လီဗာပူး အသင်းဟာ မနေ့ညက အန်ဖီးမှာ ဘရိုက်တန် ကို ဗာဂျယ်ဗန်ဒိုက်ရဲ့ သွင်းဂိုး ၂ ဂိုး နဲ့ အနိုင် ရရှိ ခဲ့ပြီး ပွဲချိန် ရ၆ မိနစ်မှာ အလီဆွန် အနီကတ် နဲ့ ထုတ်ပယ် ခံခဲ့ရပြီးနောက် နိုင်ပွဲ ရဖို့ အတွက် ခက်ခက်ခဲခဲ ကြိုးစား သွားခဲ့ ရပါတယ်။ ယာဂန်ကလော့ရဲ့ အသင်းဟာ ပထမပိုင်းမှာ ၆ မိနစ် ကာလအတွင်း ဗန်ဒို်က် သွင်းယူ ပေးခဲ့တဲ့ ခေါင်းတိုက်ဂိုး ၂ ဂိုးကြောင့် သက်တောင့်သက်သာ နဲ့ ဦးဆောင် ကစား နိုင်ခဲ့ပါတယ်။ ဗန်ဒိုက်ရဲ့ သွင်းဂိုး ၂ ဂိုးစလုံးကို set-pieces တွေကနေ တဆင့် အလက်ဇန်းဒါးအာနိုး ကပဲ ဖန်တီး ပေးခဲ့တာ ဖြစ်ပါတယ်။

လီဗာပူး တို့ ဒုတိယပိုင်း ပွဲချိန် ရ၅ မိနစ် အထိ ဘရိုက်တန်ကို ကောင်းကောင်း ထိန်းချုပ် ကစား နိုင်ခဲ့တာကြောင့် အေးအေးဆေးဆေး နိုင်သွားမယ်လို့ ထင်မှတ် ခဲ့ရ ပေမယ့်လည်း နောက်တစ်မိနစ် အကြာမှာ ရှေ့ကို တက်ကာ လက်နဲ့ ပုတ်ခဲ့တဲ့ အလီဆွန် အနီကတ် ထိသွား ခဲ့တဲ့ အပြင် ဒန့်ကလည်း ဖရီးကစ် ကနေ ချက်ချင်း ချေပဂိုး သွင်းယူ သွားခဲ့တာကြောင့် လက်ကျန် ပွဲချိန်တွေဟာ ကလော့ ရဲ့ အသင်း အတွက် အတော့်ကို ခက်ခဲ ခဲ့ပေမယ့် ဒီရလဒ်ကို ထိန်းသိမ်းကာ အဖိုးတန် ၃ မှတ် ရယူ သွားခဲ့ပြီး လက်ရှိ ချန်ပီယံကို ၁၁ မှတ်ထိ ဖြတ်လိုက် နိုင်ခဲ့ပါတယ်။

လီဗာပူး

အလီဆွန် 5.5 – ပထမပိုင်းမှာ ပရော့ပါး ရဲ့ ကန်ချက်ကို အကောင်းဆုံး ကာကွယ် ပေးနိုင် ခဲ့ပေမယ့်လည်း ၎င်းရရှိ ခဲ့တဲ့ အနီကတ် ကတော့ မလိုအပ်ဘဲ ရှေ့တက်ခဲ့မှုကြောင့် ဖြစ်ကာ ဒီအတွက်ကြောင့် ၁၀ ယောက်ကျန်နဲ့ ကစား ခဲ့ရတဲ့ လီဗာပူး တို့ အဖိုးတန် ရမှတ်တွေ ဆုံးရှုံးခံနီး ဖြစ်ခဲ့ ရပါတယ်။

အလက်ဇန်းဒါးအာနိုး 8 – ဗန်ဒိုက် ရဲ့ သွင်းဂိုး ၂ ဂိုး အတွက် set-pieces တွေကနေ ဂိုးဖန်တီးမှု လုပ်ပေး ခဲ့ပါတယ်။ အင်္ဂလန် ညာနောက်ခံလူဟာ ဒီပွဲမှာ ခံစစ် ကစားပုံ ကောင်းနေ ခဲ့တဲ့ အပြင် ၎င်းရဲ့ တိုက်စစ် လိုက်ပါပံ့ပိုးမှု ၊ ဖြတ်တင်ဘော နဲ့ ဖန်တီးမှု တွေကလည်း အသင်း အတွက် အတော့်ကို အရေးပါ နေခဲ့ပါတယ်။

လော့ဗရန် 7 – မာတစ် ဒဏ်ရာ ရခဲ့ပြီးနောက်ပို်င်း ပွဲတွေ တောက်လျှောက် ကစား နေခဲ့ရကာ ခြေစွမ်းလည်း ပြနေတဲ့ ခရိုအေးရှား နောက်ခံလူဟာ ဒီပွဲမှာလည်း ခံစစ် အတွက် အကောင်းဆုံး ကစား ပေးခဲ့ကာ အမှားအယွင်း နည်းခဲ့ပါတယ်။

ဗန်ဒိုက် 9 (MOTM) – လာမည့် ရက်ပိုင်း အတွက် ပေးအပ်တော့မယ့် ဘလွန်းဒီအောဆုပေးပွဲ မတို်င်မီ ၎င်းဟာ ဘယ်လို ကစားသမားမျိုးလဲ ဆိုတာ ပြသ သွားခဲ့ပြီး အသင်းရဲ့ အဖိုးတန် ရမှတ် ၃ မှတ်မှာ ၎င်းရဲ့ ပါ၀င်ပက်သက်မှု ကြီးမားခဲ့ပြီး နောက်တန်းကို ဥပမာ တစ်ခု အနေနဲ့ ဦးဆောင် သွားခဲ့တဲ့ အပြင် တိကျတဲ့ ခေါင်းတိုက်ချက်တွေနဲ့ ဂိုး၂ ဂိုးလည်း ရယူ ပေးခဲ့ပါတယ်။

ရောဘတ်ဆန် 6 – ဂိုးဖန်တီးမှု ပြိုင်ပွဲမှာတော့ အလက်ဇန်းဒါးအာနိုး ကို ယှဉ်နိုင်ဖွယ် မရှိတော့ ပါဘူး။ မာနေးနဲ့ အတူ လီဗာပူးရဲ့ ဘယ်တောင်ပံမှာ တွဲဖက်ညီညီ ကစား ခဲ့တဲ့ အပြင် High pressing တွေမှာလည်း အကောင်းဆုံး ထောက်ပံ့ ပေးခဲ့ ပါတယ်။ ဒါပေမယ့် ၎င်းရဲ့ ဖြတ်တင်ဘော တွေကတော့ လိုအပ်ချက်တွေ များနေ ခဲ့တာကြောင့် ထိရောက်မှု အားနည်း ခဲ့ပါတယ်။

ဟန်ဒါဆန် 6.5 – ဖာဘင်ညို ရဲ့ နေရာကို အစားထိုး ကစား ရတဲ့ တာဝန်ကို ထမ်းဆောင် ခဲ့ရပေမယ့် ဘရာဇီးသား ရဲ့ လွှမ်းမိုးမှုကို လိုက်မမှီ ခဲ့ပါဘူး။ ကစားအား ကောင်းခဲ့ ပေမယ့် ကွင်းလယ် ထိန်းချုပ်မှု ပိုင်းမှာတော့ ရုန်းကန် နေခဲ့ရပြီး တစ်ချို့ ပွဲချိန်တွေမှာ ဘရိုက်တန် ကွင်းလယ်ကို မယှဉ်နိုင်ခဲ့တာကို တွေ့ခဲ့ ရပါတယ်။

၀ုိင်နယ်ဒန် 5.5 – နယ်သာလန် ကွင်းလယ်လူ ငြိမ်သက်နေတဲ့ နေ့လည်ခင်း လို့ ဆိုရမှာ ဖြစ်ပြီး ပထမပို်င်းမှာ ပြိုင်ဘက်ရဲ့ တိုက်စစ် ကစားဟန် ကို လိုက်လံ ဖြတ်တောက်မှုတွေ ရှိခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ တိုက်စစ်ကော ခံစစ် အတွက်ပါ ကူညီ ပေးမှု နည်းခဲ့ပါတယ်။

အောက်စလိတ်ချိန်ဘာလိန် 7 – ကွင်းလယ်ကနေ ကောင်းမွန်တဲ့ လုပ်အား စွမ်းရည်ကို ပြသ သွားခဲ့ပြီး High pressing တွေ ကစားတာ အထူး ကောင်းမွန် ခဲ့ပြီး ၎င်းရဲ့ ရွေ့လျားမှုတွေဟာ ဘရိုက်တန် ခံစစ်ကို ခေါင်းခဲ စေခဲ့ပြီး ဂိုးရလုနီးပါး ဖြစ်ခဲ့ပါတယ်။

ဆာလား 5.5 – ၎င်းရဲ့ ကြံ့ခိုင်မှု စွမ်းရည် ပြည့်ဝ နေတဲ့ပုံ ဖြစ်နေတာ ကတော့ လီဗာပူး အတွက် သတင်းကောင်းပဲ ဖြစ်ပြီး ၎င်းရဲ့ အတိုး အလှုပ်တွေဟာ ဘရိုက်တန် ခံစစ်ကို ဖိအားပေး နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သွင်းဂိုး ပိုင်းမှာတော့ ယုံကြည်မှုတွေ လိုအပ် နေပါတယ်။

မာနေး 7 – လီဗာပူး တိုက်စစ်ရဲ့ အသက် တစ်ခုလို ကစား သွားခဲ့ပြီး အခွင့်အရေး ဖန်တီးမှုတွေ ကောင်းမွန် ခဲ့ကာ ဘရိုက်တန် အသင်းဟာ တစ်ပွဲလုံး ၎င်းကို ဘယ်လို ထိန်းချုပ် သွားရမလဲ ဆိုတာ အဖြေ မရှိခဲ့ပါဘူး။

ဖာမီနို 7 – အောက်စလိတ်ချိန်ဘာလိန် နဲ့ နေရာ လဲလှယ် ကစားမှုတွေကို မြင်တွေ့ ခဲ့ရပြီး ၎င်းရဲ့ နောက်ကို ဆင်းကာ တိုက်စစ် စတင်ပေးမှု နဲ့ ရွေ့လျားမှုတွေ ကောင်းခဲ့ပြီး မက်ရိုင်ယန် ကြောင့်သာ မဟုတ်ရင် ဂိုးပါ ရမှာ ဖြစ်ပါတယ်။

ဘရိုက်တန်

မက်ရိုက်ယန် 6.5 ၊ မွန်တိုယာ 5.5 ၊ ၀က်ဘ်စတား 6 ၊ လူးဝစ်ဒန့် 7 ၊ ဘန်း 6.5 ၊ ဒင်းစတီဖန် 6 ၊ ပရော့ပါ 6.5 ၊ မွိုင်း 6.5 ၊ ဂရို့စ် 6.5 ၊ ကွန်နိုလိီ 5.5 ၊ ဘစ်ဆူမာ 5.5

SM