မနေ့ ညက ယူနိုက်တက် တို့ အိမ်ကွင်း မှာ အက်စတွန် ဗီလာ အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ ရပြီး 2 – 2 ဆိုတဲ့ သရေ ရလဒ်သာ ရယူ နိုင်ခဲ့ ပါတယ် ။ ဒါဟာ ယူနိုက်တက် အတွက် တော့ ပြိုင်ပွဲစုံ 3 ပွဲဆက် နိုင်ပွဲ ပျောက်ဆုံး ရခြင်း ပါပဲ ။ တိုက်စစ် က ဂိုးတွေ သွင်းယူ သလောက် ခံစစ် ကလည်း ဂိုးပေး များခဲ့ရ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ အက်စတွန် ဗီလာ ဖက်မှ ဂျက် ဂရီလစ်ရှ် က ဦးဆောင် ဂိုး သွင်းယူ ပေးသွား ခဲ့ ပါတယ် ။ ဒါပေမယ့် ရပ်ရှ်ဖို့ ရဲ့ ကန်ချက် ဟာ တိုက်ထိ ပြီး ဂိုးသမား ဟီတန် ကို ထိမှန် ကာ ဂိုးဝင် ခဲ့တဲ့ အတွက် ပထမပိုင်း မှာ သရေ ရလဒ် ထွက်ပေါ် ခဲ့ရ ပါတယ် ။

ဒုတိယပိုင်း မှာလည်း ယူနိုက်တက် တို့ ဆက်လက် တိုက်စစ် ဆင် ကစား ခဲ့ ကြပြီး လင်ဒီလော့ဖ် က ခေါင်းတိုက် ဂိုး ရယူ နိုင်ခဲ့တဲ့ အတွက် ယူနိုက်တက် တို့ ဦးဆောင်ခွင့် ရရှိ ခဲ့ကြ ပေမယ့် မကြာမီ မှာပဲ တိုင်ရွန်မင်း က ခြေပ ဂိုး ပြန်လည် သွင်းယူ သွားတဲ့ အတွက် 2 – 2 ဖြစ်ခဲ့ ရ ပါတယ် ။

အဲ့ဒီနောက် နှစ်ဖက် အသင်း မှ ဆက်လက်ပြီး တိုက်စစ်ဆင် ကစား ခဲ့ကြ ပေမယ့် အခွင့် အရေး တွေကို အသုံး မချ နိုင်ခဲ့တဲ့ အတွက် တစ်ဖက် နှစ်ဂိုးစီ နဲ့ သရေ ရလဒ် သာ ထွက်ပေါ် ခဲ့ရ ပါတယ် ။ အဆိုပါ ပွဲစဉ် မှ ယူနိုက်တက် ကစားသမား တွေရဲ့ စွမ်းဆောင်ရည် တွေကို ဖော်ပြ ပေးလိုက် ပါတယ် ။

ဒီဂီယာ ( 6 )

ပေးဂိုးတွေ အတွက် ဘာမှ မတက် နိုင်ခဲ့ ပါဘူး ။ ထိရောက်တဲ့ ဂိုးပေါက် ကာကွယ်မှု တစ်ကြိမ်ပဲ လုပ်ဆောင် ခဲ့ရ ပါတယ် ။

ဝမ် ဘစ်ဆာကာ ( 6 )

တိုက်စစ်ပိုင်း ကို ပိုမို တက်ရောက် ကစား ပြခဲ့ပြီး ကောင်းမွန် တဲ့ ပေးပို့ မှု အချို့ လုပ်ဆောင် နိုင်ခဲ့ ပေမယ့် မထူးခြားခဲ့ ပါဘူး ။

ဗစ်တာ လင်ဒီလော့ဖ် ( 6.5 )

မလိုအပ်တဲ့ အဝေးဘော ပေးပို့ မှုတွေ များစွာ လုပ်ဆောင် ခဲ့ ပါတယ် ။ အသင်း အတွက် ဦးဆောင် ဂိုး သွင်းယူ ပေးနိုင် ခဲ့ ပါတယ် ။

ဟယ်ရီ မက်ဂွားယား ( 7 )

ခံစစ်ပိုင်း မှာ မာမာထန်ထန် ကစား ပေးနိုင် ခဲ့ သလို လိုအပ်တဲ့ အချိန် တွေမှာ တိုက်စစ်လည်း လိုက်ပါ ကစား ပေးခဲ့ ပါတယ် ။ ဘောလုံး ပေးပို့ မှုတွေ ကောင်းမွန် ခဲ့ ပါတယ် ။

ဘရန်ဒန် ဝီလီယံ ( 6 )

တစ်ကယ့် ကို ကြိုးကြိုးစားစား ကစား ခဲ့ပြီး ကောင်းမွန် တဲ့ လုပ်အား နှုန်းတွေ ပြသခဲ့ ပေမယ့် ထူးခြားမှု တွေကို မလုပ် နိုင်ခဲ့ တာကြောင့် လူစား လဲခံ ခဲ့ရ ပါတယ် ။

ဖရက်ဒ် ( 6 )

ဂရီလစ်ရှ် အပေါ် ပစ်ဒဏ် ကျူးလွန် ခဲ့တဲ့ အတွက် အဝါကဒ်ပြား ပြသ ခံခဲ့ ရ ပါတယ် ။ အစောပိုင်း မိနစ် တွေမှာ ဘောလုံး ပေးပို့ မှုတွေ အမှား များခဲ့ ပါတယ် ။

အန်းဒရိစ် ပါရဲရား ( 6 )

ဂရီလစ်ရှ် ရဲ့ အဖွင့်ဂိုး ပေးခဲ့ ရစဉ် တုန်းက ကောင်းကောင်း မဟန့်တာ နိုင်ခဲ့ ပါဘူး ။ ကစားပုံ လျော့တိလျော့ရဲ ဖြစ်ခဲ့ ပေမယ့် တစ်ဂိုးတော့ ဖန်တီး ပေးသွား နိုင်ခဲ့ ပါတယ် ။

ဟွမ် မာတာ ( 5 )

သရေ ရလဒ် ထွက်ပေါ် စေတဲ့ ဂိုးမှာ ပါဝင် ပတ်သက် နိုင်ခဲ့ ခြင်းက လွဲရင် ဘာမှ မထူးခြားခဲ့ ပါဘူး ။ ပွဲထွက်ခွင့် ရရှိ တုန်း အသုံး မချ နိုင်ခဲ့ ပါဘူး ။

ဒန်နီယယ် ဂျိမ်းစ် ( 6 )

ကောင်းမွန် တဲ့ ဘောလုံး ပေးပို့ မှုတွေ များစွာ လုပ်နိုင် ခဲ့ပြီး ကစားအား လည်း ကောင်းမွန် ခဲ့ ပါတယ် ။ ဂိုးပေါက် ကန်ဖို့ ထက် ဖန်တီး ပေးဖို့ ပိုမို အားသန် နေခဲ့ ပါတယ် ။

အန်သိုနီ မာရှယ် ( 6 )

အသင်း အတွက် ပထမဆုံး ဂိုးပေါက် ကန်ခြင်း ပြုလုပ် ပေးခဲ့ ပါတယ် ။ ပြိုင်ဖက် ကို အန္တရာယ် ပေးနိုင် ခဲ့ ပေမယ့် လုံလောက်စွာ ကောင်းမွန်ခြင်း မရှိ ခဲ့ ပြန်တဲ့ အတွက် လူစား လဲခံ ခဲ့ရ ပါတယ် ။

မားကပ်စ် ရပ်ရှ်ဖို့ ( 7 )

အသင်း အတွက် ခြေပ ဂိုး သွင်းယူ ပေးနိုင် ခဲ့ သလို တိုက်စစ် မှာလည်း အသင်းဖော် တွေနဲ့ အတော်လေး တွဲဖက် ကစား ပြနိုင် ခဲ့ ပါတယ် ။

လူစားဝင် ကစားသမားများ

လင်ဂတ် (5)
လုခ်ရှော (5)
ဂရင်းဝုဒ် (5)

#Sports_Myanmar