အီတလီ စီးရီးအေ ကလပ် ယူဗင်တပ် ရဲ့ နည်းပြ မော်ရီဇီယို ဆာရီ ဟာ ယမန်နေ့ ညက ကစား ခဲ့တဲ့ စီးရီးအေ ပွဲစဉ် အပြီး မှာတော့ အသင်းသား တွေ ကို ပြစ်တင် ကြိမ်းမောင်း သွားခဲ့ တယ် လို့ သိရ ပါတယ် ။ ယူဗင်တပ် ဟာ အိမ်ကွင်း မှာ ဆာဆူ အိုလို အသင်း ကို လက်ခံ ကစား ခဲ့ပြီး ၂ ဂိုးစီ သရေ ကျခဲ့ ပါတယ် ။ ဒါကြောင့် နောက် ကနေ ကပ်လိုက် နေတဲ့ အင်တာ မီလန် ရဲ့ ကျော်တက်မှု ကို ခံ ခဲ့ရပြီး အဆင့် ၂ ကို ဆင်းပေး ခဲ့ရ ပါတယ် ။

ယူဗင်တပ် ဟာ နောက်ခံလူ လီယိုနာဒို ဘိုနူချီ ရဲ့ သွင်းဂိုး နဲ့ ပွဲကို ဦးဆောင် နေခဲ့ ပါတယ် ။ ဒါပေမယ့် ဧည့်သည် ဆာဆူ အိုလို ဘက်က ဘိုဂါ နဲ့ ကာပူတို တို့ က ဂိုးတွေ ဆက်တိုက် သွင်းယူ ကာ ပွဲကို ပြန်လည် ဦးဆောင် သွားခဲ့ ပါတယ် ။ ဒုတိယပိုင်း မှာ တော့ ရိုနယ်ဒို က ပင်နယ်တီ က တဆင့် ချေပ ဂိုး ကို ပြန်လည် သွင်းယူ ပေးခဲ့ ပေမယ့် ၃ မှတ် ရရှိအောင် တော့ မစွမ်းဆောင် နိုင်ခဲ့ကြ ပါဘူး ။

ပွဲ အပြီး မှာတော့ နည်းပြ ဆာရီ ဟာ ရိုနယ်ဒို အပါ အဝင် အသင်းသား တွေ ကို ဆူပူ ကြိမ်းမောင်း ခဲ့ တယ်လို့ DAZN သတင်း ဌာန နဲ့ အင်တာဗျုး မှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“ပွဲပြီး ချိန် မှာ စက္ကန့် ၃၀ လောက် သူတို့ ကို စကား ပြော ခဲ့ ပါတယ် ။ ဒီ ပွဲ က ကစားပုံ ဆိုးရွား ခဲ့တာ မဟုတ် ပါဘူး ။ ဒါပေမယ့် ပြိုင်ဘက် အတွက် နေရာလွတ် တွေ အများကြီး ပေးခဲ့တယ် ၊ ဘောလုံး တွေ လွယ်လွယ် နဲ့ ပျက်ခဲ့ တယ် ၊ ဦးနှောက် သုံးပြီး မကစား နိုင်ခဲ့ ပါဘူး”

“ဒုတိယပိုင်း မှာ ပို ကောင်း လာခဲ့ ပေမယ့် ပထမပိုင်း တုန်းက ပေးခဲ့ ရတဲ့ ဂိုးတွေ ကို ပြန်ချေ ပ နေရ တာ နဲ့ အချိန် ကုန်သွား ခဲ့ ပါတယ် ။ အသင်း က အာရုံ စူးစိုက်မှု နည်း နေပြီး အမှားတွေ လည်း အများကြီး လုပ် ခဲ့ကြ ပါတယ်”

“ကစားကွက် တည်တာ နှေး သလို ကွင်းလယ် က အရွေ့ တွေ ကလည်း အကွက် မမိ ခဲ့ ပါဘူး ။ အဆိုးဆုံး ကတော့ ဒီပွဲ ကို ဦးနှောက် တွေ ၊ နှလုံးသားတွေ မပါဘဲ ကစားခဲ့ ကြတာ ပါပဲ ။ အမှန် ဆိုရင် ဒီပွဲ ဟာ နိုင်တောင် နိုင်ခဲ့ သင့်တဲ့ ပွဲပါ” လို့ ဆာရီ က ပြောဆို သွားခဲ့ ပါတယ် ။

ဆာဆူအိုလို အသင်း ရရှိ သွားခဲ့တဲ့ ဒုတိယ ဂိုး မှာ အသင်းရဲ့ ၀ါရင့် ဂိုး သမားကြီး ဘူဖွန် ရဲ့ အမှားတွေ အများကြီး ပါ၀င် ခဲ့ ပါတယ် ။ ဒီဂိုး ကို ခွင့်ပြု ခဲ့ရမှု အတွက် ပရိသတ်တွေ အမျက် ဒေါသ ထွက်ခဲ့ ကြပြီး ဘူဖွန် ကို အနားယူ ကြဖို့ ပြောဆို ခဲ့တယ်လို့ လည်း သိရ ပါတယ် ။

“ဒုတိယဂိုး ဟာ အမှားတွေ ဆက်တိုက် လုပ်မိ ခဲ့မှု ရဲ့ အဆုံးသတ် ပါပဲ ။ ကိုယ့်ဘက် က အပြည့် အဝ အာရုံ စိုက် မထားဘူး ဆိုရင်တော့ ဒီလို စိတ်ပျက် စရာ အမှားမျိုးတွေကို ကြုံ တွေ့ ရမှာ သေချာ ပါတယ်” လို့ ဆာရီ က ဆိုသွားခဲ့ ပါတယ် ။

အသင်း ရဲ့ တိုက်စစ်မှုး ရိုနယ်ဒို ကတော့ “ဒါဟာ ကျွန်တော်တို့ လိုချင် တဲ့ ရလဒ် မျိုး မဟုတ်ခဲ့ ပါဘူး ။ ဒါပေမယ့် မျှော်မှန်းထား တဲ့ ပန်းတိုင် ကို အရောက် သွားနိုင် ဖို့ အတွက် ဆက်ပြီး ကြိုးစား သွားရ မှာပါ” လို့ သူ့ရဲ့ Instagram မှာရေးသား သွားခဲ့ ပါတယ် ။

ယူဗင်တပ် ဟာ ပွဲစဉ် ၁၄ အပြီး မှာတော့ ရမှတ် ၃၆ မှတ် ရရှိကာ ဒုတိယ နေရာ မှာ ရပ်တည် နေခဲ့ ပါတယ် ။ လာမယ့် အပတ် မှာတော့ စီးရီးအေ ဂိုးသွင်း သူ ဇယား ကို ဦးဆောင် နေတဲ့ ကားလိုစ့် အင်မိုဘီလီ ရဲ့ လာဇီယို အသင်း ကို ရောမမြို့ မှာ သွားရောက် ယှဉ်ပြိုင် ကစား ရမှာ ပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR