ဆဲလ်တစ် နဲ့ အာဆင်နယ် အသင်း တို့ရဲ့ တိုက်စစ်မှူး ဟောင်း ဖြစ်သူ ချာလီ နစ်ကိုးလ် ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ခံစစ် ဟာ ချောက်ချား စရာ ကောင်းတဲ့ အကြောင်း ၊ ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ ဟာ ထိပ်တန်း ဂိုးသမား မဟုတ်တဲ့ အကြောင်း ဝေဖန် ထိုးနှက် သွားခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီနေ့ ညမှာ အက်စတွန် ဗီလာ အသင်း နဲ့ ရင်ဆိုင် ကစား ရမှာ ဖြစ်ပြီး အဆိုပါ ပွဲစဉ် မတိုင်မီ ချာလီ နစ်ကိုးလ် က ယူနိုက်တက် စီနီယာ ကစားသမားတွေ ဖြစ်ကြတဲ့ ဒီဂီယာ အပါအဝင် အက်ရှ်လေ ယန်း တို့ကို ပါ ဝေဖန် ထိုးနှက် သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

အထူးသဖြင့် အသက် 34 နှစ်တောင် ရှိပြီ ဖြစ်တဲ့ အက်ရှ်လေ ယန်းကို ဘာကြောင့် စာချုပ် သက်တမ်း တိုးမြှင့်တာ လဲ ၊ အသင်း ရဲ့ လမ်းကြောင်း က ဘာလဲ ဆိုတဲ့ အပေါ် ချာလီ နစ်ကိုးလ် က ဝေဖန် ထိုးနှက် ခဲ့တာ ပဲ ဖြစ်ပါတယ် ။

” ယူနိုက်တက် အသင်း ရဲ့ ခံစစ် ပိုင်းက တစ်ကယ့် ကို ရှော့ခ် ရစရာ ပါပဲ ။ ဒီဂီယာ အကြောင်း ကို ဘယ်သူ မှ မပြော ကြတော့ ပါဘူး ။ သူဟာ အမှား တွေကို မလုပ်တော့ ပါဘူး ။ ဒါပေမယ့် ဂိုးပေါက် ကာကွယ် မှု တွေကို လည်း မလုပ်ဆောင် တော့ ပါဘူး ။ ဒါဟာ သူ့ရဲ့ အမှတ် လက္ခဏာ တွေလေ ”

” သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကို အကြိမ် များစွာ ရယူ ဆွတ်ခူး ထားနိုင် ခဲ့ ပါတယ် ။ အထူးသဖြင့် အဲ့တာ တွေကို လူးဝစ် ဗန်ဟားလ် နဲ့ ဟိုဆေး မော်ရင်ဟို လက်အောက် တွေမှာ ရယူနိုင် ခဲ့တာပါ ”

” ဒါပေမယ့် ဘယ်သူမှ သူ့ကို ထိပ်တန်း ကစားသမား တစ်ယောက် ဆိုပြီး အထူး ချီးကျူး ပြောဆိုခြင်း မရှိ ကြတော့ ပါဘူး ။ အက်ရှ်လေ ယန်းကို ကြည့်လိုက်မယ် ဆိုရင် သူဟာ ဘယ် ခံစစ် သာမက ညာ ခံစစ် ပါ ကောင်းကောင်း မကစား တက်တဲ့ ကစားသမား ဆိုတာ တွေ့မြင် ခဲ့ရ ပါတယ် ။ ဒါဆို သူ့ကို ဘာလို့ စာချုပ် သက်တမ်း တိုးခဲ့ ကြတာလဲ ? ”

” တစ်ကယ် ပြောတာ ပါ ။ ယူနိုက်တက် ရေ ၊ မင်း ဘယ်ကို သွား နေတာ လဲ ? ဘရန်ဒန် ဝီလီယံ နဲ့ မာဆွန် ဂရင်းဝုဒ် တို့ ကောင်းမွန် ခဲ့ကြ ပါတယ် ။ ဒါပေမယ့် သူတို့ တွေက အသင်း ကို ဆွဲတင် ပေးနိုင် မယ့် သူတွေ လား ? ၊ မားကပ်စ် ရပ်ရှ်ဖို့ ကရော အဲ့တာ တွေကို လုပ်ဆောင် နိုင်ပါ့ မလား ? ”

” ကျွန်တော် တို့ တွေဟာ ဘောလုံး မှာ 10 မိနစ် လောက် ကောင်းကောင်း ကစား ပြရုံ နဲ့ ရပ်တည် ပြလို့ မရနိုင် ပါဘူး ။ သူတို့ တွေက မပြောင်းလဲ ချင်ကြ ပါဘူး ။ သူတို့ တွေဟာ အသင်းကို ဒီ အတိုင်းပဲ ဆက်လက် တည်ဆောက် ချင်နေ ကြတာပါ ” လို့ ချာလီ နစ်ကုုိးလ် က ယူနိုက်တက် အသင်း ရဲ့ လက်ရှိ အနေအထား အပေါ် ဝေဖန် ထိုးနှက် သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar