လီဗာပူး အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်က Top 6 အသင်းတွေရဲ့ အင်းအား ဖြည့်တင်း ထားမှုတွေကြောင့် ဒီရာသီ ပရီးမီးယားလိဂ် title race ဟာ ပြီးခဲ့တဲ့ ရာသီကလို မန်ချက်စတာစီးတီး နဲ့ လီဗာပူး အသင်း တို့ ၂ကောင်တည်း ပြေးတဲ့ မြင်းပြိုင်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဆိုသွား ပါတယ်။

လီဗာပူး ဘယ်နောက်ခံလူ အန်ဒီရောဘတ်ဆန် က အန်ဖီး ကစားသမား ဘ၀ ဒုတိယ ရာသီကို ရောက်လာကြပြီ ဖြစ်တဲ့ နာဘီကီတာ နဲ့ ဖာဘင်ညို တို့ဟာ အသင်းမှာ အထိုင်ကျသွား ခဲ့ပြီ ဖြစ်တာကြောင့် ပြီးခဲ့တဲ့ ရာသီကထက် ပိုမို ခြေစွမ်းပြ နိုင်လိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

ဒေးလီးမေး ရဲ့ ဖော်ပြချက် အရ လီဗာပူး အသင်းဟာ ဘုန်းမောက် အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား ရိုင်ယန် ဖရေဆာ နဲ့ ဆောက်သမ်တန် ဂိုးသမား ဖရေဆာ ဖော်စတာ တို့ကို ခေါ်ယူရန် စိတ်ဝင်စား နေတယ်လို့ သိရပါတယ်။

လီဗာပူးဟာ မန်စီးတီး နဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ် မတိုင်မီ အသင်း ရဲ့ ကစားသမား ၅ ဦး ဖြစ်တဲ့ ဆက်ဗန်ဒန်ဘက်ခ်ျ ၊ ကီဂျနာဟူဗာ ၊ ယက်ဆာလာရူဆီ ၊ အဒမ်လီးဝစ် နဲ့ ဘော်ဘီဒန်ကန် တို့ကို မာဆေးဆိုက်ကို ပြန်စေ ခဲ့ပြီး အီဗီရန် camp မှာ ကစားသမား ၂၄ ဦးနဲ့ ဆက်လက် လေ့ကျင့် နေခဲ့ပါတယ်။

လီဗာပူးဟာ မဲဝုဒ် လေ့ကျင့်ရေးကွင်းကို ရောင်းချခဲ့ရာမှာ ရရှိ ခဲ့တဲ့ ပေါင် ၁၀ သန်း ကို လေ့ကျင့်ရေး ကွင်းသစ် ဖြစ်တဲ့ Kirkby ရဲ့ facilities တွေကို ထပ်မံ တိုးချဲ့ သွားဖို့ သုံးစွဲ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်နယ် အပြီးမှာ တော့တင်ဟမ် တိုက်စစ်မှုး ဟယ်ရီကိန်း ကို လှောင်ပြောင် ခဲ့တဲ့ video clip ကို လူမှုကွန်ယက်မှာ လွှင့်တင် ခဲ့တဲ့ ကစားသမားသစ် ဟာဗေးအယ်လီယော့ ရဲ့ အပြုအမူကို ရှုံ့ချခဲ့ပြီး အန်ဖီးမှာတော့ ၎င်းရဲ့ အကျင့်စရိုက်ကို ပြောင်းလဲ နိုင်မယ်လို့ မျှော်လင့်ကြောင်း ကြေငြာချက် ထုတ်ပြန် လိုက်ပါတယ်။

မန်ချက်စတာစီးတီး အသင်းရဲ့ အဓိက ဗဟို နောက်ခံလူ အေမရစ် လာပေါ့ဒ်ဟာ ဒဏ်ရာ ပြသနာကြောင့် လီဗာပူး နဲ့ ကစား ရမယ့် ကွန်မြူနတီဒိုင်း ပွဲကို လွဲချော် ရဖို့ ရှိနေပါတယ်။

မကြာသေးမီက ကစားသမား ဘ၀ ကနေ အနားယူ သွားခဲ့တဲ့ လီဗာပူး တိုက်စစ်မှုး ပီတာခရော့ခ်ျ ဟာ လာမည့် ဘောလုံး ရာသီ မတိုင်မီ BT Sport ရဲ့ ဘောလုံး အစီအစဉ် တင်ဆက်သူ အဖြစ် ပူပေါင်းတော့မှာ ဖြစ်ပါတယ်။

လီဗာပူး ကွင်းလယ်လူ ဂျိမ်းမ်ီနာ က သူတို့ တစ်သင်းလုံးဟာ ယခု နွေရာသီ မှာ အသင်း နဲ့ စာချုပ်ကုန်ကာ ဗီလာရီးရဲယ် ကို ပြောင်းရွေ့ သွားခဲ့တဲ့ ဘယ်နောက်ခံလူ အယ်ဗာတိုမိုရီနို ကို လွမ်းဆွတ် နေကြတယ်လို့ ထုတ်ဖော် သွားခဲ့ ပါတယ်။

လီဗာပူးဟာ ဒန်နီရယ်စတားရစ်ခ်ျ ရဲ့ နေရာကို အစားထိုးဖို့ အတွက် အပြောင်းအရွေ့ ဈေးကွက် မပိတ်မီ ဘော်ဒိုး အသင်းရဲ့ ပေါင် သန်း ၂၀ တန် ကစားသမား ဖရန်ကွိုက် ကာမာနို ကို ခေါ်ယူဖို့ အတွက် စဉ်းစား နေတယ်လို့ သိရပါတယ် ။

မန်စီးတီးရဲ့ ငွေကြေး သုံးစွဲနိုင်တဲ့ အင်အားနဲ့ ပက်သက်ပြီး ကလော့ ရဲ့ ပြောကြား ခဲ့မှု အပေါ် စီးတီး အကြီးအကဲ အိုမာဘာရာဒါ က “သူ ပြောခဲ့တဲ့ အရာနဲ့ ပက်သက်ပြီး ကျွန်တော်တို့ အနည်းငယ် အံ့သြ မိခဲ့ပါတယ်။ လီဗာပူးဟာ ကြီးကြယ်တဲ့ အားကစား ပြိုင်ဘက် ဖြစ်ပါတယ်။ သူတို့ ဘာကြောင့် ဒီလို မှတ်ချက် ပေးခဲ့သလဲ ဆိုတာ ကျွန်တော်လည်း မသိပါဘူး။ သူတို့ ဘာကြောင့် အခြား ကလပ်တွေကို လိုက်ကြည့် နေသလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ စိတ်ပျက်စရာ မဟုတ်သလို ဒေါသထွက်စရာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ငွေသုံးစွဲမှုကို သူတို့ ဘာကြောင့် ထောက်ပြနေသလဲ ဆိုတာ ကျွန်တော်တို့ သိချင်ရုံလေးပါ။ သူတို့ ငွေတွေ အများကြီး သုံးခဲ့တုန်းက ကျွန်တော်တို့ ဘက်က ဘာမှ မပြောခဲ့ပါဘူး။ အမှန်တရားကတော့ ထိပ်တန်းကလပ်တွေဟာ သင့်တော်တဲ့ ကစားသမားလို့ မြင်တဲ့သူအတွက် ရင်းနှီးမြှပ်နှံတာပါပဲ။ မန်စီးတီး ၊ ပီအက်ဂျီ ၊ ရီးရဲယ် ၊ ဘာကာ တို့ဟာ အမြဲတမ်း ပေါင်သန်း ၂၀၀ လောက် ရင်းနှီးမြှပ်နှံလေ့ ရှိတယ်ဆိုတာ မမှန်ပါဘူး။ ကျွန်တော်တို့ အခြားကလပ်တွေ ဘာလုပ်သလဲ ဆိုတာ ကြည့်မနေပါဘူး။”