ဗာဂျယ်ဗန်ဒိုက်က လီဗာပူး ခံစစ် အနေနဲ့ ဘရိုက်တန် ကို အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ်မှာ ဂိုးသမား အလီဆွန် ဘက်ကာ ရရှိ ခဲ့တဲ့ အနီကတ် ပြစ်ဒဏ် အတွက် စုပေါင်း တာဝန်ယူ သွားရမှာ ဖြစ်တယ်လို့ ၀န်ခံလိုက်ပြီး ဒီအနီကတ် အတွက် ဘရာဇီး လက်ရွေးစင်ဟာ အဲဗာတန် နဲ့ ကစား ရမယ့် မာဆေးဆိုက် ဒါဘီကို လွဲချော် တော့မှာ ဖြစ်ပါတယ်။ လီဗာပူး အသင်းဟာ ဘရာဇီး လက်ရွေးစင် ဂုုိးသမား ပင်နယ်တီ ဧရိယာ ပြင်ပကို လက်နဲ့ ထွက်မပုတ်မီ အချိန်ထိ သက်တောင့်သက်သာ နိုင်ပွဲ ရရှိမယ့်ပုံ ရှိခဲ့ပေမယ့် ရ၆ မိနစ်မှာ ဒိုင်လူကြီး မာတင် အက်ကင်ဆန် က တိုက်ရိုက် အနီကတ်နဲ့ ပြသ ခဲ့ပြီးနောက် ပွဲဟာ အသက်ဝင်လာ ခဲ့ပါတယ်။

ဘရိုက်တန် ကစားသမား တစ်ဦးဟာ လီဗာပူး ခံစစ်ကြောင်းကို ကျော်ကာ ဘောလုံး ပေးခဲ့ပြီး အထူးသဖြင့် ဒီဂျန်လော့ဗရန် ရဲ့ ပြေးလိုက်မှု နှေးခဲ့တာကြောင့် ထရိုဆန့် အခွင့်အရေး ရသွား ခဲ့ကာ အလီဆွန်ကလည်း ဆုံးဖြတ်ချက် အနည်းငယ် မှားယွင်းမှုနဲ့ အတူ ဂိုးထဲကို ဦးတည် နေတဲ့ ဘောလုံးကို လက်နဲ့ ပုတ်ခဲ့တာကြောင့် ယခုလို အနီကတ် ပြစ်ဒဏ်နဲ့ ကြုံခဲ့ ရတာ ဖြစ်ပါတယ်။ အဲဒီနောက် အက်ဒရီယန် လူစားဝင်လာ ပြီးပြီးချင်းမှာပဲ လီဗာပူး အသင်းရဲ့ အဆင်သင့် မဖြစ်မှုကို လီးဝစ်ဒန့်က ဖရီးကစ် ကနေ တိုက်ရိုက် ကန်သွင်းကာ ချေပဂိုး ရယူ သွားခဲ့ပြီး လက်ကျန် ပွဲချိန်တွေမှာ လီဗာပူးဟာ အနိုင်ဂိုး ကို ခက်ခက်ခဲခဲ ထိန်းသိမ်း ခဲ့ပြီး အဖိုးတန် အနိုင် ၃ မှတ် ရှာဖွေ ခဲ့ရပါတယ်။

ဒီပွဲမှာ လီဗာပူး ရဲ့ သွင်းဂိုး ၂ ဂိုး စလုံးကို ခေါင်းတိုက် သွင်းယူ ပေးခဲ့တဲ့ ဗန်ဒိုက်က “ကျွန်တော်တို့ပွဲကို အဆုံးသတ် ခဲ့ရတဲ့ ပုံစံကို စိ်တ်ပျက်မိ ပါတယ်။ ကျွန်တော်တို့ ထူးဆန်းတဲ့ ဖရီးကစ်ဂိုး နဲ့ အလီဆွန် ရဲ့ အနီကတ် ကို ခွင့်ပြု ခဲ့ရပါတယ်။ အဲဒီမတိုင််မီ ကျွန်တော်တို့ ဒီထက် ပိုကောင်းအောင် လုပ်နိုင် ခဲ့သင့် ပါတယ်။ ဒါပေမယ့် ပွဲတွေ ဆက်တိုက် ကစား နေရတာကြောင့် နဲ့ ၁၀၀% ထက် ပိုကစား နိုင်ဖို့ ဆိုတာ မလွယ်ကူ ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံး ကြိုးစား ခဲ့ပါတယ်။ ပထမပိုင်း ရဲ့ အစပိုင်း ကစားပုံ ကောင်းခဲ့ ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ ကျွန်တော်တို့ ဒီထက် ပိုကောင်းအောင် လုပ်နိုင် ခဲ့သင့်ပါတယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော်တို့ ပြန်လည် ကြည့်ရှုပြီး တိုးတက်အောင် ကြိုးစား သွားရမယ့် အရာပါ။

သူတို့ဟာ အရမ်း ကောင်းတဲ့ အသင်းပါ။ သူတို့ကို ချီးကျူး သွားရပါမယ်။ သူတို့ဟာ အကောင်းဆုံး ကစားခဲ့တယ်။ ရဲရင့်တယ်။ ကျွန်တော်တို့ရဲ့ press တွေကို ရုန်းထွက်ဖို့ ကြိုးစား ခဲ့ပြီး အကြိမ် တော်တော်များများ အလုပ် ဖြစ်ခဲ့ပါတယ်။ ဒ့ါကြောင့် သူတို့ကို ချီးကျူး ရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ အနိုင် ၃ မှတ်ပဲ လိုချင်ခဲ့ပြီး ဒါကို ရခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ့်ရဲ့ စရိုက်လက္ခဏာကို ပြသ ခဲ့ရပြီး တိုက်ပွဲဝင် ခဲ့ရပါတယ်။ လွယ်ကူတဲ့ ပွဲတော့ မဟုတ် ခဲ့ပါဘူး။ အထူးသဖြင့် နောက်ဆုံးမှာပိုင်း မှာပေါ့။ ကျွန်တော်တို့ ကျားကုတ်ကျားခဲ ကစား ခဲ့ရပြီး ကျွန်တော်တို့ လုပ်နိုင် ခဲ့ပါတယ်။” လို့ ဆိုသွား ပါတ်ယ။

ပြီးခဲ့တဲ့ ရာသီက စလို့ ဗန်ဒိုက် (၇ဂိုး) ထက် ဂိုးပိုမို သွင်းယူ ထားခဲ့တဲ့ နောက်ခံလူ မရှိသေးဘဲ လီဗာပူး ရဲ့ နံပါတ် ၄ က သူအနေနဲ့ တိုက်စစ်ပိုင်း အတွက် ဒီလိုမျိုး အကြိမ်ကြိမ် လုပ်ပေး နိုင်သင့်တယ်လို့ ယုံကြည် နေပါတယ်။

ဗန်ဒိုက်က “ကျွန်တော် အရေးပါဖို့ ကြိုးစား နေပါတယ်။ ကျွန်တော့်ရဲ့ အရပ် ၊ ကျွန်တော့်ရဲ့ စွမ်းရည် အရ ပင်နယ်တီ ဧရိယာ ထဲမှာ ဒီထက်ပိုပြီး အန္တရာယ် ပေးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို ပြိုင်ဘက် အသင်းရဲ့ အကောင်းဆုံး ခေါင်းတိုက် ကောင်းသူက ကပ်ထားတာကြောင့် အမြဲတမ်း မလွယ်ကူ ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော် ဒီနေ့မှာတော့ ၂ ဂိုး ရယူ သွားနိုင် ခဲ့ပါတယ်။” လို့ ပြောခဲ့ ပါတယ်။

လီဗာပူး ဟာ အခု ဆိုရင် ပရီးမီးယားလိဂ် ဇယား ထိပ်မှာ ၁၁ မှတ် အသာနဲ့ ဦးဆောင် နေပြီး တတိယ နေရာက လက်စတာ စီးတီးဟာ ယနေ့မှာ အဲဗာတန်ကို အိမ်ကွင်းမှာ ကစား ရမှာ ဖြစ်ပါတယ်။ လီဗာပူးဟာ ဒီပွဲ အပြီးမှာ အဲဗာတန်နဲ့ မာဆေးဆိုက် ဒါဘီကို ကစား သွားရမှာ ဖြစ်ပြီး ဗန်ဒိုက်က မာဆေးဆိုက် ဒါဘီ မတို်င်မီ သူတို့ အမြန်ဆုံး အားပြည့်လာဖို့ လိုတယ် ဆိုတာ သိနေ ပါတယ်။

ဗန်ဒိုက်က “ကျွန်တော့် အနေနဲ့ ပွဲတိုင်း ကစား ရဖို့ မျှော်လင့် ထားပါတယ်။ လာမည့် ဗုဒ္ဓဟူးနေ့ ပွဲစဉ်ဟာ ပွဲကောင်း တစ်ပွဲ ဖြစ်ပါတယ်။ အားလုံးဟာ ဒီပွဲအတွက် ရင်ခုန် နေကြပါတယ်။ ကျွန်တော်တို့ အခု လုပ်သွားရမှာက လာမည့် ပွဲစဉ် အတွက် ၁၀၀% ထက်ပိုနေအောင် လုပ်သွားဖို့ပါ။ ကံကောင်းစွာနဲ့ ကျွန်တော်တို့ ပြန်လည် အားဖြည့်ဖို့ အချိန် အနည်းငယ် ရပြီး အဆင်သင့် ဖြစ်အောင် လုပ်သွားမှာပါ။” လို့ ပြောခဲ့ ပါတယ်။

SM