ချယ်လ်ဆီး အသင်း ဟာ မနေ့ည က ကစား သွားခဲ့တဲ့ ဝက်စ်ဟမ်း အသင်း နဲ့ လန်ဒန် ဒါဘီ ပွဲစဉ် မှာ မထင်မှတ် ပဲ ၀ – ၁ ရလဒ် နဲ့ အရေးနိမ့် ခဲ့ရပါတယ် ။ ထို ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ဟာ ၄င်းတို့ရဲ့ အဓိက အထောင် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ကို ဒဏ်ရာကြောင့် လက်လွှတ် ထားခဲ့ရကာ ၊ ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ကို ပွဲထုတ် စေခဲ့ပါတယ် ။

ဂျရူး ဟာ ချယ်လ်ဆီး အသင်း ရဲ့ ကစားကွက် နဲ့ အလုပ်မဖြစ်ခဲ့ပဲ ၊ တိုက်စစ်ပိုင်း အတွက် လူပို တယောက် လိုသာ ဖြစ်ခဲ့ရပါတယ် ။ အဲ့ဒီ အတွက် ဒုတိယပိုင်း မှာ ဖရန့် လမ်းပတ် ဟာ ဂျရူူး ကို ထုတ်ပြီး ၊ လူငယ် တောင်ပံ တိုက်စစ် ကစားသမား ဟတ်ဒ်ဆန် အိုဒွိုင်း ကို ထည့်သွင်း ကစား ခဲ့ပါတယ် ။ ထို့ အတွက်ကြောင့် ဘယ်တောင်ပံ က ပူလီဆစ် ဟာ တိုက်စစ် ၃ဦး ရဲ့ အလယ် ကို ရောက်ခဲ့ကာ ၊ False 9 ပုံစံမျိုး ကစား ခဲ့ရပါတယ် ။

ယင်းနှင့် ပတ်သက်ပြီး လမ်းပတ် က ” ဟုတ်ပါတယ် ။ ကျွန်တော် ပူလီဆစ် ကို False 9 ပုံစံမျိုး နဲ့ ကြိုးစား စေခဲ့ပါတယ် ။ ဝက်စ်ဟမ်း အသင်း ဟာ ပွဲချိန် ကြာလာတာနဲ့ အမျှ ခံစစ်ပိုင်း ကို ပိုပိုပြီး ဆင်းလာခဲ့တာကြောင့် ၊ သူတို့ရဲ့ ခံစစ် ကစားသမား တွေကို တဦးချင်း ကျော်ဖြတ်ဖို့ အတွက် ပူလီဆစ် ကို False 9 ပုံစံ ပို့လိုက်တာ ဖြစ်ပါတယ် ။ ”

” ကျွန်တော် တို့ရဲ့ ဖြတ်တင်ဘော တွေကိုလည်း ပြိုင်ဖက် အသင်း ဟာ အတော်လေး ခုခံ ကာကွယ် နိုင်ခဲ့ပါတယ် ။ အဲ့ဒီ အတွက် ကျွန်တော် တို့ကို မထင်မှတ်တာတွေ တခုခု လုပ်ပြနိုင်ဖို့ ကော်လမ် ( ဟတ်ဒ်ဆန် အိုဒွိုင်း ) ကို ထည့်သွင်း ခဲ့တာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ လက်ရှိ မှာ ချယ်လ်ဆီး အသင်း ဟာ ဝက်စ်ဟမ်း ကို အရေးနိမ့် ခဲ့ပေမယ့် အဆင့် ၄ နေရာ မှာ ဆက်လက် ရပ်တည်နေဆဲ ဖြစ်နေပေမယ့် ၊ ၄င်းတို့ရဲ့ အနောက် က အသင်း တွေနဲ့ ရမှတ် ကွာဟချက် တွေ တဖြည်းဖြည်း လျော့နည်း လာခဲ့ပြီ ဖြစ်ပါတယ် ။

လမ်းပတ် ကတော့ ၄င်းရဲ့ ကစားသမား တွေကို ယုံကြည်ဆဲ ဖြစ်ကြောင်း ကို ” ကျွန်တော် တို့ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ Trsnsfer ban ကို ရင်ဆိုင် နေရတာကြောင့် ၊ ကစားသမား အင်အားပိုင်း မှာ အနည်းငယ် အားလျော့နေတာ ကို လက်ခံ ရပါမယ် ။ ဒါပေမယ့် ကျွန်တော် ဟာ လက်ရှိ ကျွန်တော့ အသင်းသား တွေ အပေါ် အပြည့်အဝ ယုံကြည်နေဆဲ ပါပဲ ။ ”

” ကျွန်တော် တို့ဟာ ဒီနေ့ ပွဲမှာ နေရာ တချို့ မှာ ကစားသမား အပြောင်းအလဲ လုပ်ခဲ့ပေမယ့် ၊ ကျွန်တော် တို့ လိုချင်တဲ့ စွမ်းဆောင်ရည်မျိုးတော့ မရခဲ့ပါဘူး ။ အပြင် ကနေ ကျွန်တော် တို့ကို မေးခွန်း ထုတ်တဲ့ သူတွေ ရှိမှာ ဖြစ်သလို ၊ ကျွန်တော် ကိုယ်တိုင် လည်း ကိုယ့် အသင်းသား တွေရဲ့ ဒီနေ့ စွမ်းဆောင်ရည် အပေါ် မေးခွန်း ထုတ်ကောင်း ထုတ်နိုင်ပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော့ အသင်းသား တွေဟာ ဒီရာသီ မှာ ကစားပုံကောင်း တွေ ၊ အရည်အသွေးကောင်း တွေ ပြသထားပြီး ဖြစ်တာကြောင့် သူတို့ကို ကျွန်တော် ယုံကြည်နေဆဲပါပဲ ။ ကျွန်တော် တို့ ပွဲတပွဲ အတွင်း မှာ အားရစရာ ခြေစွမ်း မရှိခဲ့တဲ့ ပွဲမျိုး ရှားလွန်းပါတယ် ။ ”

” ဒီနေ့ ပွဲဟာ အဲ့ဒီ နေ့ရက်တွေထဲ က တရက် ဖြစ်ခဲ့တယ် လို့ ဆိုရမှာပါ ။ ဒါပေမယ့် ဒီရလဒ် နဲ့ ခြေစွမ်းကြောင့် ကျွန်တော့ အသင်းသား တွေဟာ ဆိုးရွားလွန်းတဲ့ မှတ်ချက် တွေ ၊ ဝေဖန်မှု တေ ခံရဖို့ အထိတော့ မဆိုးရွား ခဲ့ပါဘူး ။ အခု ကျွန်တော် တို့ အားလုံး လာမယ့် အက်စတွန် ဗီလာ နဲ့ ပွဲမှာ အသင်းသား တွေ ဘယ်လို ပုံစံ နဲ့ တုန့်ပြန်မလဲ ဆိုတာ စောင့်ကြည့် ရမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR