မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူး ဟောင်း ဖြစ်တဲ့ ဒီမစ်တာ ဘာဘာတော့ဗ် က လက်ရှိ အသင်းဟောင်း ရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ ဒီမစ်တာ ဘာဘာတော့ဗ် ဟာ အသက် 22 နှစ်သာ ရှိနေ သေး ပေမယ့် အသင်း မှာ နှစ်ပေါင်း များစွာ ကစား ခဲ့ သလို ကစားပြ နေကြောင်း ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် ရပ်ရှ်ဖို့ ဟာ အနာဂတ် မှာ ယူနိုက်တက် အသင်း ရဲ့ အသင်း ခေါင်းဆောင် တစ်ယောက် ဖြစ်လာ နိုင်သလို ကစား သမား ဘဝ အတွင်း အသင်း တစ်သင်း အတွက်ပဲ မြှုပ်နှံ ကစား ပေးတဲ့ ဂန္ဓဝင် ကစားသမားမျိုး ဖြစ်လာ နိုင်ကြောင်းလည်း ဘာဘာတော့ဗ် က သုံးသပ် ၊ မှတ်ချက် ပေးသွား ခဲ့လိုက် ပါတယ် ။

ရပ်ရှ်ဖို့ ဟာ နည်းပြ ဟောင်း လူးဝစ် ဗန်ဟားလ် လက်ထက် တုန်းက ယူနိုက်တက် အသင်း အတွက် ကစား ခွင့်တွေ ပိုင်ဆိုင် ခဲ့သူ ဖြစ်ပြီး ခြေစွမ်း နဲ့ သွင်းဂိုး အရည် အတွက် တွေကို မြင့်တက် လာအောင် မလုပ်ဆောင် နိုင်ခဲ့ ပေမယ့် ဒီ ရာသီ အတွင်း မှာတော့ ကောင်းမွန် တဲ့ ခြေစွမ်း တွေ ပြသ နိုင်ခဲ့ ပါတယ် ။

သူဟာ လက်ရှိ အသက် 22 နှစ်သာ ရှိနေသေး ပေမယ့် ယူနိုက်တက် အတွက် ကစား ပွဲ 200 ပြည့်မြောက် ဖို့ နီးကပ် နေပြီ ဖြစ်သလို အင်္ဂလန် လက်ရွေးစင် အသင်း အတွက် လည်း 38 ပွဲ အထိ ကစား ပေးထား နိုင်ခဲ့ ပါပြီ ။ ဒါဟာ သူ့ရဲ့ အသက်အရွယ် နဲ့ ယှဉ်ရင် တော့ ထူးခြား တဲ့ အရာ တစ်ခု ပါပဲ ။

ဒါ့ကြောင့် ဘာဘာတော့ဗ် က အသက် အရွယ်ထက် ပိုများတဲ့ အတွေ့အကြုံ တွေ ရရှိ နေတဲ့ ယူနိုက်တက် တိုက်စစ်မှူး လေး ရပ်ရှ်ဖို့ ဟာ အသင်း ရဲ့ ဂန္ဓဝင် ကစားသမား တွေ ဖြစ်တဲ့ ရိုင်ယန် ဂစ် ၊ ဂယ်ရီ နဗီးလ် နဲ့ ပေါလ် စခိုးလ် တို့လို ကစားသမား မျိုး ဖြစ်လာ နိုင် လိမ့်မယ်လို့ မှတ်ချက်ပေး သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

” ရပ်ရှ်ဖို့ ဟာ တစ်ကယ့် ကို ထိပ်တန်း စွမ်းဆောင်ရည် တွေနဲ့ အတူ ဂိုးတွေ သွင်းယူ ပြနိုင် နေတာ ကို ကြည့်ရှု ရတာ က တစ်ကယ် ပဲ ကောင်းမွန် လှတဲ့ အရာ တစ်ခု ပါပဲ ။ အဲ့တာ တွေဟာ ယူနိုက်တက် မှာ ရေရှည် ဖြစ်လာ နိုင်ဖို့ အတွက် ကျွန်တော် မျှော်လင့် နေ ပါတယ် ”

” သူဟာ အခု မှ အသက် 22 နှစ်ပဲ ရှိနေ ပါ သေးတယ် ။ ဒါပေမယ့် သူ့ကို ကြည့်ရတာ က ဒီ အသင်း အတွက် နှစ်ပေါင်း တစ်ရာ လောက် ကစား ပေးထား ခဲ့ သလို ပါပဲ ။ သူဟာ အရမ်းပဲ ငယ်ရွယ် နေပါ သေးတယ် ။ ဒါပေမယ့် သူဟာ ဂိုးတွေ များစွာ သွင်းယူ နိုင်ဖို့ အတွက် အချိန် အများကြီး ပိုင်ဆိုင် ထားပါ သေးတယ် ”

” သူ့ အနေ နဲ့ နောက်တစ်ဆင့် တက်ရောက် နိုင်ရေး စပ်ကြားကာလ မှာ အဆုံးသတ် စွမ်းရည်ပိုင်း ပိုကောင်း လာအောင် ဆက်လက် လုပ်ဆောင် ပြနိုင်ဖို့ မျှော်လင့် နေပါတယ် ။ အဲ့တာ က ပဲ ကစားသမား တစ်ယောက် ကို ထိပ်တန်း တိုက်စစ်မှူး ဖြစ်စေ တာပါ ”

” အကယ်လို့ ခင်ဗျား ဟာ ဂိုးသမား တစ်ဦး နဲ့ ထိပ်တိုက် တွေ့ပြီဆို ဘယ် နေရာ ကို ကန်သွင်း ရမလဲ ဆိုတာ နဲ့ ပတ်သက် လို့ ခင်ဗျား ချမှတ် လိုက်တဲ့ နောက်ဆုံး ဆုံးဖြတ်ချက် က အခရာ ပါပဲ ။ ဘယ်လောက် အားထည့် ကန်လိုက် သလဲ ၊ ဘယ်လောက် အထိ ကောင်းမွန် သလဲ ဆိုတာ က ပွဲစဉ် ကို ပြောင်းလဲ ပေးတဲ့ အရာ တစ်ခု ပါပဲ ”

 

” ကျွန်တော် ဟာ သူ့ကို မန်ချက်စတာ ယူနိုက်တက် အသင်း မှာပဲ အချိန် ကြာမြင့်စွာ မြင်တွေ့ နိုင်လောက် ပါတယ် ။ သူဟာ အသင်း တစ်သင်း အတွက်ပဲ ကစားသမား ဘဝ ကုန်ဆုံ လိုက်မယ် ဆိုရင် တောင် အဲ့တာ က ကျွန်တော့် ကို အံ့အား သင့်စေ မှာ မဟုတ် ပါဘူး ” လို့ ဘာဘာတော့ဗ် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar