စနေ နေ့မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နယူးကာဆယ် အသင်းနဲ့ ၂ဂိုးစီ သရေကျ ခဲ့တာကြောင့်မန်စီးတီး အသင်းရဲ့ ချန်ပီယံ မျှော်လင့်ချက်ကကုန်သလောက်ဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။နောက်ကျပွဲမှာ လီဗာပူး အသင်းက အနိုင်ရခဲ့လို့ အမှတ်ကွာဟချက်က ၁၁ မှတ်အထိ ရှိသွားခဲ့ပြီ လည်းဖြစ်ပါတယ်။မန်စီးတီး အသင်းဟာ ယမန်နှစ်ကလည်း စိန့်ဂျိန်းပါတ်ခ် မှာ ရှုံးပွဲကြုံတွေ့ခဲ့ လို့ ချန်ပီယံဆုအတွက် စိုးရိမ်စရာဖြစ်ခဲ့ရဖူးသေးတာဖြစ်ပါတယ်။ဒါပေမယ့် လီဗာပူး အသင်းကနောက်ပိုင်း မှာအမှား တွေ များခဲ့လို့ တမှတ်အသာနဲ့ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီး ပရိသတ် အများစုဟာ အခုနှစ် မှာတော့ ချန်ပီယံ ဆုကို လက်လျှော့ ဖို့ ဆုံးဖြတ်ကောင်း ဆုံးဖြတ် လိုက်ကြပြီ ဖြစ်ပေမယ့် ခံစစ်မှူး ဂျွန်စတုန်းကတော့ အားမလျှော့ထားသေးပုံပါပဲ။ဒီအတွက်လည်း ပရိသတ်တွေရဲ့ ယုံကြည်မှုကိုလိုအပ်တယ် လို့ သူက ဆိုပါတယ်။အင်္ဂါ နေ့ မှာ ကစားရဖို့ ရှိနေတဲ့ ဘန်လေ နဲ့ ပွဲစဉ် မတိုင်မီမှာ အင်တာဗျူးတခုမှာ ဂျွန်စတုန်းက -” ကျွန်တော်တို့ အနေနဲ့ ယမန်နှစ် ရာသီက အကြောင်းကို ပြန်ပြီးတွေးလိုု့ရပါသေးတယ်။အကောင်းမြင်စိတ်ထားပြီး တိုးတက်အောင်လုပ်နေဖို့ပဲ လိုတာဖြစ်ပါတယ်။

အရင်ရာသီတွေတုန်းကလည်း ကျွန်တော်တို့ ဒါကို လုပ်ဆောင်ထားခဲ့ပြီးပါပြီ။ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့နှစ်ရဲ့ ရှေ့ တနှစ်တုန်းကတော့ ချန်ပီယံဆုကြီးကို စောစောစီးစီးရခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်တုန်းကတော့ နောက်ဆုံးနေ့အထိကစားခဲ့ရပြီး မဆုတ်မနစ်တိုက်ပွဲဝင်မှုကိုပြသနိုင်တာဖြစ်ပါတယ်။အဲ့ဒီ တုန်းကလို စိတ်ဓာတ်မျိုး နဲ့ စွမ်းဆောင်ရည်ကို လာမယ့် ၂ရက်အတွင်းပြသဖို့ လိုအပ်ပါတယ်။ပြီးခဲ့တဲ့ ရာသီကဆို ၉မှတ်အကွာအနေအထားကနေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုထပ်မဖြစ်နိုင်စရာဘာတခုမှ မမြင်ပါဘူး” လို့ပြောခဲ့ပါတယ်။

မန်စီးတီး ပရိသတ် တွေအနေနဲ့ ဒီရာသီမှာ ချန်ပီယံဆုကြီးကို လက်လျှော့လိုက်သင့််ပြီ လားလို့ မေးမြန်းရာမှာတော့ ဂျွန်စတုန်းက – ” မန်စီးတီး ပရိသတ် တိုင်းက ကျွန်တော်တို့ အပေါ်ကို ယုံကြည်မှုရှိဖို့ လိုပါတယ်။သူတို့က ကျွန်တော်တို့လိုပဲ ချန်ပီယံဆုကြီးကို လိုချင်တြာတော့ အမှန်ပါပဲ။ဒါပေမယ့် ကိုယ်ပိုင် အမြင်တွေ ပြောဆိုထားရှိနိုင်ပါတယ်။ရှေ့ မှာဆိုရင် ခက်ခဲတဲ့ ပွဲတွေက ရောက်လာဦးမှာဖြစ်ပြီး ပွဲစဉ် ရေးစွဲထားမှုကို ကျွန်တော်တို့ မထိန်း ချုပ်နိုင်ပါဘူး။နောက်ပွဲမလာခင် ဒီနှစ်ရက် မှာကျွန်တော်တို့ လေ့ကျင့်မှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။

ဖိအားတွေ ထားပြီးနိုင်ပွဲတွေ ပြန်ရအောင် လုပ်ဆောင်ရပါဦးမယ်။နယူးကာဆယ်နဲ့ ပွဲမှာကျွန်တော််တို့ အဆုံးစွန်အထိ တိုက်ပွဲဝင် ခဲ့ကြပါတယ်။အခြားသူတဦးတယောက်ရဲ့ အမြင်အပေါ်က ဘာမှထင်မြင်ချက်မပေးလိုပေမယ့် ကျွန်တော်တို့ကောင်းကောင်းလုပ်ဆောင်ခဲ့ကြတယ်လို့ထင်ပါတယ်။အချို့ အခိုက်အတန့် လေးတွေကြောင့်သာ အမှတ်လျော့ခဲ့တာဖြစ်ပါတယ်။ဒီပွဲအပေါ်ကို အတော်လေး ဆိုးရွားတဲ့ မကောင်းမြင်မှုမျိုးကျွန်တော်မလုပ်ချင်ပါဘူူ။အခြေအနေတွေကို မြန်မြန်ဆန်ဆန်အလှည့်အပြောင်းလုပ်ဆောင်ဖို့သာလိုအပ်တာဖြစ်ပြီး အင်္ဂါညမှာ လုပ်နိုင်မယ်လို့ လည်း မျှော်လင့်ပါတယ် ” လို့ပြောခဲ့ပါတယ်။

SM