မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီ တစ်ပါတ် အက်စတွန် ဗီလာ အသင်း နဲ့ ပရီးမီးယား လိဂ် ပွဲစဉ် အဖြစ် ရင်ဆိုင် ရမယ့် အချိန် မှာ နိုင်ပွဲ ပြန်လည် ရရှိ ဖို့ အားထုတ် သွားမှာ ဖြစ်ပေမယ့် အက်စတွန် ဗီလာ အသင်း နည်းပြ ဒင်းန် စမစ် ကတော့ သူတို့ တွေဟာ ထိပ်သီး အသင်း တွေနဲ့ ယှဉ်နိုင်စွမ်း ရှိတဲ့ အသင်း ဖြစ်ကြောင်း ပြိုင်ဖက် အသင်း ကို ကြိုတင် သတိပေး သွားခဲ့ လိုက် ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ နောက်ဆုံး ကစား ခဲ့တဲ့ ရှက်ဖီး ယူနိုက်တက် အသင်း နဲ့ ပွဲစဉ် မှာ သရေ ရလဒ် ထွက်ပေါ် ခဲ့ သလို အက်စတာနာ အသင်း နဲ့ ရင်ဆိုင် ခဲ့တဲ့ ယူရို ပါလိဂ် ပြိုင်ပွဲ မှာလည်း 2 – 1 ဆိုတဲ့ အရှုံး ရလဒ် ကိုသာ ထပ်မံ ဖော်ဆောင် နိုင်ခဲ့ ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် နည်းပြ ဖြစ်တဲ့ အိုလီ ဂန်နား ဆိုးလ်ရှား က ဒီ တစ်ပါတ် အက်စတွန် ဗီလာ နဲ့ ရင်ဆိုင် ရမယ့် ပွဲစဉ် မှာ အသင်း ကို အနိုင် ရလဒ် ပြန်လည် ရရှိ စေ ဖို့ ၊ လမ်းကြောင်း အမှန် အပေါ် ဆွဲတင် ပေးရင်း 3 မှတ် အပြည့် ရယူ နိုင်ဖို့ စွမ်းနိုင် သမျှ ကြိုးစား အားထုတ် တော့မှာ ပဲ ဖြစ်ပါတယ် ။

အကယ်လို့ ယူနိုက်တက် တို့သာ အနိုင် ရလဒ် ရယူ နိုင် ခဲ့မယ် ဆိုရင် ပရီးမီးယား လိဂ် အမှတ်ပေး ဇယား မှာ အမြင့်ဆုံး အဆင့် 5 နေရာ အထိ တက်လှမ်း သွားနိုင် မှာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် အက်စတွန် ဗီလာ အသင်း နည်းပြ စမစ် ကတော့ သူတို့ အသင်း ဟာလည်း အနိုင် ရလဒ် အတွက်ပဲ ဦးတည် လာမှာ ဖြစ်ကြောင်း သတိပေး သွားခဲ့ လိုက် ပါတယ် ။

” ဒီ လိဂ်မှာ ကျွန်တော် တို့ တွေဟာ ထိပ်တန်း အသင်း တွေနဲ့ ယှဉ်ပြိုင် နိုင်တယ် ဆိုတာ သိရှိ ကြ ပါတယ် ။ အဲ့တာ ကို ကျွန်တော် တို့က မန်ချက်စတာ စီးတီး ၊ အာဆင်နယ် ၊ တော့တင်ဟမ် နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် တွေမှာ ပြသ ခဲ့ပြီး ကြ ပါပြီ ”

” ကျွန်တော် တို့ဟာ အဝေးကွင်း မှာ နှစ်သက် တဲ့ ရလဒ် တွေကို ပိုင်ဆိုင် နိုင် လိမ့်မယ် ဆိုတဲ့ ရောက်ရှိ လာ ကြတာ တော့ မဟုတ် ပါဘူး ။ ဒါပေမယ့် ဒီလို ရလဒ် ရနိုင် ရေး အတွက် ကျွန်တော် တို့ဟာ သူတို့ တွေနဲ့ အလှမ်း ဝေးတဲ့ နေရာ မှာလည်း ရှိ မနေကြ ပါဘူး ။ အဲ့တာ တွေက အသေးစိတ် အချက်အလက် တွေ အပေါ် မှာပဲ မူတည် ပါတယ် ”

” ကျွန်တော် တို့ အသင်း ရဲ့ ကစားသမား တွေဟာ အချိန် တိုင်း လေ့လာ သင်ယူ မှုတွေ ပြုလုပ် နေကြ ပြီး တစ်ဦး ထက် တစ်ဦး ပိုကောင်းတယ် ဆိုတာ ကို ပြသ နိုင်ဖို့ ကြိုးစား နေကြ ပါတယ် ။ ကျွန်တော် တို့ဟာ နွေ ရာသီ အတွင်း မှာ အပြောင်း အလဲတွေ လုပ်ဆောင် နိုင်ခဲ့ ကြပါတယ် ”

” အဲ့တာ တွေနဲ့ အတူ သူတို့ တွေကို ပိုပြီး အတူတကွ ကစား ချင်စိတ် တွေကို ဖြစ်စေ ခဲ့ ပါတယ် ။ အခုတော့ သူတို့ တွေဟာ အစု အဖွဲ့ တစ်ခု ၊ ယူနစ် တစ်ခု ဖြစ်လာ နိုင်အောင် လုပ်ဆောင် နေကြ ပါပြီ ။ ဒါဟာ ကျွန်တော် တို့ မျှော်လင့် ထားခဲ့ ကြ သလို စတင် လုပ်ဆောင် ပြ နေခြင်း ပါပဲ ” လို့ စမစ် က ပြောကြား ခဲ့လိုက် ပါတယ် ။

လက်ရှိ အချိန် မှာ ယူနိုက်တက် ဟာ ရလဒ် တည်ငြိမ်ခြင်း မရှိ ခဲ့ ပေမယ့် အက်စတွန် ဗီလာ အသင်း ရဲ့ အထက် မှာ ရပ်တည် နေတဲ့ အသင်း ဖြစ် ပါတယ် ။ ဒါ့ကြောင့် ခြေစွမ်း အထူး ကောင်းမွန် ခြင်း မရှိ သေးတဲ့ ယူနိုက်တက် ကို အိုးလ် ထရပ်ဖို့ဒ် မှာ ရင်ဆိုင် ရခြင်း က ခက်ခဲ မှာ ဖြစ်ကြောင်း စမစ် က ဝန်ခံ သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် ဟာ ယူနိုက်တက် Vs လီဗာပူူး ပွဲစဉ် ကို ကြည့်ရှု ခဲ့ပါ သေးတယ် ။ အဲ့ဒီ နေ့က လီဗာပူး အသင်း နဲ့ ရင်ဆိုင် ရတဲ့ အချိန် မှာ သူတို့ တွေဟာ အရမ်း ကို တက်ကြွ ကောင်းမွန် နေခဲ့ ကြ ပါတယ် ။ ကျွန်တော် တို့ဟာ အခု ပရိသတ် 76,000 လောက် ရှိနေ ကြမယ့် ကွင်းကို သွားရောက် ကစား ကြရ မှာပါ ။ ဒါ့ကြောင့် အဲ့ဒီ မှာ သူတို့ ပရိသတ် တွေရဲ့ ခြိမ်းခြောက် ခံရမှု ပြသနာ ကတော့ ရှိနေ ဦးမှာ ပါပဲ ” လို့ စမစ် က ဥပမာ ပေး ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar