မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသမားဟောင်း ဖြစ်တဲ့ မိုက်ကယ် ကာရစ် က လက်ရှိ အသင်း ရဲ့ လူငယ် လေးတွေ ဖြစ်ကြ တဲ့ ရပ်ရှ်ဖို့ ၊ ဂရင်းဝုဒ် ၊ တော်မီနေး တို့ အနေ နဲ့ အသင်း မှာ အောင်မြင် နိုင်ဖို့ အတွက် ကစားသမားဟောင်း တွေ ဖြစ်ကြ တဲ့ စီ ရော်နယ်ဒို ၊ ရိုင်ယန် ဂစ် နဲ့ ပေါလ် စခိုးလ် တို့ကို အတု ယူဖို့ လိုအပ်ကြောင်း ၊ သူတို့ တွေကို စောင့်ကြည့် ခြင်းက စိတ်ဓါတ် တက်ကြွ စေကြောင်း အကြံပြု ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဟုတ်ပါတယ် ၊ ခင်ဗျား တို့ အနေနဲ့ အတွေ့ အကြုံ တွေက တစ်ဆင့် သင်ယူ နိုင်ကြ သလို နိုင်ပွဲ တွေက နေလည်း သင်ယူ နိုင်ကြ ပါတယ် ။ ဒါပေမယ့် လူတိုင်း က နေရာ တစ်ခု ကနေ စတင် သင်ယူ ကြရ တာပါ ။ ကျွန်တော် လည်း ငယ်စဉ် တုန်းက သူတို့ တွေလို ပါပဲ ။ ဂစ်နဲ့ စခိုးလ် တို့လည်း ဒီလိုပဲ ဖြစ်ခဲ့ ကြပါ လိမ့်မယ် ”

” တစ်ခါတလေ ကျတော့ ကျွန်တော် တို့ တွေဟာ ဒီ အသင်း ၊ ဒီမှာ ရှိခဲ့ ဖူး ကြတဲ့ ကစားသမား တွေ အကြောင်း တွေးတော ဖို့ လိုအပ် ပါတယ် ။ သူတို့ အားလုံး တွေက အစ ထဲက ကောင်းခဲ့ ကြတဲ့ သူတွေ မဟုတ် ပါဘူး ။ သူတို့ တွေဟာ ဒီ အသင်း ဆီကို မတူညီတဲ့ စိတ်ဓါတ် အမူအကျင့် တွေနဲ့ ရောက်ရှိ လာခဲ့ ကြတာ ပါ ။ ဒါပေမယ့် သူတို့ တွေက လေ့လာ သင်ယူရင်း ၊ အမှား တွေကို ပြင်ဆင်ရင်း နဲ့ ဆက်လက် တိုးတက် ကောင်းမွန် အောင် ကြိုးစား ခဲ့ ကြတာ ပါ ”

” ဒီ အတွက် ခရစ္စတီဟာနို က အကောင်းဆုံး ဥပမာ တစ်ခု ပါပဲ ။ သူဟာ အသင်း ကို ရောက်ရှိ လာတဲ့ နောက် အထိုင် ကျဖို့ တစ်နှစ် နှစ်နှစ် လောက် အချိန် ယူခဲ့ ရ ပါတယ် ။ အဲ့ဒီနောက် ရုတ်တရက် ဆိုသလို ပဲ သူဟာ ခြေစွမ်း တွေ တိုးတက် ကောင်းမွန် လာခဲ့ ပြီး ဆက်တိုက် ထူးချွန် လာခဲ့ ပါတယ် ”

” ကျွန်တော် တို့ တွေဟာ ဒီ အကြောင်း ကို ကောင်းကောင်း သိရှိ နားလည် ခဲ့ကြ ပါတယ် ။ အခုလည်း အသင်း မှာ အလား အလာ ကောင်းတဲ့ ကစားသမား လေးတွေ ရှိနေ ကြ ပါတယ် ။ သူတို့ တွေဟာ အစု အဖွဲ့ တစ်ခု အနေ နဲ့ လေ့ကျင့်ရေး ကွင်းမှာ ဆက်တိုက် ကောင်းမွန် နေကြ ပြီး စိတ်လှုပ်ရှား ဖွယ်ရာ တိုးတက် ကောင်းမွန် နေကြ ပါတယ် ”

” သူတို့ ထဲက အချို့ ဆိုရင် ပရီးမီးယား လိဂ်မှာ ကစားတာ တစ်နှစ် နှစ်နှစ် လောက်ပဲ ရှိနေ ပါ ဦးမယ် ။ သူတို့ တွေရဲ့ အသက် အရွယ် ကို တွက်ချက် လိုက်မယ် ဆိုရင် ကျွန်တော် တို့ဟာ ဒီလိဂ်မှာ အသက် အငယ်ဆုံး လူငယ် အသင်း ကို ပိုင်ဆိုင် နေတယ် လို့တောင် ပြောရ ပါ့မယ် ”

” ဒါကြောင့် သူတို့ တွေဟာ ဦးဆောင် ညွှန်ကြားမှု နဲ့ အကူအညီတွေ ကို လိုအပ် နေကြ ပါတယ် ။ ဒီမှာက လမ်းကြောင်း များစွာ ရှိနေ ပြီး မတူညီ တဲ့ ပုံစံ တစ်ခု နဲ့ ဒီမှာ အံဝင် နိုင်ဖို့ ကြိုးစား ကြရ ပါ့မယ် ။ ရှက်ဖီး ယူနိုက်တက် အသင်း ဆီကို သွားရောက် ကစား ရင်း 2 – 0 နဲ့ ရှံုးနိမ့် နေတဲ့ အချိန် 3 – 2 ရလဒ် ပြန်ဖြစ် နိုင်အောင် လုပ်ဆောင်ခြင်း က ကောင်းမွန် လှပါတယ် ”

” ကျွန်တော့် အတွေး ထဲမှာ တော့ ဘောလုံး ရာသီ ဆက်လက် စတင် နေခြင်း နဲ့ အတူ သူတို့ တွေဟာ လေ့လာ သင်ယူ စရာ တွေကို နောက်ထပ် ပိုင်ဆိုင် နေ ကြတယ် လို့ပဲ တွေးနေ ပါတယ် ။ ဒီကောင်လေး တွေ အနေ နဲ့ ဆက်လက် တိုးတက် ကောင်းမွန် ဖို့ သင်ယူ ရမဲ့ အရာ တွေ အများကြီး ရှိနေ ပါ သေးတယ် ”

” လက်ရှိ အချိန် မှာတော့ သူတို့ တွေနဲ့ အတူ ကျွန်တော် တို့တွေဟာ မှန်ကန် ကောင်းမွန် တဲ့ လမ်းကြောင်း တစ်ခု အပေါ် လျှောက်လှမ်း နေကြ တယ်လို့ ပဲ ထင် ပါတယ် ။ ကျွန်တော် တို့ဟာ ရာနှုန်း ပြည့် အကောင်းဆုံး ပုံစံ နဲ့ ရှေ့ဆက် နေကြ တယ်လို့ ယုံကြည် မိ ပါတယ် ” လို့ မိုက်ကယ် ကာရစ် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar