အာဆင်နယ် အသင်း ရဲ့ဂန္တဝင် အသင်းခေါင်းဆောင် ပက်ထရစ် ဗီအဲရာ က အခု လက်ရှိ အသင်းရဲ့ နည်းပြ ရာထူးဟာ တကယ့်ကို ခက်ခဲ ရှုပ်ထွေးမယ့် အလုပ် ဖြစ်ကြောင်း နဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစား နေတဲ့ သတင်းတွေကို ငြင်းဆန် ပယ်ချ သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း ဂန္တဝင် ကွင်းလယ်လူ ဗီအဲရာ ဟာ အခု လက်ရှိ အချိန်မှာ ပြင်သစ် လီဂူး ကလပ် နိုက်စ် အသင်း ရဲ့ နည်းပြ အဖြစ် လုပ်ကိုင် နေပြီး ၊ အာဆင်နယ် အသင်း နည်းပြ ရာထူး အတွက် ရေပန်းစားနေသူတွေထဲမှာ ပါဝင်နေသူလည်း ဖြစ်ပါတယ် ။

ဗီအဲရာ ဟာ အာဆင်နယ် အသင်းမှာ ကိုးနှစ်ကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ် ဖလား သုံးကြိမ် ၊ အက်ဖ်အေဖလား နှစ်ကြိမ် ရယူ နိုင်ခဲ့ပါတယ် ။ ဗီအဲရာ ဟာ ၂၀၀၃-၂၀၀၄ ခုနှစ်တုန်းက အာဆင်နယ် အသင်း ရှုံးပွဲ မရှိ စံချိန်နဲ့ ဗိုလ်စွဲတုန်းက အသင်းကို ဦးဆောင်ခဲ့တဲ့ အသင်း ခေါင်းဆောင်လည်း ဖြစ်ပါတယ် ။

ဗီအဲရာ ဟာ ကစားသမား ဘဝ က အနားယူချိန်မှာ မန်စီးတီး အကယ်ဒမီ နည်းပြ အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ အမေရိကန် ဘောလုံး ကလပ် နယူးယော့ခ် စတီး အသင်းမှာ နည်းပြ ဘဝ ကို စတင် ခဲ့ပါတယ် ။

အာဆင်နယ် နည်းပြ ရာထူးကို ရယူချင်ကြောင်း ပြောကြားထားဖူးတဲ့ ဗီအဲရာ က အခု အခါမှာတော့ ထွက်ပေါ် နေတဲ့ သတင်းတွေကို ငြင်းဆန် ပယ်ချ သွားခဲ့ပါတယ် ။ ” အသင်းမှာ ကျွန်တော် ကိုင်တွယ် ဖြေရှင်းလို့ မရနိုင်တဲ့ အရာတွေ ရှိနေတယ်လို့ သိရပါတယ် ၊ မှန်ချင်မှလည်း မှန်မှာပါ ။ ”

” ထွက်ပေါ် နေတဲ့ သတင်းတွေ နဲ့ ပတ်သက်ပြီး ဘာမှ မပြောချင်ပါဘူး ၊ ကျနော်လည်း ခင်ဗျား တို့လိုပါပဲ။ သတင်းတွေ ဖတ်ကြည့်တာနဲ့ အပြင်ကပြန်ကြားတာလောက်ပဲ ရှိတာပါ ၊ အာဆင်နယ် အသင်း နည်းပြ ရာထူးက တကယ့်ကို ခက်ခဲ ရှုပ်ထွေးမယ့် အလုပ်ပါ ။ ”

” ကျနော်က အမ်မရီ ကို ထောက်ခံ အားပေးသူပါ ၊ နည်းပြ တစ်ယောက် ထုတ်ပယ် ခံရတဲ့အတွက် စိတ်မကောင်းပါဘူး ။ ဒီနေ့ သူ ထုတ်ပယ်ခံ ရသလို ကျနော်လည်း မနက်ဖြန်မှာ ကျနော် ထုတ်ပယ် ခံရနိုင်ပါတယ် ။ ဒါပေမယ့် နည်းပြ အလုပ်ကို စလုပ်ပြီ ဆိုတာနဲ့ တစ်ချိန်ချိန်မှာ ကိုယ် အထုတ်ခံရမယ်ဆိုတာ တွေးထားရမှာပါ ။ ” လို့ ဆိုပါတယ် ။

SPORTS MYANMAR