မန်ချက် စတာ ယူနိုက်တက် အသင်း တိုက်စစ်မှုး ဟောင်း ဒီမီတာ ဘာဘာတော့ က လက်ရှိ အသင်း ရဲ့ တိုက်စစ်မှုး လေး မားကပ် ရက်ဖိုဒ့် ဟာ အကယ် ဒမီ ကစား သမားတွေ အကြား မှာ ပေါ်ပြူလာ ဖြစ်တဲ့ ကစား သမား တစ်ဦး ဖြစ် နေပြီး အနာဂါတ် မှာ အသင်း ကို ဦးစီး ဦးဆောင် ပြုရ မယ့်သူ ဖြစ်လာ နိုင်တယ် လို့ ခန့်မှန်း သုံးသပ် သွားခဲ့ ပါတယ် ။ ဘာဘာတော့ က ရက်ဖိုဒ့် ဟာ အိုးထရက် ဖိုဒ့် မှာ နှစ်ပေါင်း များစွာ ကြာအောင် ကစား သွားမယ့် သူ ဖြစ်တယ်လို့ လည်း ယုံကြည် ထားကြောင်း ဆိုသွား ခဲ့ ပါတယ် ။

ရက်ဖိုဒ့် ဟာ စီနီယာ အသင်း အတွက် စတင် ကစား ခဲ့တဲ့ ပွဲမှာ ၂ ဂိုး သွင်းယူ ရင်း ပရိသတ်တွေ ရဲ့ ချစ်ခြင်း မေတ္တာ ကို အလျှင် အမြန် ရယူနိုင် ခဲ့သူ ဖြစ် ပါတယ် ။ လက်ရှိ အသက် ၂၂ နှစ် ပြည့်ပြီး ချိန် မှာ ရက်ဖိုဒ့် ဟာ ယူနိုက်တက် အတွက် ပွဲပေါင်း ၁၈၈ ပွဲ အထိ ကစား ထားခဲ့ပြီး လည်း ဖြစ် ပါတယ် ။

ရက်ဖိုဒ့် ဟာ နောက်ပိုင်း နှစ်တွေ မှာ ပိုမို တိုးတက် လာခဲ့ ပြီး အင်္ဂလန် လက်ရွေးစင် အသင်း ရဲ့ ပုံမှန် ပွဲထွက် ခွင့် ရသူ လည်း ဖြစ် လာခဲ့ ပါတယ် ။ လက်ရှိ အချိန် အထိ ယူနိုက်တက် အတွက် ၅၅ ဂိုး သွင်းယူ ပေးထား ခဲ့ပြီး နည်းပြ ဆိုးရှား ရဲ့ ဦးစားပေး ပွဲထွက် ကစား သမား အဖြစ် ရပ်တည် နေခဲ့ ပါတယ် ။

ဘာဘာတော့ဗ် ကတော့ မန်ချက် စတာ မြို့သားလေး ရက်ဖိုဒ့် ဟာ ယူနိုက်တက် မှာ နှစ်တွေ အများကြီး ကြာအောင် ကစားသွား မယ် လို့ ယုံကြည် ကြောင်း ပြောဆို ခဲ့ သလို တစ်ချိန်ချိန် မှာ လည်း အသင်း ကို ဦးစီး ဦးဆောင် ပြုနိုင်တဲ့ သူ ဖြစ်လာ လိမ့်မယ် လို့ ခန့်မှန်း သုံးသပ် သွားခဲ့ ပါတယ် ။

“ရက်ဖိုဒ့် ဟာ အခု မှာ ငယ်ငယ်လေး ရှိပါ သေးတယ် ။ ဒါပေမယ့် ယူနိုက်တက် အတွက် သူ စွမ်းဆောင် ပြ ထား တာ ကတော့ မနည်း တော့ ပါဘူး ။ လက်ရှိ မှာ သူ့ကို စိတ်ဝင်စား တဲ့ ကလပ် အချို့ ရှိ ကောင်း ရှိနိုင် ပါတယ် ။ ဒါပေမယ့် ကျွန်တော့ အထင်တော့ သူ မန်ချက်စတာ ယူနိုက်တက် မှာပဲ အကြာကြီး ဆက်နေ ဖြစ်ဦး မှာပါ”

“ရက်ဖိုဒ့် ဟာ ယူနိုက်တက် အကယ် ဒမီ ကနေ ထွက်လာတဲ့ သူ ဖြစ်တာ ကြောင့် အကယ် ဒမီ က လူငယ်တွေ အတွက် စံ ထားရ လောက်တဲ့ သူ ဖြစ် နေ မှာ သေချာ ပါတယ် ။ ဒါဟာ နောင် လာမယ့် တစ်ချန် မှာ အကယ် ဒမီ ကနေ စီနီယာ အသင်း ကို တက်လာ မယ့် သူတွေ ကို ဦးစီး ဦးဆောင် ပြုနိုင် လောက်တဲ့ လေးစားမှု ကို ရရှိ စေမှာပါ”

“ကျွန်တော် ရက်ဖိုဒ့် ကို မန်ချက် စတာ ယူနိုက်တက် မှာ အကြာကြီး မြင်တွေ့ ချင် ပါတယ် ။ အသင်းရဲ့ ကပ္ပတိန် လက်ပတ် ကို ၀တ်ဆင် ပြီး လူငယ်တွေ ကို ဦးဆောင် ကစား နေတဲ့ ရက်ဖိုဒ့် ကို မြင်ချင် မိပါတယ် ။ ကျွန်တော် က one-club ကစား သမားမျိုး ဖြစ်ချင် ခဲ့တာပါ ၊ ဒါပေမယ့် တကယ်တမ်းတော့ ဖြစ်မလာ နိုင်ခဲ့ ပါဘူး ။ ရက်ဖိုဒ့် ကိုတော့ ဒီလိုမျိုး ဖြစ်လာ စေချင် ပါတယ်” လို့ ဘာဘာတော့ဗ် က ပြောဆို သွားခဲ့ ပါတယ် ။

ရက်ဖိုဒ့် ဟာ ဒီရာသီ မှာ ယူနိုက်တက် နဲ့ ပရီးမီးယားလိဂ် ၁၃ ပွဲ စလုံး ပါ၀င် ကစား ထားပြီး 7 ဂိုး သွင်းယူ ထားကာ ပြိုင်ပွဲ အစုံ မှာ တော့ ၁၀ ဂိုး သွင်းယူပေး ထားခဲ့ ပါတယ် ။ ဒါပေမယ့် ဘာဘာတော့ဗ် ကတော့ ရက်ဖိုဒ့် မှာ တိုးတက် ဖို့ လိုအပ် နေသေးတဲ့ နေရာ တွေ ရှိနေ သေးပြီး ဆက်လက် ကြိုးစား သွားရ ဦးမယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ ယနေ့ ည မြန်မာ စံတော်ချိန် ၁၁းဝဝ နာရီ မှာ ပရီးမီး ယားလိဂ် ပွဲစဉ် ( ၁၄ ) အဖြစ် အက်စတွန် ဗီလာ အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား သွားရမှာ ဖြစ် ပါတယ် ။

SPORTS MYANMAR