* အာဆင်နယ် အသင်းဟာ ဘာစီလိုနာ အသင်း ကွင်းလယ်လူ ကော်တင်ဟို ကို တစ်ရာသီ အငှား နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတယ်လို့ စပိန် အခြေစိုက် သတင်းတွေမှာ ဖော်ပြ နေကြပါတယ် ။ အာဆင်နယ် အသင်းဟာ ဘာစီလိုနာ အသင်း နဲ့ ဂျို အမ်ဂမ်ပါ ဖလားပွဲ ကစားဖို့ ရှိနေပြီး ၊ အဆိုပါပွဲမှာ ကော်တင်ဟို ကို အငှားနဲ့ ခေါ်ယူဖို့ အပြီးသတ် ဆွေးနွေးသွားမယ်လို့ သိရပါတယ် ။

* အာဆင်နယ် အသင်း ကစားသမားသစ် နီကိုလပ်စ် ပီပီ က သူ့ရဲ့ အင်စတာဂရမ် အကောင့်မှာ အာဆင်နယ် အသင်း ဂျာစီကို ဝတ်ဆင်ပြီး ကစားခွင့် ရတော့မှာ ဖြစ်တဲ့ အတွက် ဂုဏ်ယူမိကြောင်း နဲ့ သူ့ကို ကြိုဆို အားပေးကြတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူး တင်ကြောင်း ရေးသား သွားခဲ့ပါတယ် ။

* ဂန်းနားတို့ရဲ့ ပစ်မှတ် ဂျူ ဗင်တပ်စ် ကွင်းလယ်လူ ခီဒီရာ ဟာ အာဆင်နယ် အသင်းထက် စာရင် ဝုလ်ဗာဟမ်တန် အသင်းကို ပြောင်းရွှေ့ဖို့ ပိုမို လိုလားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ် ။ ခီဒီရာ ဟာ ရမ်ဆေး ၊ ရာဘီယိုစ့် တို့ ရောက်ရှိလာမှုကြောင့် ဂျူ ဗင်တပ်စ် အသင်းကနေ ထွက်ခွာဖို့ ဆန္ဒ ရှိနေတာလည်း ဖြစ်ပါတယ် ။

* အာဆင်နယ် အသင်း ပစ်မှတ် တောင်ပံ ကစားသမား ရိုင်ယန် ဖရေစာ ဟာ လာမယ့် ရာသီကုန်ရင် အသင်းမှာ ဆက်ရှိဖို့ မသေချာကြောင်း ဘုန်းမောက် နည်းပြ အက်ဒီ ဟိုဝီ က ပြောကြား လိုက်ပါတယ် ။ ဖရေစာ ဟာ ဘုန်းမောက် အသင်း နဲ့ စာချူ ပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမားပါ ။

* အာဆင်နယ် အသင်း ရဲ့ နိုင်ဂျီးရီးယား ကွင်းလယ်လူ နွာကာလီ ဟာ စပိန် ဒုတိယတန်း ကလပ် ဟူရက်စ်ကာ ကို အလွတ်ပြောင်းရွှေ့ကြေး နဲ့ ရောက်ရှိ သွားခဲ့ပြီလို့ သိရပါတယ် ။ အသက် ၂၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နွာကာလီ ဟာ ပြီးခဲ့တဲ့ ရာသီက ပေါ်တို (ခ) အသင်းကို အငှား သွားရောက် ကစားခဲ့သူလည်း ဖြစ်ပါတယ် ။

* ပြင်သစ် သတင်းစာ တစ်စောင် ဖြစ်တဲ့ L’Equipe ရဲ့ ဖော်ပြချက်အရ ဘော်ဒိုး အသင်း တာဝန်ရှိသူတွေဟာ ကော့စီရယ်နီရဲ့ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးဖို့ လန်ဒန်ကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ် ။ ကော့စီရယ်နီ ဟာ ဂန်းနားတို့နဲ့ စာချူ ပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး အာဆင်နယ် အသင်းဘက်ကတော့ ပေါင် ၁၀ သန်း ရရင် ရောင်းချသွားဖွယ် ရှိနေပါတယ် ။

* ရာသီကြို ခြေစမ်းပွဲ နောက်ဆုံးပွဲ အဖြစ် ဘာစီလိုနာ အသင်း နဲ့ ဂျိုအမ်ဂမ်ဘာ ဖလားပွဲ ကစားမယ့် အာဆင်နယ် အသင်း ရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ အီဝိုဘီ က လွဲလို့ ကစားသမား အစုံအလင် ပြန်လည် ပါဝင် လာခဲ့ပါတယ် ။

* အာဆင်နယ် အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ကာလ မပိတ်သိမ်းခင် ဆဲလ်တစ် ဘယ်နောက်ခံလူ ကီရန် တီယာနေး ကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းတော့မယ်လို့ သိရပါတယ် ။ ဆဲလ်တစ် နဲ့ စကော့တလန် နောက်ခံလူ တီယာနေး ကို ခေါ်ယူဖို့ အာဆင်နယ် အသင်းဟာ ပေါင် ၁၅သန်းနဲ့ တစ်ကြိမ် ၊ ပေါင် ၂၅သန်းနဲ့ တစ်ကြိမ် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချ ခံခဲ့ရပါတယ် ။

* ၁၉၉၉ ခုနှစ် ၊ ဒီနေ့လို အချိန်မျိုးမှာ အာဆင်နယ် အသင်းဟာ နောင်တစ်ချိန် ဂန္တဝင် ကစားသမား ဖြစ်လာမယ့် သီယာရီ အွန်နရီ ကို ဂျူ ဗင်တပ်စ် အသင်းကနေ ပေါင် ၁၁ သန်း နဲ့ ခေါ်ယူခဲ့ပါတယ် ။ အွန်နရီ ဟာ အာဆင်နယ် အသင်း ရဲ့ အကောင်းဆုံး ခေါ်ယူမှု ဖြစ်ခဲ့ပြီး ပရီး မီးယားလိဂ် သမိုင်း တစ်လျှောက် အကောင်းဆုံး တိုက်စစ်မှူး တစ် ဦး ဖြစ်လာခဲ့ပါတယ် ။

* ဒါဘီ အသင်းကို ပြောင်းရွေ့ သွားခဲ့ပြီ ဖြစ်တဲ့ ဘီလစ် က ပြီးခဲ့တဲ့ လေးနှစ်တာ ကာလမှာ အာဆင်နယ် အသင်း ကစားသမား အဖြစ် ကိုယ်စားပြုခွင့် ရတဲ့ အတွက် ဂုဏ်ယူ မိကြောင်း ပြောကြားလိုက်ပြီး ၊ အာဆင်နယ် အသင်းကိုလည်း လာမယ့်နှစ်တွေမှာ ဖလားအောင်မြင်မှုတွေ ဆွတ်ခူး နိုင်ပါစေလို့ ဆုတောင်းပေးသွားခဲ့ပါတယ် ။

* အာဆင်နယ် အသင်း နဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ လမ်းခွဲခဲ့တဲ့ လူငယ် နောက်ခံလူ ကိုဟမ် ဘရာမောလ် ဟာ လိဂ်ဝမ်း ကလပ် ကိုချက်စတာ ယူနိုက်တက် အသင်းကို တရားဝင် ပြောင်းရွှေ့ရောက်ရှိ သွားခဲ့ပါပြီ ။

SPORTS MYANMAR