OFFICIAL : : ဘယ်လ်ဂျီယံ အသင်းရဲ့ ကွင်းလယ် ကစား သမား အဲလစ် ၀ှစ်ဆယ် ကတော့ ဂျာမန် ထိပ်သီး ကလပ် ဒေါ့မွန် အသင်းထံ ပြောင်းရွှေ့ ရောက်ရှိ သွားခဲ့ပြီး ၄ နှစ် စာချုပ် ချုပ်ဆို လိုက်ပြီ ဖြစ်တယ်လို့ ထုတ်ပြန် ကြေငြာသွား ခဲ့ပြီ ဖြစ် ပါတယ် ။

ချဲလ်ဆီး ဂိုးသမားလေး ကော့တွိုက် က တော့ အသင်း ကနေ ထွက်ခွာ လို ကြောင်း နည်းပြ ဆာရီ ကို ဖွင့်ဟ ပြောဆို သွားခဲ့တယ် လို့ ESPN သတင်း ဌာန က ထုတ်ပြန် သွားခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်း က တော့ ယူရို သန်း ၂၀ နဲ့ ခေါ်ယူ ထားတဲ့ သူတို့ရဲ့ ကွင်းလယ် ကစားသမားသစ် အာတူရို ဗီဒယ် ရဲ့ စာချုပ် ဖျက်သိမ်း ကြေး ဟာ ယူရို သန်း ၃၀၀ ရှိတယ် လို့ ထုတ်ပြန် လိုက်တယ် လို့ သိရ ပါတယ် ။

လက်စတာ စီးတီး ရဲ့ အင်္ဂလန် လက်ရွေးစင် ၂ ဦး ဖြစ်တဲ့ တိုက်စစ်မှုး ဗာဒီ နဲ့ ခံစစ်မှုး မက်ဂွဲယား တို့ ဟာ အသင်း ရဲ့ လေ့ကျင့်ခန်း အစီအစဉ် မှာ ပြန်လည် ပါဝင် လာပြီ ဖြစ်ကာ မန်ချက်စတာ ယူနိုက်တက် နဲ့ ကစားမယ့် ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် မှာ ပါဝင် လာဖွယ် ရှိ နေ ပါတယ် ။

ချဲလ်ဆီး ကွင်းလယ် ကစား သမားလေး ရူဘင် လော့ဖ်တပ်ချက် ဟာ ယမန်နှစ် က အငှား ကစား ခဲ့တဲ့ ပဲလေ့စ် အသင်းဆီ ပြောင်းရွှေ့ သွားပြီလို့ ပရီးမီးယားလိဂ် ရဲ့ ၀က်ဆိုက် မှာ သတင်းထုတ် ပြန်ထားခဲ့ ပါတယ် ။ ချဲလ်ဆီး ဘက်ကတော့ တရားဝင် ကြေငြာခြင်း မရှိသေး ပေမယ့် ပဲလေ့စ် တောင်ပံ ကစား သမား ဇာဟာ ကို ခေါ်ယူ ဖို့ လုပ်ဆောင် နေတာ ကြောင့် အဆိုပါ အပြောင်း အရွှေ့ မှာ လော့ဖ်တပ်ချက် ပါဝင် သွားနိုင် တာ ဖြစ်တယ် လို့ သတင်းတွေ က ဖော်ပြ လာခဲ့ ကြပါတယ် ။

ဂျုဗင်တပ် ဂိုးသမားသစ်လေး ပါရင် ဟာ သူ့ရဲ့ ကျောနံပါတ် ၁၉ ကို အေစီက နေ ပြောင်းရွှေ့ လာတဲ့ နောက်ခံလူ ဘိုနူချီ ကို လွှဲပြောင်းပေး ခဲ့တယ် လို့ သိရ ပါတယ် ။ ပါရင် ဟာ ဖေဖော်ဝါရီ ၁၉ မှာ မွေးဖွား ခဲ့တဲ့ သမီးငယ်လး အတွက် အမှတ်တရ အနေနဲ့ ကျောနံပါတ် ၁၉ ကို ရွေးချယ် ခဲ့တာ ဖြစ်ပေမယ့် ဘိုနူချီ ၀တ်ဆင် နေကျ နံပါတ် ဖြစ်တာ ကြောင့် ပေးအပ် ခဲ့တာ ဖြစ်တယ် လို့ ပြောဆို ခဲ့ပြီး ဒီကိစ္စ အတွက် ဘယ်လိုမှ ကသိ ကအောက် မဖြစ်မိ ကြောင်း ပါရင် က ဆို သွားခဲ့ ပါတယ် ။

အာဆင်နယ် အသင်း က တော့ တိုက်စစ်မှုး ဒန်နီ ၀ဲဘတ် အတွက် ကမ်းလှမ်းလာမှု တွေ ကို တံခါးဖွင့် ပေးထား တယ် လို့ သိရပြီး ပဲလေ့စ် အပါ အ၀င် အင်္ဂလိပ် ကလပ် အသင်း ၃ သင်း က စိတ်ဝင်စား နေတယ် လို့ သိရ ပါတယ် ။

ဖီဖာ ဥက္ကဌ ဟောင်း ဘတ္တလာ က တော့ ကာတာ နိုင်ငံ ရဲ့ ၂၀၂၂ ကမ္ဘာ့ ဖလား အိမ်ရှင် အဖြစ် မဲနိုင်မှု မှာ မသမာမှု တွေ ပါဝင် နေတယ် လို့ ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

နယူးးကာဆယ် အသင်း တိုက်စစ်မှုးး ဒွိုက် ဂိုင်းလ် က တော့ ၀က်စ်ဘရွန်း အသင်းထံ အငှား ပြောင်းရွှေ့ သွားပြီ လို့သတင်း ကြားသိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် လူငယ် နောက်ခံလူ လေး တွမ်ဇီဘီ ဟာလည်း ချန်ပီယံရှစ်ကလပ် အက်စ်တွန် ဗီလာ အသင်းထံ တစ်ရာသီ အငှားဖြင့် ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ် ပါတယ် ။

အင်တာမီလန် အသင်း ရဲ့ မိတ်ဖက် အသင်း ဖြစ်တဲ့ တရုတ် ကလပ် ဆန်းနင်း ( ပိုင်ရှင် တစ်ဦးတည်း ) ဟာ ရီးရဲ ကွင်းလယ်လူ လူကာမိုဒရစ် ကို ခေါ်ယူတဲ့ နေရာမှာ ငွေကြေး ပိုင်းအရ အကူ အညီပေး သွာားဖို့ စီစဉ် နေတယ် လို့ သိရ ပါတယ် ။

လက်စတာ စီးတီး အသင်း ကတော့ စတုတ် ကစား သမား ဒီယော့ဖ် ကို ခေါ်ယူ လိုပေမယ့် စတုတ် တောင်းဆို ထာားတဲ့ ပေါင် ၁၅ သန်း ကို တော့ ပေးချေ နိုင်ဖို့ မဖြစ် နိုင်ဘူး လို့ သိရ ပါတယ် ။

အေစီမီလန် ဂန္ထ၀င် ကြီး ပေါ်လို မာဒီနီ ဟာ အသင်း ထံ ဒါရိုက်တာ အဖြစ် ပြန်လာတော့ မယ် လို့ သိရ ပါတယ် ။

အသက်လက်တီကို မက်ဒရစ် တိုက်စစ်မှုး ကီဗင် ဂါမဲရိုး ဟာ ဗလင်စီယာ အသင်းထံ ပြောင်းရွှေ့ ဖို့ နီးစပ် နေပြီ လို့ သိရ ပါတယ် ။ အေတီကို မက်ဒရစ် ကတော့ အေစီမီလန် တိုက်စစ်မှုး နီကိုလာ ကယ်လင်နစ် ကို ခေါ်ယူ ဖို့ လုပ်ဆောင် နေပြီ လို့ သိရ ပါတယ် ။

လာဇီယို အသင်းကတော့ ဖိလစ်ပီ အန်ဒါဆင် မရှိတော့တဲ့ ကွင်းလယ် အတွက် ဆန်းနင်း ကွင်းလယ်လူ ရာမီရက် ကို ခေါ်ယူပြီး ၃ နှစ် စာချုပ် ကမ်းလှမ်းဖို့ အဆင်သင့် ပြင်ဆင် ထားတယ် လို့ သတင်း ကြားသိရ ပါတယ် ခင်ဗျာ ။