ပရီးမီးယားလိဂ် ပွဲစဉ် တွေ ကို အခု လာမယ့် ကြားရက် အတွင်းမှာ လည်း ကစားသွားဖို့ ရှိနေတာ ဖြစ်ပြီး ယူနိုက်တက် အသင်းက စပါးကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံရမှာဖြစ်ပါတယ်။ဒီပွဲဟာ စပါးနည်းပြသစ် မော်ရင်ဟိုအတွက် တော့ အသင်းဟောင်းနဲ့ ပြန်ရင်ဆိုင်ရမယ့် ပွဲလည်းဖြစ်ပါတယ်။

မော်ရင်ဟို အနေနဲ့ လွန်ခဲ့တဲ့ ၁၁ လလောက် က သူ့ကို ထုတ်ပယ်ထားခဲ့တဲ့ အသင်းနဲ့ ပြန်ရင်ဆိုင်ရဖို့ရှိနေတာဖြစ်ပြီး ကောင်းမွန်တဲ့ ကြိုဆိုမှု တွေထက် ဆိုးရွားတဲ့ ကြိုဆိုမှုတွေကိုသာပိုပြီး မျှော်လင့်ထားသင့်တဲ့ ပွဲလည်းဖြစ်ပါတယ်။ဒါပေမယ့် သူ့ကို နွေးနွေးထွေးထွေးကြိုဆိုမယ့်သူတယောက်ကတော့ ကျိန်းသေရှိနေမယ့်ပုံပါပဲ။Remove featured image

ထိုသူကတော့ ယူနိုက်တက် ရဲ့ ကွင်းလယ် လူဟောင်းတဦးဖြစ်ပြီး လက်ရှိမှာနည်းပြ အဖွဲ့ ဝင်တဦးအဖြစ် လုပ်ကိုင်နေတဲ့ ကာရစ်ပဲဖြစ်ပါတယ်။ဒီအင်္ဂလန်သားကြီးက သူ့ကို အခွင့်အရေးပေး ခဲ့တဲ့ အတွက် မော်ရင်ဟိုကို အမြဲတမ်း ချီးကျူး လေးစား နေမိမှာဖြစ်တယ်လို့ ဆိုပါတယ်။

အင်တာဗျူးတခု မှာကာရစ်က – ” မော်ရင်ဟို ကို ကျေးဇူးတင်စရာတွေ ကျွန်တော့်မှာ အများကြီး ရှိထားပါတယ်။သူကလည်း ဒါကို သိနားလည်ပါတယ်။သူဟာ ကျွန်တော့်ကို ဘဝရဲ့ နောက်ထပ် စာမျက်နှာတခုဖြစ်တဲ့ နည်းပြအလုပ်အတွက် အခွင့်အရေးပေးခဲ့ပါတယ်။ဒီအတွက် လည်း သူ့ကို ကျွန်တော်အမြဲ ကျေးဇူးတင် နေမိမှာဖြစ်ပါတယ်။ဒါကို သူက မဖြစ်မနေ လုပ်ဆောင်ခဲ့ရတာတော့ မဟုတ်ပါဘူး။ဒါကိုလုပ်ဖို့သူက ရွေးချယ်ခဲ့တာသာဖြစ်ပါတယ်။အရင်ကဆိုသူရထားတဲ့ အောင်မြင်မှုတွေကို သင်ယူဖို့အတွက် ကျွန်တော့်မှာ ဘာနည်းလမ်းမှ မရှိခဲ့ပါဘူး။

ကျွန်တော့်အတွက် ပထမဆုံး နည်းပြအတွေ့အကြုံ ဖြစ်လို့ အကုန်လုံးက အသစ်လိုပါပဲဗျာ။သူ ဒီမှာရှိခဲ့တာ နဲ့ သူ လမ်းညွှန် ပြသခဲ့တာတွေကြောင့် ကျွန်တော် အများကြီး ပိုကောင်း လာခဲ့တယ် ဆိုတာ အသိသာကြီးပဲ ဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

မော်ရင်ဟိုရဲ့ စပါး အသင်းကို ရင်ဆိုင်ရမယ့် အပေါ် ကာရစ်က – ” ဗုဒ္ဓဟူးနေ့ ပွဲဟာ ပွဲကြီးပွဲကောင်း ဖြစ်လာပါလိမ့်မယ်။ကျွန်တော့်အနေနဲ့ လည်း ဒီပွဲကို မျှော်နေတာဖြစ်ပါတယ်။ယမန်နှစ်တွေ့ဆုံတုန်းကတော့ ထူးခြားတဲ့ပွဲတပွဲဖြစ်ခဲ့ပြီး ကျွန်တော်တို့ကောင်းကောင်းကစားနိုင်ခဲ့ပေမယ့်သူတို့က ( ၃-၀ ဂိုးနဲ့ အနိုင်ရ) ပါရမီရှင်အစစ်တွေရှိကြပါတယ် ” လို့ပြောခဲ့ပါတယ်။

မော်ရင်ဟိုဟာ ယူနိုက်တက် အသင်း ကို၂ နှစ်ကြာ ကိုင်တွယ် ခဲ့တဲ့ အခိုက်အတန့် အတွင်းမှာ EFL ဖလားနဲ့ ယူရိုပါလိဂ် ဖလားတွေ ရယူပေးနိုင် ခဲ့ပါတယ်။ဒါပေမယ့် မဟာပြိုင်ဘက် လီဗာပူးအသင်းကို စိန်ခေါ်နိုင်ခြင်းမရှိခဲ့သလို ကွင်းလယ်စတားပေါ့ဘာနဲ့ ဖြစ်ပွားခဲ့တဲ့ ဆက်ဆံရေး အဆင်မပြေမှု အချို့ကြောင့် ယူနိုက်တက် ဖန်တွေလည်း အဖုအထစ်တွေရှိခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟို အပေါ် ကာရစ်က ဆက်လက် ပြီး – ” သူ့အကြောင်းကို ကျွန်တော် မပြောနိုင်ပါဘူး။ကျွန်တော့် အတွက် သူလုပ်ဆောင်ပေး ခဲ့တဲ့ အရာပဲ သူ့ကိုကျေးဇူးတင် စကားဆိုချင်ပါတယ်။အချို့အကြောင်း အရာတွေဟာ စိတ်ကူးယဉ် ဆန်ပါတယ်။ဆိုးလ်ရှား ဟာ အံ့သြ ချီးမွမ်းဖို့ ကောင်းတဲ့ နည်းပြတယောက်ဖြစ်ပါတယ်။သူဟာ အသင်းအတွင်းက ယုံကြည်မှုတွေ အကုန်လုံးနဲ့ အလုပ်လုပ်နေတာဖြစ်ပြီး ပြင်ပက ဘယ်အရာကမှ ဆိုးလ်ရှားသို့မဟုတ် ကျွန်တော်တို့ရဲ့ အာရုံစိုက်မှု တွေကို ဘာသက်ရောက်မှုမှ မရှိစေပါဘူး။

ကျွန်တော်က သူ့ကို အခြား ဘယ်နည်း ပြ တဦးဦးနဲ့ မှ နှိုင်းယှဉ်တာမျိုးလုပ်မှာမဟုတ်ပါဘူး။သူကပြောထားတဲ့ အရာတခုခုကို လုပ်ဆောင်တာပဲဖြစ်ဖြစ်၊ မပြောထားတဲ့ အရာကိုလုပ်တာပဲ ဖြစ်ဖြစ် ဒီလိုနှိုင်းယှဉ်ဖို့ဆိုတာ မလိုပါဘူး ” လို့ပြောခဲ့ပါတယ်။

SPORTS MYANMAR