မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ ယနေ့ ည မြန်မာ စံတော်ချိန် ၁၁းဝဝ နာရီ မှာ ပရီးမီး ယားလိဂ် ပွဲစဉ် ( ၁၄ ) အဖြစ် အက်စ်တွန် ဗီလာ အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား ရမှာ ဖြစ် ပါတယ် ။ ယမန်နေ့ ညက ချဲလ်ဆီး အသင်း ရှုံးပွဲ တွေ့ သွားခဲ့ တာကြောင့် ယူနိုက်တက် အနေနဲ့ အခွင့် အရေး ရယူနိုင်ဖို့ ဒီပွဲ ဟာ အရေးပါ လာခဲ့ ပါတယ် ။

ယူနိုက်တက် အသင်း မှာ ရိုဟို ၊ ပေါ့ဘာ တို့ ဒဏ်ရာ ရရှိ နေကြသလို ကြားရက် တုန်းက လေ့ကျင့်ခန်း မဆင်း ခဲ့တဲ့ မာတစ် တို့ ယခု ည ပွဲ ကို လွဲချော် မယ် လို့ သိရ ပါတယ် ။ မာတစ် က တော့ ဇန်နဝါရီ ကို မြန်မြန် ရောက် ဖို့ စိတ်ကူး နေပြီး အိုးထရက်ဖိုဒ့်ကို စွန့်ခွာ ဖို့ စိတ်ပိုင်း ဖြတ်ထားပြီ လို့ လည်း သတင်းထွက် နေ ခဲ့ ပါတယ် ။

ယူနိုက်တက် လူငယ် နောက်ခံ ကစား သမား တူအန်ဇီဘီ ကတော့ ယမန်နှစ် က အငှား သွား ကစား ခဲ့တဲ့ ဗီလာ နဲ့ ပြန်လည် ရင်ဆိုင် ရတော့ မှာပဲ ဖြစ် ပါတယ် ။ ဗီလာ ဘက် မှာ ယူနိုက်တက် တို့ စောင့်ကြည့် နေတဲ့ ဂျွန်မက်ဂင်း ၊ ဂျက်ဂရီလစ်ရှ် တို့ အစုံအလင် ပါ၀င် လာကြမယ် လို့ သိရ ပါတယ် ။

ယူနိုက်တက် ပရိသတ် တွေ ဟာ ဇန်နဝါရီ မှာ လက်စတာ စီးတီး ကွင်းလယ် ဖန်တီးရှင် ဂျိမ်းစ် မက်ဒီဆင် ကို လေဗာကူဆင် ကွင်းလယ်လူ ကိုင် ဗာဟတ် ထက် ပိုပြီး ခေါ်ယူ စေလို ကြတယ်လို့ သိရှိရ ပါတယ် ။

ယူနိုက်တက် အသင်း ခေါင်းဆောင် ဟောင်း ၀ိန်းရွန်းနီ ဟာ ယမန်နေ့ ညက ကစားခဲ့တဲ့ ဒါဘီ အသင်း ရဲ့ ပွဲစဉ် မှာ ကစား သမား – နည်းပြ အဖြစ် နဲ့ စတင် ပါ၀င် ခဲ့ တယ် လို့ သိရ ပါတယ် ။ ဒါဘီ ဟာ အဆိုပါ ပွဲ မှာ QPR အသင်း နဲ့ ၁ ဂိုးစီ သရေ ကျခဲ့ ကြ ပါတယ် ။

ယူနိုက်တက် ဟာ ဒီဇင်ဘာ လ ထဲ မှာ ပြိုင်ပွဲစုံ ၉ ပွဲ အထိ ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပြီး ယခု ည ပွဲ အပါ အဝင် မန်စီးတီး ၊ စပါး ၊ အဲဗာတန် ၊ ၀က်ဖိုဒ့် ၊ နယူးကာဆယ် ၊ ဘန်လေ တို့ ကို ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ကစား ရမှာ ဖြစ်ကာ အေဇက် အယ်ခမာ ၊ ကိုချက် စတာ အသင်း တို့ ကို တော့ ယူရိုပါ လိဂ် ၊ ကာရာဘောင် ဖလား ပွဲတွေ အဖြစ် ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ် ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ကစား သမား တွေ ဟာ

ဗီလာ နဲ့ ကစားမယ့် ပွဲ အတွက် ဟိုတယ် ကို ရောက်ရှိ လာတဲ့ ယူနိုက်တက် ကစား သမား စာရင်း –
ဒီဂီယာ ၊ ဂရန့်
ဘစ်ဆာကာ ၊ တူအန်ဇီဘီ ၊ လင်ဒီလော့ဖ် ၊ မက်ဂွဲယား ၊ ယန်း ၊ ရှော ၊ ၀ီလ်ယံ
ပါရဲရား ၊ ဖရက် ၊ လင်ဂတ် ၊ မာတာ ၊ လီဗစ် ၊ ဂါနာ
မာရှယ် ၊ ရက်ဖိုဒ့် ၊ ဂျိမ်းစ် ၊ ဂရင်းဝုဒ်

ယနေ့ ည ပွဲထွက် လာဖွယ် ရှိတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း လူစာရင်း –
ဒီဂီယာ
ဘစ်ဆာကာ ၊ လင်ဒီလော့ဖ် ၊ မက်ဂွဲယား ၊ ၀ီလ်ယံ
ဖရက် ၊ ပါရဲရား ၊ မာတာ
ရက်ဖိုဒ် ၊ မာရှယ် ၊ ဂျိမ်းစ်

SPORTS MYANMAR