မန်ချက် စတာ ယူနိုက်တက် အသင်း နည်းပြ အိုလီ ဂန်နာ ဆိုးရှား ကတော့ အသင်း ရဲ့ ဒဏ်ရာ ရရှိ နေတဲ့ စီနီယာ အသင်းသား တွေ ဟာ ၂၀၁၉ နှစ် မကုန်ခင် မှာ ပြန် ကစား နိုင်ကြ လိမ့်မယ် လို့ မျှော်လင့် ထားကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ ယူနိုက်တက် မှာ ပေါ့ဘာ ၊ တော်မီနေး တို့လို အားထားရ တဲ့ ကွင်းလယ် လူတွေ သာ မက ဘိုင်လီ ၊ ဒါးလော့ တို့လို အမာခံ အရန်လူ တွေ ပါ ဒဏ်ရာ ရရှိ ပြီး အင်အား လျော့နည်း နေခဲ့ ပါတယ် ။

ဒါကြောင့် ဆိုးရှား ဟာ ရက်ဖိုဒ့် ၊ မာရှယ် ၊ ဒန်နီရယ် ဂျိမ်းစ် တို့ကို ပွဲတိုင်း ပွဲထုတ် ခဲ့ရ သလို ကွင်းလယ် မှာ လည်း ပါရဲရား ကို ဝေဖန်မှု တွေ ရှိနေသည့် တိုင်အောင် ဆက်လက် အသုံးပြု နေခဲ့ရ ပါတယ် ။ ယူနိုက်တက် ဟာ ဒီဇင်ဘာ လ ထဲ မှာ ပွဲစဉ် ၉ ပွဲ အထိ ကစား ရမှာ ဖြစ်ပြီး ပေါ့ဘာ တို့ အဖွဲ့ ပြန်လာ နိုင်မယ် ဆိုပါက အားတက်ဖွယ် ရာ ဖြစ်လိမ့်မယ် လို့ ဆိုးရှား က ဗီလာ နဲ့ ပွဲ မတိုင်ခင် မှာ ပြောဆို သွားခဲ့ ပါတယ် ။

“ပေါ့ဘာ တို့တွေ ဒီနှစ် မကုန်ခင် လောက် ပြန်ကစား နိုင်လိမ့်မယ် လို့ ကျွန်တော် မျှော်လင့် ထား ပါတယ် ။ စကော့ ၊ ဒီယေဂ်ို ၊ ပေါလ် နဲ့ အဲရစ် တို့ ဟာ ဒီလ ထဲ မှာ ပြန်ကစား နိုင်ကြ မှာပါ ။ ကြာသပတေး နေ့ တုန်း ကလည်း လူငယ်လေး တွေ ကို အက်စတာနာ နဲ့ ပွဲ မှာ စမ်းသပ်ခွင့် ရခဲ့ ပါတယ် ။ ဒါဟာ တကယ် အဖိုးတန် တဲ့ ပွဲ တစ်ပွဲ ပါပဲ” လို့ ဆိုးရှား က ဆိုသွား ခဲ့ ပါတယ် ။

အဲရစ် ဘိုင်လီ ဟာ ဒူး ဒဏ်ရာကြောင့် မကြာ ခဏ နား နေရပြီး ဒီရာသီ မှာ မန်ချက်စ တာ ယူနိုက်တက် အတွက် တစ်ပွဲ မှ ကစား ပေးရ ခြင်း မရှိ သေး ပါဘူး ။ ဒါပေမယ့် ယူနိုက်တက် ကတော့ အိုင်ဗရီကိုစ့် နောက်ခံလူ ကို စာချုပ်သစ် ကမ်းလှမ်း ဖို့ စီစဉ် ထားတယ် လို့ ကြားသိရ ပါတယ် ။

ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ကတော့ စက်တင်ဘာ လောက် ကတည်းက ခြေကျင်းဝတ် ဒဏ်ရာ ကြောင့် အသင်း နဲ့ ၃ လ နီးပါး ဝေးကွာနေခဲ့ ရသူ ဖြစ် ပါတယ် ။ သတင်း အချို့ ကတော့ ပေါ့ဘာ ဟာ အသင်း ပြောင်းရွှေ့ လိုတာ ကြောင့် ဒဏ်ရာ ကနေ မြန်မြန် သက်သာ မလာအောင် အချိန် ဆွဲ နေခဲ့ တာ ဖြစ်တယ် လို့ သုံးသပ် ထားခဲ့ ကြပါတယ် ။

စကော့ မက် တော်မီနေး က တော့ ဒီရာသီ မှာ ယူနိုက်တက် ရဲ့ အားထား ရ တဲ့ ကစား သမား အဖြစ် ကို ရောက်ရှိ လာခဲ့ ပါတယ် ။ အထူး သဖြင့် ပေါ့ဘာ မကစား နိုင်တဲ့ အတော အတွင်း မှာ တော်မီနေး နဲ့ ဖရက် တို့ အတွဲ ဟာ ယူနိုက်တက် ရဲ့ ကွင်းလယ် အင်ဂျင်တွေ ဖြစ်လာခဲ့ ရ ပါတယ် ။ တော်မီနေး ဟာ လွန် ခဲ့တဲ့ ၂ ပတ် လောက်တုန်းက ခြေကျင်းဝတ် ဒဏ်ရာ ရခဲ့တာ ဖြစ်ပြီး ပွဲအချို့ကို လွဲချော် ခဲ့ရ ပါတယ် ။

ယူနိုက်တက် ဟာ ယမန်နှစ် က ထွက်ခွာ သွားသူ တွေ ရဲ့ နေရာ တွေ ကို ကောင်းစွာ အင်အား မဖြည့်တင်း နိုင် ခဲ့ သလို လက်ရှိ အသင်းသား တွေ ထဲ မှာ လည်း ဒဏ်ရာတွေ နဲ့ ပြည့်နှက် နေခဲ့တာ ကြောင့် အင်အား လျော့နည်း နေခဲ့ပြီး ရလဒ်တွေ လည်း ကျဆင်း နေခဲ့ ပါတယ် ။

လာမယ့် ဇန်နဝါရီ အပြောင်း အရွှေ့ မှာတော့ ဆိုးရှား ဟာ ကွင်းလယ် ကို အဓိက ဖြည့်တင်း ဖို့ လှုပ်ရှား နေပြီး ရက်ဖိုဒ့် ကို အကူ အညီ ဖြစ်စေမယ့် အရန် တိုက်စစ်မှုး တစ်ဦး ကို လည်း ရှာဖွေ နေတယ် လို့ သတင်း ကြားသိ ရ ပါတယ် ။

SPORTS MYANMAR