တိုင် လည်း အဲ့ဒီလို အမှားမျိုး ဖြစ်ခဲ့ ဖူးကြောင်း ပြောကြား ခဲ့သေး သလို ချောင်ကို စာချုပ် သစ် ချုပ်ဆို စေပြီး အသင်း မှာပဲ ဆက်လက် ရှိနေ စေလို ကြောင်း ပြောကြား ခဲ့ပါ တယ် ။

 

” ကျွန်တော် တို့မှ စာချုပ် သစ် ချုပ်ဆို လို ကြတဲ့ ကစားသမား တွေ ရှိနေ ကြ ပါတယ် ။ လက်ရှိ အချိန် မှာတော့ တာဟစ် ဟာ အနာဂတ် မှာ ပိုမို တိုးတက် ကောင်းမွန် လာနိုင် မယ့် ကစား သမား တစ်ဦး ဖြစ်လာ လိမ့်မယ် လို့ ကျွန်တော် တို့ တွေးတော နေကြ ပါတယ် ”

” ဒါ့ကြောင့် ကျွန်တော် တို့ ဖက်က သူ့ အတွက် တစ်ကယ့် ကို ကောင်းမွန် လှတဲ့ စာချုပ် သစ် ကမ်းလှမ်း မှု တစ်ရပ် ပြုလုပ် ခဲ့ပါ သေးတယ် ။ အခုတော့ ဘာလုပ် မလဲ ဆိုတာ ကို ဆုံးဖြတ် ရမယ့် ကိစ္စ က သူ့ အပိုင်း ဖြစ်သွား ပါပြီ ” လို့ ဆိုးလ်ရှား က ပြောခဲ့ တာပဲ ဖြစ်ပါတယ် ။

2019 ခုနှစ် ဇန်နဝါရီ လ တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် စတင် ပါဝင် ကစား ပေးခွင့် ပိုင်ဆိုင် နိုင် ခဲ့တဲ့ တာဟစ် ချောင်ဟာ လက်ရှိ အချိန် အထိ တော့ အသင်း အတွက် 9 ပွဲ သာ ကစား ပေးခွင့် ပိုင်ဆိုင် ထားခဲ့ ပါ သေးတယ် ။

သူဟာ အဆိုပါ လတုန်းက ယူနိုက်တက် တို့ ရီးဒင်း ကို FA ဖလား ပြိုင်ပွဲ မှာ အနိုင် ရရှိ ခဲ့တဲ့ ပွဲမှာ စတင် ပါဝင် ခွင့် ရရှိ ခဲ့တာ ပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် သူဟာ ဟော်လန် ယူ 21 အသင်း အတွက် လည်း 3 ပွဲ အထိ ပါဝင် ကစား ပေးနိုင် ခဲ့ပါ သေးတယ် ။

#Sports_Myanmar