ဒီဇင််ဘာလ ဟာ ယာဂန်ကလော့ ရဲ့ လီဗာပူး အသင်း အတွက် စံချိန်တွေ ချိုးနိုင်မယ့် လတစ်လ ဖြစ်လာဖို့ ရှိနေပြီ ဖြစ်ပါတယ်။ လီဗာပူး အသင်းဟာ မနေ့ညက ဘရိုက်တန် အသင်းကို ၂-၁ နဲ့ အန်ဖီးမှာ အနိုင် ရရှိ ခဲ့ပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ် ၁၄ အပြီးမှာ ရမှတ် ၂ မှတ်သာ ဆုံးရှုံး ထားခဲ့ပြီး ကျန်ပွဲအားလုံးကို အနိုင်ကစား ထားကာ အကောင်းဆုံး ရာသီသစ်ကို စတင် နိုင်ခဲ့ ပါတယ်။

လက်ရှိမှာ လီဗာပူး ဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး နေရာကနေ အနီးကပ်ဆုံး ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ မန်စီးတီး ၊ လက်စတာ တို့ကို ၁၁မှတ်ထိ ဖြတ်ထား နိုင်ခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၁၇-၁၈ ရာသီ ပက်ဂွာဒီယိုလာ ရဲ့ လက်ထက် စံချိန်တင် ရမှတ် ၁၀၀ နဲ့ ပရီးမီးယားလိဂ် ဆုဖလား ကို သိမ်းပိုက် နိုင်ခဲ့တဲ့ မန်စီးတီး အသင်းရဲ့ ပရီးမီးယားလိဂ် သမိုင်းမှာ အကောင်းဆုံး ရာသီသစ် စတင်မှုကို လိုက်မှီ သွားနိုင် ခဲ့ပါတယ်။

လီဗာပူး အသင်း ဒီရာသီ အစပိုင်းမှာ အကောင်းဆုံး ရလဒ်တွေ ရရှိအောင် စွမ်းဆောင် ထားနိုင် ခဲ့တာကြောင့် ကလော့ရဲ့ အသင်းဟာ လက်ရှိ အချိန်မှာ စံချိန် အချို့ကို ချိုးဖျက် နိုင်ဖို့ အကောင်းဆုံး အခွင့်အရေး ရှိနေပြီ ဖြစ်ပါတယ်။ ဘရိုက်တန်ကို အနိုင် ရခဲ့တဲ့ ပွဲစဉ် အပြီးမှာ ကလော့ရဲ့ လီဗာပူးဟာ လွန်ခဲ့တဲ့ ၁၉၈၇ မေ နဲ့ ၁၉၈၈ မတ်လ ကြားမှာ တင်ထား ခဲ့တဲ့ ကလပ်ရဲ့ အရှည်ဆုံးကြား ရှံုးပွဲမရှိ top-flight မှတ်တမ်း (၃၁ ပွဲ) ကို လိုက်မှီ သွားခဲ့ပါတယ်။ ၎င်းတို့ အနေနဲ့ လာမည့် ဗုဒ္ဓဟူးနေ့ အန်ဖီးမှာ ကစား ရမယ့် မာဆေးဆို်က် ဒါဘီမှာ အဲဗာတန်ကိုသာ အနိုင် သို့ သရေ ကစား နိုင်ခဲ့မယ် ဆိုပါက ၃၂ ပွဲ နဲ့ စံချိန်သစ် တင်နိုင်မှာ ဖြစ်ပါတယ်။

အကယ်၍ လီဗာပူး အသင်း အနေနဲ့ သူတို့ရဲ့ မာဆေးဆိုက် ပြိုင်ဘက် ကို အနိုင် ရခဲ့မယ် ဆိုရင် ပွဲစဉ် ၁၅ အပြီး အဆင့်မြင့်တန်းမှာ ရမှတ် အများဆုံး စံချိန်ကို လိုက်မှီ သွားမှာ ဖြစ်ပြီး လက်ရှိ စံချိန်ရှင် ကတော့ လွန်ခဲ့တဲ့ ၂၀၁၇-၁၈ က ရမှတ် ၄၃ မှတ်နဲ့ မန်စီးတီး အသင်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ကလော့ ရဲ့ ဥရောပ ချန်ပီယံ အသင်းဟာ တစ်လ အတွင်း နိုင်ပွဲ အများဆုံး ကလပ် စံချိန် အဖြစ် နိုင်ပွဲ ၈ ပွဲနဲ့ စံချိန် တင်ထား နိုင်ခဲ့ ပါတယ်။

ဒီစံချိန်ကို ဒီလမှာ လီဗာပူး တို့ ချိုးဖျက်ဖို့ အခွင့်အရေး ရှိနေပြီး ကလော့ ရဲ့ အသင်းဟာ ကာရာဘောင် ဖလား ၊ ကလပ် ကမ္ဘာ့ဖလား ပွဲစဉ်တွေနဲ့ အတူ ၉ ပွဲ ကစားဖို့ ရှိနေလို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက လီဗာပူးဟာ ပွဲစဉ် ၁၉ မှာ အာဆင်နယ်ကို အဝေးကွင်းမှာ သွားရောက် မကစားမီ စုစုပေါင်း ရမှတ် ၅၁ မှတ် ရယူ ထားနိုင်ခဲ့ပြီး ရာသီ တစ်ခုရဲ့ ဒီလို အဆင့်မှာ သမိုင်းတစ်လျှောက် အကောင်းဆုံး English top flight စံချိန် ၅ ခုထဲမှာ ပါ၀င် ခဲ့ပါတယ်။

အမှတ်ပေးဖလား ကို ဆွတ်ခူး ခဲ့တဲ့ အခြား လေးသင်း ကတော့ ၁၈၈၈-၈၉ က ပရက်စတန် ၊ ၁၉၆၀-၆၁ က တော့တင်ဟမ် ၊ ၂၀၀၅-၀၆ က ချဲလ်ဆီး နဲ့ ၂၀၁၇-၁၈ က မန်စီးတီး တို့ပဲ ဖြစ်ပါတယ်။ ဒီလို ရမှတ် စုဆောင်းနိုင်ခဲ့ ပေမယ့်လည်း ချန်ပီယံဆု အတွက် အာမခံချက် မရှိဘူး ဆိုတာကို လီဗာပူး က သက်သေ ပြခဲ့ပေမယ့် အန်ဖီး ပရိတ်သတ်တွေ ကတော့ ဒီလို နာကျင် ခဲ့ရမှုကို ဒီရာသီ ပြန်လည် ချေဖျက် ပစ်နိုင်မယ်လို့ မျှော်လင့် နေကြပါတယ်။

လီဗာပူးဟာ လာမည့် ဒီဇင်ဘာ ၂၆ ရက်နေ့ ပွဲစဉ် ၂၀ အဖြစ် လက်စတာ စီးတီး ကို ကင်းပါ၀ါမှာ သွားကစား ရမှာ ဖြစ်ပြီး လက်ရှိ ခြေစွမ်းအရ ဆိုရင်တော့ ဒါဟာ နှစ်သင်းစလုံး အမှတ်ပေးဖလား အတွက် အရေးပါတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာ နိုင်ပါတယ်။ အဲဒီအဆင့်မှာ လီဗာပူး အနေနဲ့ ပြီးခဲ့တဲ့ ရာသီကလို ဒါမှမဟုတ် ပြီးခဲ့တဲ့ ရာသီကထက် ပိုမို ကောင်းမွန်တဲ့ စံချိန်ကို ရယူနိုင်ဖို့ အခွင့်အရေး ရှိနေပါတယ်။

လီဗာပူး အသင်းဟာ လွန်ခဲ့တဲ့ ၂၀၁၇-၁၈ က ပွဲစဉ် ၂၀ အပြီးမှာ ပက်ဂွာဒီယိုလာ ရဲ့ အသင်း စုဆောင်း နိုင်ခဲ့တဲ့ စံချိန်တင် ရမှတ်ကို ချိုးဖျက် နိုင်ဖို့ အခွင့်အရေး ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရာသီက လီဗာပူး အသင်းဟာ ပွဲစဉ် ၂၀ အပြီးမှာ ၅၄ မှတ် ရရှိ ခဲ့ပြီး all-time table မှာ တတိယ နေရာမှာ ရပ်တည် နိုင်ခဲ့ပြီး ဟိုဆေးမော်ရင်ညို ရဲ့ ၂၀၀၄-၀၅ ချဲလ်ဆီး အသင်း ကတော့ ၅၅ မှတ်နဲ့ ဒုတိယ နေရာမှာ ရှိနေပါတယ်။

အကယ်၍ လီဗာပူး အသင်း အနေနဲ့ (၀က်ဟမ်းနဲ့ ရွေ့ဆိုင်းထားတဲ့ ပွဲအပါအဝင်) ဒီဇင်ဘာ အတွင်း ကစား ရမယ့် ပွဲအားလုံးကို အနိုင် ရရှိ ခဲ့မယ် ဆိုရင် အန်ဖီးကလပ် အနေနဲ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပွဲစဉ် ၂၀ အပြီး အမြင့်ဆုံး စံချိန်တင် ရမှတ် ၆၁ မှတ်ကို ရရှိ နိုင်မှာ ဖြစ်ပြီး လက်ရှိ မှာတော့ လွန်ခဲ့တဲ့ ၂၀၁၇-၁၈ ဘောလုံးရာသီက မန်စီးတီးဟာ ၅၉ မှတ် နဲ့ စံချိန်တင် ထားခဲ့ပါတယ်။ ဒီဇင်ဘာဟာ လီဗာပူး အတွက် တကယ့်ကို ကြီးကြယ်တဲ လတစ်လ ဖြစ်ပြီး အကယ်၍ ကလော့ရဲ့အသင်း အနေနဲ့ လက်ရှိ ရလဒ်ကောင်း တွေကို ဆက်ထိန်း ထားနိုင်ခဲ့မယ် ဆိုပါက ဆုဖလားတွေ အတွက် အခြေအနေ ကောင်းသွားမယ့် အပြင် ဒီလို ဂန္တဝင်မြောက် စံချိန်တွေကိုလည်း ပိုင်ဆိုင် သွားနိုု်င်မှာပါ။

လီဗာပူးဟာ ယခု ၁၀ စုနှစ် အတွင်း ခရစ်စမတ်နေ့မှာ ထိပ်ဆုံး နေရာမှာ ရပ်တည် နိုင်ခဲ့ပေမယ့် အမှတ်ပေးဖလား ကို ဗိုလ်မစွဲ နို်င်တဲ့ တစ်ခုတည်းသော အသင်းပဲ ဖြစ်ပြီး ဒါမျိုး ၃ ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။ သို့ပေမယ့်လည်း ကလော့ ရဲ့ အသင်းဟာ လေးကြိမ်မြောက် မှာတော့ ကံကောင်းမှုတွေ ရရှိပြီး အမှတ်ပေးဖလားကို ၁၉ ကြိမ်မြောက် ဆွတ်ခူး နိုင်ဖို့ မျှော်လင့် နေမှာ ဖြစ်ပါတယ်။

SM