လီဗာပူး ကွင်းလယ်လူဟောင်း ဒန်နီမာဖီ က လီဗာပူး အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ဖလား ကို ဗိုလ်စွဲ နိုင်ဖို့ အတွက် အကောင်းဆုံး အနေအထားမှာ ရှိနေပြီလို့ ဆိုလိုက်ကာ title race ကတော့ ပြီးဆုံး သွားခြင်း မရှိသေးဘူးလို့ ဆိုလိုက် ပါတယ်။ မန်စီးတီးဟာ မနေ့ညက နယူးကာဆယ် နဲ့ စိန့်ဂျိမ်းပက်မှာ ကစား ခဲ့တဲ့ ပွဲစဉ်မှာ ၂ ဂိုးစီ သရေ ကျခဲ့ပြီး ရမှတ် ၂ မှတ် ဆုံးရှုံး သွားခဲ့ ပါတယ်။

မန်စီးတီး ရဲ့ အဓိက ဖလား ပြိုင်ဘက် လီဗာပူး ကတော့ မန်စီးတီး ရဲ့ ခြေချော်မှုကို အခွင့်အရေး ရယူ နိုင်ခဲ့ကာ ဘရိုက်တန် အသင်းကို ၁၀ ယောက်ကျန်နဲ့ ခက်ခက်ခဲခဲ ကစားကာ အနိုင် ရရှိ ခဲ့ပြီး လက်ရှိ အမှတ်ပေးဇယားမှာ ဒုတိယ နေရမှာ ရပ်တည် နေတဲ့ မန်စီးတီး ကို ၁၁ မှတ်ထိ ဖြတ်ထား နို်င်ခဲ့ ပါတယ်။ လူတစ်ချို့ ကတော့ ဒီလို ရမှတ် ကွာဟမှုကြောင့် title race ဟာ ပြီးဆုံး သွားပြီလို့ မှတ်ချက် ပေးခဲ့ ကြပေမယ့်လည်း ဒန်နီမာဖီ ကတော့ အမှတ်ပေးဖလား ဖလား တိုက်ပွဲ တကယ် ပြီးဆုံး သွားမယ့် အချိန်ကို ပြောပြ သွားခဲ့ ပါတယ်။

အကယ်၍ လီဗာပူး အသင်း ဒီရာသီ ပရီးမီးယားလိဂ် ဖလား ကို မဆွတ်ခူး နိုင်ခဲ့ဘူး ဆိုရင် ကျွန်တော် အလွန် အံ့အားသင့်မိ မှာပါ။ ဒါပေမယ့် ပရီးမီးယားလိဂ် title race ဟာ လုံးဝ ပြီးဆုံး သွားပြီလို့ ပြောရလောက်အောင် ကျွန်တော် မအ သေးပါဘူး။ ကျွန်တော့် အတွက် ကတော့ လီဗာပူး တို့ ပရီးမီးယားလိဂ် ဖလား အတွက် အရမ်း အခြေအနေ ကောင်းနေတယ်လို့ ထင်ပါတယ်။

နောက်ဆုံး အဆင့်ကို ကျော်ဖြတ် နို်င်ဖို့ အတွက် ကလပ် အသင်း အပေါ် ကျွန်တော် ရှိနေတဲ့ မျှော်လင့်ချက်လည်း ဖြစ်နိုင် ပါတယ်။ ဒါပေမယ့် အမှတ်ပေးဖလား အတွက် အဝေးကြီး သွားဖို့ လိုနေ ပါသေးတယ်။ အများကြီးလည်း ဖြစ်သွား နိုင်ပါတယ်။ လီဗာပူး ဟာ အရမ်းကို ကောင်းမွန်တဲ့ စရိုက်လက္ခဏာ ၊ ကြံ့ခိုင်မှု ၊ စိတ်ဓာတ် မာကျောမှု တွေကို ပြသ ထားခဲ့ ပါတယ်။ ဒါပေမယ့် သူတို့ဟာ အခုထိ အရမ်း ကောင်းအောင် ကစား ထားနိုင်ခြင်း မရှိသေး ပါဘူး။

သူတို့ရဲ့ ခြေစွမ်းဟာ သူတို့ လိုချင်တဲ့ အတိုင်းအတာကို အခုထိ မရောက် သေးပါဘူး။ သူတို့ဟာ တစ်ချို့ အချိန်တွေမှာ ကံတရား ရဲ့ ဖေးမမှုကို ရယူ ခဲ့ရ ပါတယ်။ ဒါနဲ့လည်း ထိုက်တန်မှု ရှိပါတယ်။ မနေ့ညက ဘရိုက်တန် နဲ့ ပွဲက နောက်ဆုံး ပွဲချိန်တွေ အပါအဝင်ပေါ့။

ရှက်ဖီးယူနိုက်တက် နဲ့ ပွဲကို ကြည့်လိုက်မယ် ဆိုရင် ဒင်းဟန်ဒါဆန် ရဲ့ အမှားကြောင့် ဂိုးရ ခဲ့တာ ဖြစ်ပြီး ၊ လက်စတာ နဲ့ ပွဲမှာ ဆိုရင် နောက်ကျ ပင်နယ်တီ ၊ ဆောက်သမ်တန် နဲ့ ပွဲမှာ ဒန်နီအင့်ရဲ့ လွဲချော်မှု နဲ့ ခရစ်စတယ်ပဲလေ့စ် နဲ့ ပွဲမှာ VAR ကြောင့် ဦးဆောင်ဂိုး မပေး ရမှုတွေကြောင့် ရလဒ်ကောင်းတွေ ပိုင်ဆိုင် ခဲ့တာပါ။ ဒါတွေဟာ ကံတရား ရဲ့ ဖေးမမှုကြောင့်လို့ ခင်ဗျားတို့ ထင်ကောင်း ထင်ကြ မှာပါ။

ဒါဟာ ချန်ပီယံတွေ လုပ်နေတဲ့ ပုံစံ ဖြစ်ပြီး သူတို့ဟာ အကောင်းဆုံး မကစား နိုင်တာတောင် နိုင်ပွဲ ရယူ နိုင်စွမ်း ရှိကြ ပါတယ်။ ဒါပေမယ့် သူတို့ဟာ အကောင်းဆုံး ကစား နိုင်ခြင်း မရှိသေး ပေမယ့် အမှတ်ပေးဇယား ထိပ်မှာ ၁၁ မှတ် အသာနဲ့ ဦးဆောင်ထား နိုင်ခြင်းကြောင့် ကျွန်တော့် အနေနဲ့ ပြောရတာ ပိုမို ယုံကြည်မှု ရှိနေ ပါတယ်။

မန်စီးတီးဟာ နယူးကာဆယ် နဲ့ ပွဲမှာ ရမှတ် ၂ မှတ် ဆုံးရှံုး ထားခဲ့ ပေမယ့်လည်း သူတို့ဟာ လီဗာပူး ကို ကောင်းကောင်း ယှဉ်ပြိုင် နိုင်စွမ်း ရှိနေ ပါသေးတယ်။ သူတို့ဟာ လုံလောက်တဲ့ အခွင့်အရေးတွေ ဖန်တီး ထားခဲ့ ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ခံစစ်ပိုင်းဟာ ဂိုးတွေ ဆက်တိုက် ပေးနေ ရပါတယ်။ ယခုလ မှာ ကလပ် ကမ္ဘာ့ဖလား ကစား ရမှာ ဖြစ်ပြီး လီဗာပူး အနေနဲ့ ပွဲကျပ်တွေ ကြားမှာ အမှတ်လျော့တာတွေ ဖြစ်နိုင်ပါတယ်။ စီးတီးရဲ့ အရည်အသွေး အရ သူတို့ဟာ နိုင်ပွဲတွေ ဆက်တိုက် ဖန်တီး နိုင်မှာပါ။

ဘရန်ဒန်ရော်ဂျာဟာ လက်စတာ မှာ အကောင်းဆုံး လုပ်ပြ နေပါတယ်။ ပြီးတော့ သူ့အနေနဲ့ အာဆင်နယ် ကို ပြောင်းရွေ့ဖို့ အတွက် စဉ်းစား သွားမယ်လို့ ကျွန်တော် မထင် ပါဘူး။ ဒါပေမယ့် သူတို့ဟာ ရာသီနှောင်းပိုင်းလောက် ရောက်လာ ခဲ့တဲ့ အခါ လီဗာပူး ကို လိုက်မှီ နိုု်င်မယ်လို့ ကျွန်တော် မထင်မိ ပါဘူး။

ဒါ့ကြောင့် title race ဟာ မပြီးသေး ပါဘူး။ ဒါပေမယ့် ဒါဟာ နီးစပ် နေပါပြီ။ စီးတီး အနေနဲ့ အခုကနေ စပြီး နိုင်ပွဲတွေ တောက်လျှောက် ရယူ သွားရမှာပါ။ ဂွာဒီယိုလာ ရဲ့ အသင်း အနေနဲ့ အမှတ်ပေးဖလား ကို ဆက်လက် ထိန်းသိမ်း နိုင်ဖို့ မျှော်လင့်ချက် အတွက် ၁၀ ပွဲ ၁၅ ပွဲ ဆက်တိုက် နို်င်ပွဲ ဆက်နေ ရမှာ ဖြစ်ပါတယ်။ သူတို့ နောက်ထပ် ခြေချော်ပြီး လီဗာပူး တို့ နိုင်ပွဲ ရယူ သွားတဲ့ အခါကျရင် title race ဟာ လုံးဝ ပြီးဆုံး သွားနိုင်ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

SM