ယမန် နေ့ ညပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါး အသင်းက ဘုန်းမောက် အသင်းကို ၃-၂ ဂိုး နဲ့ အနိုင် ရခဲ့ပါတယ်။ဒီပွဲမှာ အထူးခြေစွမ်း ပြသ သွားခဲ့တာကတော့ ကွင်းလယ်လူ ဒယ်လီအလီဖြစ်ပြီးစပါးအတွက်ဦးဆောင်ဂိုး ၂ဂိုးကို သွင်းယူပေးနိုင် ခဲ့ ပါတယ်။

စပါး အသင်းဟာ နည်းပြ ပိုချက်တီနို ကို ထုတ်ပယ်ခဲ့ အပြီးမှာ ပေါ်တူဂီသားကြီးမော်ရင်ဟိုကို အစားထိုးတာဝန်ပေးထားခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ လက်ထက် မှာ စပါး အသင်းဟာ စိတ်ဓာတ် နဲ့ ခြေစွမ်း ကောင်းတွေ ပြန်ရလာ ခဲ့ ပြီး ပြိုင်ပွဲစုံမှာ ၃ ပွဲကစား ၃ပွဲလုံး အနိုင်ရထားခဲ့ပြီဖြစ်ပါတယ်။

မော်ရင်ဟိုဟာ စပါးအသင်းကို ရောက်စမှာ ဒယ်လီအလီ နဲ့ လေ့ကျင့်ရေးကွင်းအတွင်း ဆုံဖြစ်ခဲ့ ကြသေးတာဖြစ်ပါတယ်။ထိုအချိန်မှာ မော်ရင်ဟို က ဒယ်လီအလီအနေနဲ့ အတိတ်က ခြေစွမ်းနဲ့စွမ်းဆောင်ရည်မျိုးပြန်ပြပြီး ဒယ်လီအလီ အစစ်အမှန်ဖြစ်ကြောင်း သက်သေပြဖို့ တောင်းဆိုခဲ့ပါသေးတယ်။

တိုက်တိုက် ဆိုင်ဆိုင် ဆိုသလိုပဲ ဒီအင်္ဂလန် သားလေးဟာ မော်ရင်ဟို လက်ထက် ၃ပွဲလုံး မှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပြီး သွင်းဂိုး သို့မဟုတ် ဖန်တီးမှုတွေ လုပ်ဆောင်ပေးထားနိုင်ခဲ့ပါတယ်။သူဟာဝက်စ်ဟမ်းနဲ့ပွဲမှာဖန်တီးမှု တကြိမ်၊ အိုလံပီယာကော့စ်နဲ့ ပွဲမှာသွင်းဂိုး တဂိုးသွင်းယူးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်း မော်ရင်ဟိုက ဒယ်လီ အလီ အနေနဲ့ ကွင်းလယ်ပိုင်းမှာကစားနေတာ ထက် ဂိုးသွင်းယူမှုတွေကို ပိုပြီစတာဝန်ယူလုပ်ဆောင်သွားဖို့တိုက်တွန်းလိုက်ပါတယ်။ဘုန်းမောက်နဲ့ ပွဲအပြီး မီဒီယာတွေ့ဆုံပွဲမှာ မော်ရင်ဟိုက –

” ကျွန်တော့အတွက်တော့ အလီဟာ ကွင်းလယ်လူတဦးမဟုတ်ပါဘူး။တိုက်စစ် ကစားသမားတွေ နဲ့ သူလွတ်လွတ်လပ်လပ် ချိတ်ဆက် နိုင်ဖို့ အတွက် ကျွန်တော်တို့က ဆန္ဒရှိကြပါတယ်။ဒါဟာ သူ့အတွက် အကောင်းဆုံး နေရာတခုလည်းဖြစ်ပါတယ်။

သူဟာ အတော်လေးကောင်းတဲ့ ပုံစံမျိုးနဲ့ ကစားနေတာဖြစ်ပါတယ်။ဒါကြောင့်လည်းကျွန်တော်သူ့ကို ထပ်ပြီးမတောင်းဆိုနိုင်တော့ပါဘူးဗျာ။ကျွန်တော်သူ့ကို သိပ်မသိခဲ့ပါဘူး။သူပါတဲ့ အသင်းတွေနဲ့ လည်း အကြိမ်နည်းနည်းလောက်ပဲ ရင်ဆိုင်ခဲ့ဖူးတာဖြစ်ပါတယ်။

ကျွန်တော်က ကစာသမားတွေရဲ့ အရည်အသွေးကိုပဲသိဖို့ ကြိုးစားတာဖြစ်ပါတယ်။ဒါကြောင့်လည်း အရည်အသွေးကောင်းတဲ့ ကစားသမားတဦးက မြင့်မားတဲ့ ခြေစွမ်းအဆင့် အတန်း တခုမှာရှိမနေဘူးဆိုတာတော့ မဖြစ်နိုင်ပါဘူး။ဒါပေမယ့်တခါတလေမှာတော့ အကောင်းဆုံးပုံစံမျိုးမှာ ရှှိမနေတတ်ပါဘူး။

အလီဟာ လူကောင်းတယောက်ဖြစ်ပါတယ်။ကိုယ့်အတွက်ကိုယ်ပဲ တကိုယ်ကောင်းဆန်ဆန်ကြည့်ရှုတတ်သူမဟုတ်ပါဘူး။သူဟာစပါးအသင်းသားတယောက်ဖြစ်ပါတယ်။စပါးအသင်းဟာမျှဝေခံစားမှု စာနာနားလည်မှုတွေရှိတဲ့ မိသားစုတခုဖြစ်ပါတယ်” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

စပါး အသင်းဟာ ကြားရက်အတွင်း ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဧည့်သည် အိုလံပီယာကော့စ် အသင်းရဲ့ ဦးဆောင်ဂိုး ၂ဂိုးကြောင့် ရုန်းကန်ခဲ့ရသေးတာဖြစ်ပါတယ်။အခုပွဲမှာလည်း ၃ဂိုးပြတ်ဦးဆောင်ခဲ့အပြီးမှ ဟယ်ရီဝီလ်ဆင် ရဲ့ ချေပဂိုး၂ဂိုးကိုပြန်ပေးခဲ့ရပါသေးတယ်။

အိမ်ကွင်းမှာ ပေးဂိုးတွေ အခုလို မြင့်တက် နေပေမယ့် မော်ရင်ဟိုကတော့ – ” ဂိုးရလဒ်က အတော်လေးကို ထူးဆန်းပါတယ်။ကျွန်တော့်အသင်းဟာအိမ်ကွင်း ၂ပွဲမှာ လေးဂိုးပေးထားရတဲ့အကြောင်းကို ပြောလို့ရနိုင်ပါတယ်။ဒါပေမယ့်လည်း ကျွန်တော်ကတော့ အဲ့ဒီ ၂ ပွဲမှာ ရဂိုးသွင်းနိုင်ခဲ့တဲ့ အကြောင်းကိုပဲပိုပြီးပြောချင်ပါတယ် ” လို့ဆိုခဲ့ပါတယ်။

SPORTS MYANMAR