ချယ်လ်ဆီး အသင်း ဟာ မနေ့ည က ကစား သွားခဲ့တဲ့ ဝက်စ်ဟမ်း အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ကစားပုံ အတော် ဆိုးရွားစွာ နဲ့ အိမ်ကွင်း မှာ ၀ – ၁ နဲ့ အရေးနိမ့် ခဲ့ရပါတယ် ။ ဒီ ရလဒ် ကြောင့် ချယ်လ်ဆီး အသင်း ဟာ ချန်ပီယံလိဂ် ဝင်ခွင့် တနေရာ အတွက် ၄င်းရဲ့ အနောက် က အသင်း တွေကို နောက်ထပ် အမှတ် ဖြတ်နိုင်ခွင့် ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ တပတ် အတွင်း မှာ မန်စီးတီး အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲကြပ် တပွဲ ဆင်နွှဲ ခဲ့ရသလို ၊ ကြားရက် မှာလည်း ဗလင်စီယာ အသင်း ကို အဝေးကွင်း မှာ ချန်ပီယံလိဂ် အရေးကြီး ပွဲစဉ် တပွဲ ကစား ခဲ့ရပါတယ် ။ ထို ပွဲစဉ် ၂ပွဲ မှာ အားကုန် သုံးထားတဲ့ ချယ်လ်ဆီး အသင်း ဟာ မနေ့က ဝက်စ်ဟမ်း နဲ့ ပွဲမှာတော့ အတော်လေး ခြေကုန်လက်ပန်း ကျနေတာ ကို တွေ့ခဲ့ ရပါတယ် ။

ဒါ့အပြင် ဗလင်စီယာ နဲ့ ပွဲမှာ အဓိက တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ဒဏ်ရာ ရသွားခဲ့တာ က ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ်ပိုင်း အတွက် အတော်လေး ဆုတ်ယုတ် စေခဲ့ပါတယ် ။ မနေ့က ပွဲပြီး BBC နဲ့ အင်တာဗျူး မှာတော့ ချယ်လ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟို က ပွဲပန်းဒဏ် ကြောင့် ဝက်စ်ဟမ်း နဲ့ ပွဲကို ရှုံးခဲ့ရတာ ဖြစ်တယ် လို့ ထင်မြင်ချက် ပေးခဲ့ပါတယ် ။

ဂျော်ဂျင်ဟို က ” ပွဲပန်းဒဏ် ကြောင့် ကျွန်တော် တို့ ဒီနေ့ပွဲမှာ ရုန်းကန် ခဲ့ရတာ ဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ဟာ အခွင့်အရေး တချို့ ဖန်တီး နိုင်ခဲ့ရဲ့သားနဲ့ အဆုံးသတ် မသေချာ ခဲ့တာ က ဒီပွဲ ကို ရှုံးနိမ့် စေခဲ့တာပါ ။ နောက် ပွဲစဉ် တွေမှာ ကျွန်တော် တို့ဟာ အခွင့်အရေး တွေလည်း ဖန်တီးပြီး အဆုံးသတ် သေချာဖို့ လိုနေပါပြီ ။ နောက်ပြီး ကျွန်တော် တို့ဟာ ဒီနေ့ ပွဲအပေါ် အာရုံစိုက်မှု နည်းခဲ့တာကြောင့် အတော်လေး ခက်ခဲ ခဲ့ရပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် ကတော့ ဝက်စ်ဟမ်း နဲ့ ရှုံးပွဲ ကနေ ၄င်းတို့ ဘယ်လို ပြင်ဆင် ရုန်းထရမယ် ဆိုတဲ့ အကြောင်း နဲ့ ပတ်သက်ပြီး ” ကျွန်တော် ကတော့ အခုလို ရှုံးပွဲ ကနေ ချက်ချင်း ပြန်လာဖို့ ဆိုတာ အရမ်း ရိုးရှင်းတဲ့ ကိစ္စ မဟုတ်ဘူး လို့ ထင်ပါတယ် ။ ယေဘူယျ အားဖြင့်တော့ ဖြစ်နိုင်ပါတယ် ။ ကျွန်တော် တို့ လာမယ့် ပွဲစဉ် တွေမှာ ပွဲကို ပိုပြီး ထိန်းချုပ်နိုင်ဖို့ ကြိုးစားမယ်ပေါ့ ။ ဒီလို ရှုံးပွဲ တွေ ကြုံတွေ့ ရတာဟာလည်း အသင်း ရဲ့ တိုးတက်မှု ဖြစ်စဉ် တခု ထဲမှာ ပါဝင်နေတယ် လို့ ထင်ပါတယ် ။ ”

” ဒီနေ့ ရှုံးပွဲ ဟာ ကျွန်တော် ကြားဖူးသမျှ ၊ ကြံုဖူးသမျှ အဆိုးရွားဆုံး အခြေအနေ တွေထဲ မပါဝင်သေးပါဘူး ။ လွန်ခဲ့တဲ့ ရက်သတ္တပတ် တွေတုန်းက ကျွန်တော် ဟာ ကိုယ့် အသင်းသား တွေနဲ့ ပတ်သက်ပြီး ချီးကျူးသံ တွေပဲ ကြားခဲ့ရပါတယ် ။ အကယ်၍ ဝေဖန်သံ တွေ ကြားလာခဲ့မယ် ဆိုရင်လည်း ကိုယ့်နားကိုယ် ကြိုးစားပိတ်ပြီး ၊ မကြားချင်ယောင်ဆောင် နေမှာပါ ။ ဘာကြောင့်လဲ ဆိုတော့ ဒီလိဂ် ဟာ အမြဲ ပြိုင်ဆိုင်မှု ပြင်းထန်နေပြီး ဘယ်လို ရလဒ်မျိုး မဆို ထွက်လာနိုင်တဲ့ အတွက်ကြောင့်ပါ ။ ”

” ဒီနေ့ ပွဲလို ဆိုးရွားတဲ့ ခြေစွမ်း အခိုက်အတန့် နဲ့ ကြံုနိုင်တဲ့ ပွဲတွေလည်း ရှိမှာပါ ။ ကျွန်တော် တို့ဟာ ဒီနှစ် ဘောလုံး ရာသီ တခုလုံး ကို ရှုံးပွဲ မရှိပဲ ဖြတ်သန်းနိုင်မယ့် အသင်းမျိုး မဟုတ်ပါဘူး ။ ပြီးပြည့်စုံ တဲ့ ဖြတ်သန်းခြင်းမျိုး နဲ့ ကြံုမှာ မဟုတ်တဲ့ အတွက် ကျွန်တော် တို့ အနေနဲ့ ဒီလို ရှုံးပွဲမျိုး လက်ခံ ရမှာ ဖြစ်ပါတယ် ။ ဒီ ကြားထဲမှာ ကျွန်တော် တို့ကို စမ်းသပ်မယ့် စိန်ခေါ်မှု အနည်းငယ် နဲ့လည်း ရင်ဆိုင်ရဦးမှာပါ ။ ဒီ အခက်အခဲ တွေ အကုန် ကျွန်တော် တို့ ကျော်ဖြတ် ရမှာ ဖြစ်ပါတယ် ။ ”

” ကျွန်တော် တို့ ရလဒ်ဆိုး တွေ ရရှိခဲ့တဲ့ ပွဲစဉ် တွေ ပြန်ကြည့်လို့ တခုခု သင်ခန်းစား ရမယ့် အရာ တွေကို ကျွန်တော် တို့ ပြန်ယူဆောင်နိုင်မလား ? ဟုတ်ပါတယ် ။ ကျွန်တော် တို့ ပြန်လည် ပြုပြင် ရမယ့် အနေအထား တွေကို အကောင်းဆုံး လေ့လာ သုံးသပ်ပြီး ရှေ့ဆက်ရမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR