“လုခ်ရှော ပြန်ကောင်း လာတာ ကျွန်တော့ ကို ခေါင်းကိုက် စေပါတယ် ။ ဒါပေမယ့် ဒါက ကောင်းတဲ့ ခေါင်းစားမှု မျိုးပါပဲ” လို့ နည်းပြ ဆိုးရှား က ဆိုသွား ခဲ့ ပါတယ် ။ အင်္ဂလန် နောက်ခံလူ ရှော ဟာ ဒဏ်ရာ ကြောင့် မန်ချက် စတာ .ယူနိုက်တက် အသင်း ရဲ့ ပွဲစဉ် အချို့ ကို လွဲချော် ခဲ့ ရ ပါတယ် ။ ရှော ဟာ ပြီး ခဲ့တဲ့ ယူရိုပါ လိဂ် ပွဲစဉ် မှာတော့ အသင်း အတွက် ပြန်လည် ပါ၀င် လာခဲ့ ပြီး ပုံမှန် ပွဲထွက် ခွင့် နေရာ ကိုလည်း ပြန်လည် ရရှိ နိုင်ဖွယ် ရှိနေပါတယ် ။

ဒါပေမယ့် မန်ချက်စ တာ ပရိသတ် တွေ ကတော့ ဘယ် နောက် ခံလူ နေရာ အတွက် လူငယ် ကစား သမားလေး ဘရန်ဒွန် ၀ီလ်ယံ ကို ပိုမို နှစ်သက် နေကြတယ် လို့ သိရ ပါတယ် ။ ၁၉ နှစ် အရွယ် နောက်ခံ ကစား သမားလေး ဟာ လုခ်ရှော နဲ့ အက်ရှ်လေယန်း တို့ ဒဏ်ရာ ရ ၊ ပွဲပယ် ခံ နေရချိန် အတွင်း ပွဲထွက်ခွင့် ရရှိ မှုတွေ ကို အကောင်းဆုံး အသုံးချ နိုင်ခဲ့ သူ ဖြစ် ပါတယ် ။

မန်ချက် စတာ အခြေစိုက် MEN ( Manchester Evening News ) သတင်းစာ ဟာ ယနေ့ ည ကစားမယ့် ဗီလာ နဲ့ ပွဲ မှာ ဘယ်သူ့ ကို ဘယ်နောက် ခံလူ အဖြစ် မြင်တွေ့ ချင်သလဲ ဆိုတဲ့ အွန်လိုင်း မဲပေးမှု တစ်ခု ကို ယမန်နေ့ က ပြုလုပ် ခဲ့ပြီး လုခ်ရှော ၊ အက်ရှ်လေယန်း နဲ့ ဘရန်ဒွန် ၀ီလ်ယံ တို့ ကို စကာတင် အဖြစ် ထည့်သွင်း ခဲ့ ပါတယ် ။

ပရိသတ် ပေါင်း ၂၅၀၀ ခန့် ၀င်ရောက် မဲပေး ခဲ့မှု မှာတော့ ဘရန်ဒွန် ၀ီလ်ယံ ဟာ မဲ အပြတ် အသတ် အသာ ရခဲ့ တာကို တွေ့မြင် ခဲ့ရ ပါတယ် ။ ပရိသတ် အများစု ဟာ ၀ီလ်ယံ ကို ရှော ထက် ပိုမို နှစ်သက် ကြပြီး အချို့ ကတော့ ရှော အနေနဲ့ ၁၀၀% ပြန်မကောင်း လာသေး ချိန် မှာ ၀ီလ်ယံ ကို ဆက်လက် အသုံးပြု စေလို ကြတယ်လို့ သိရ ပါတယ် ။ အက်ရှ်လေယန်း ကတော့ မဲပေးသူ ၁၀% တောင် မပြည့် ခဲ့ ပါဘူး ။

ဘရန်ဒွန် ၀ီလ်ယံ ဟာ ပြီး ခဲ့တဲ့ အပတ် တုန်းက ကစား ခဲ့တဲ့ ရှက်ဖီး ယူနိုက်တက် နဲ့ ပွဲ မှာ မန်ချက် စတာ ယူနိုက်တက် စီနီယာ အသင်းသား ဘဝ ပထမဆုံး သွင်းဂိုး ကို ညာခြေ နဲ့ အပြင်း ကန်သွင်း ရယူ ခဲ့ ပါတယ် ။ ဒါ့ အပြင် ရှေ့တုန်းက ကစား ခဲ့တဲ့ ၀ီလ်ယံ ရဲ့ ခြေစွမ်းပြမှု တွေ ဟာ ပရိသတ်တွေ ချစ်ခင် နှစ်သက်သူ အဖြစ် ကို အလျှင် အမြန် ရောက်ရှိ စေခဲ့ တာပဲ ဖြစ် ပါတယ် ။

ယူနိုက်တက် ဟာ ကြာသပတေး နေ့က အက်စတာနာ နဲ့ ကစား ခဲ့တဲ့ ယူရိုပါ လိဂ် ပွဲစဉ် ကို လူငယ် ကစား သမား အများ အပြား ခေါ်ယူ သွားခဲ့ ကာ စီနီယာ အသင်းသားတွေ ကို တော့ အင်္ဂလန် မှာ ကျန်ရစ် စေပြီး ဗီလာ နဲ့ ပွဲ အတွက် လေ့ကျင့် ပြင်ဆင် စေခဲ့ ပါတယ် ။

ဒဏ်ရာ ကနေ သက်သာ လာတဲ့ လုခ်ရှော ဟာ အက်စတာနာ နဲ့ ခရီးစဉ် ကို လိုက်ပါ သွားခဲ့ ပြီး ဘရန်ဒွန် ၀ီလ်ယံ ကတော့ အင်္ဂလန် မှာ လေ့ကျင့်ရင်း ကျန်ရစ် ခဲ့ ပါတယ် ။ ဒါကြောင့် ယနေ့ ည မှာ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မှာ ဘရန်ဒွန် ၀ီလ်ယံ တစ်ယောက် ဘယ်နောက်ခံလူ နေရာ ကနေ ဆက်လက် ပွဲထွက် ခွင့် ရရှိ ဖို့ အလား အလာ ကောင်းလို့ နေခဲ့ ပါတယ် ။

ဘရန်ဒွန် ၀ီလ်ယံ တစ်ယောက် လုခ်ရှော ကို နေရာ ပျောက်အောင် စွမ်းဆောင် ပြနိုင်မလား ဆိုတာ ကတော့ . . . .

SPORTS MYANMAR