မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက အိုးလ် ထရပ်ဖို့ဒ် မှာ အက်စတွန် ဗီလာ အသင်း နဲ့ ရင်ဆိုင် ကစား ခဲ့ ရပြီး 2 – 2 ဆိုတဲ့ သရေ ရလဒ် သာ ရယူ နိုင်ခဲ့ ပါတယ် ။ အဆိုပါ ပွဲစဉ် မှာတော့ နှစ်ဖက် အသင်းလုံး ဟာ အခွင့် အရေး တွေကို ရရှိ ခဲ့ကြ ပေမယ့် ပိုင်နိုင်စွာ အသုံး မချ နိုင်ခဲ့ ကြ ပါဘူး ။

ဒီပွဲ မှာတော့ အဖွင့်ဂိုး ကို အက်စတွန် ဗီလာ ဖက်မှ ဂျက် ဂရီလစ်ရှ် က လှလှပပ ကန်သွင်းယူ ခဲ့ပြီး ရပ်ရှ်ဖို့ ကတော့ OG ခြေပဂိုး ရရှိ အောင် လုပ်ဆောင် နိုင်ခဲ့ ပါတယ် ။ အဲ့ဒီနောက် ယူနိုက်တက် အတွက် ဦးဆောင်ဂိုး ကို လင်ဒီလော့ဖ် က သွင်းယူခဲ့ ပေမယ့် တိုင်ရွန်မင်း က ချက်ချင်း ဆိုသလို ပြန်လည် ခြေပ နိုင်ခဲ့ တာကြောင့် 2 – 2 နဲ့သာ ပြီးဆုံး ခဲ့ရ ပါတယ် ။

အဆိုပါ ပွဲစဉ် မှ ပြောစရာ ဖြစ်ခဲ့ ရတဲ့ အချက် 5 ချက်ကို ကောက်နှုတ် ဖော်ပြ ပေးလိုက် ပါတယ် ။

(1) လျင်မြန်မုုှတွေ ကင်းမဲ့ ခဲ့တဲ့ ယူနိုက်တက်

တိုက်စစ်ပိုင်း လျင်မြန်မှု မရှိ ခဲ့တာ မဟုတ် ပါဘူး ။ ယူနိုက်တက် မှာ မြန်ဆန် တဲ့ ကစားသမား တွေ များလှ ပါတယ် ။ ဒါပေမယ့် ဘောလုံး တွေကိုတော့ မြန်ဆန် သွက်လက်စွာ မပေးပို့ နိုင်ခဲ့ ကြပဲ လေးလံ နေခဲ့တဲ့ အချိန် တွေ ပိုများ ခဲ့ရ ပါတယ် ။ အချို့ အခိုက်အတန့် တွေမှာသာ တွဲလုံး တွေနဲ့ အတူ ဘောလုံး ကို အမြန် ပေးပို့ ကစား ခဲ့ကြ ပေမယ့် တောင်ပံ နဲ့ ကွင်းလယ် ပိုင်းက ဘောလုံး ပေးပို့မှု မမြန်ဆန်ပဲ အချိန် ကြန့်ကြာ နေခဲ့ ကြ ပါတယ် ။

ဆိုးလ်ရှား ဟာ အခုဆို ယူနိုက်တက် ကို စတင် ကိုင်တွယ် ခဲ့တာ တစ်နှစ် ပြည့်မြောက် ပါ တော့မယ် ။ ဒါပေမယ့် အသင်း ရဲ့ ကစားပုံ ကတော့ အရင် အတိုင်း ပဲ ဖြစ်နေ ခဲ့ပြီး ကွင်းလယ်ပိုင်း အားနည်းချက် ကလည်း အခု ထက်ထိ ရှိနေ သေးဆဲ ပါပဲ ။ ပေါ့ဂ်ဘာ နဲ့ တော်မီနေး တို့ မရှိ ကြတဲ့ ယူနိုက်တက် ကွင်းလယ် ပိုင်းဟာ ဖရက်ဒ် ၊ ပါရဲရား တို့နဲ့ အတူ လုံလောက်စွာ အလုပ် မဖြစ်ခဲ့ ပါဘူး ။

(2) အိုးလ် ထရပ်ဖို့ဒ် မှာ အလန်းစား ဂိုးနဲ့ တောက်ပ ခဲ့တဲ့ ဂရီလစ်ရှ်

ယူနိုက်တက် နည်းပြဟောင်း ဆာ အဲလက်စ် ဖာဂူဆန် ကတော့ တစ်နိုင်ငံ တည်းသား ဖြစ်တဲ့ ဂျွန် မက်ဂင်း ကို ယူနိုက်တက် ဆီ ရောက်ရှိ စေလို နေခဲ့ ပါတယ် ။ ဒါပေမယ့် အက်စတွန် ဗီလ အသင်း အတွက် အရေး အပါဆုံး ကစားသမား က သူတို့ ရဲ့ အသင်း ခေါင်းဆောင် ပါပဲ ။ ဒီအတွက် သံသယ ဖြစ်စရာ မရှိ ပါဘူး ။ သူဟာ ဒီ ရာသီ အသင်း အတွက် ဂိုးတွေ သွင်းယူ ပေးနိုင်ခဲ့ သလို ဂိုးတွေ လည်း ဖန်တီး ပေးနိုင် ခဲ့ ပါတယ် ။

ဒါဟာ သူ အရမ်း ကစား လိုတဲ့ နံပါတ် 8 ကစားသမား အဖြစ် ကစား ခွင့်တွေ ရရှိ ခဲ့တဲ့နောက် နည်းပြ စမစ် လက်အောက်မှာ တောက်ပ ခဲ့ခြင်း ပါပဲ ။ အခုတော့ ချန်ပီယံရှစ်မှာ နာမည်ရ ခဲ့တဲ့ ကစားသမား ဟာ ပရီးမီးယား လိဂ် မှာပါ ဆက်လက် တောက်ပ နေခဲ့ပြီး ထိပ်သီး အသင်း တွေရဲ့ အာရုံ တွေကို ဖမ်းစား နေခဲ့ ပါပြီ ။ ဒီနေ့ သူ သွင်းယူ ပြခဲ့တဲ့ ဂိုး ကတော့ တစ်ကယ့် အလန်းစား ပါပဲ ။ သူဟာ အသင်း အတွက် ပွဲရှိန် တွေကို ထိန်းညှိ ပေးနိုင် ခဲ့ ပါတယ် ။

 

(3) ပွဲကစားဖို့ အခွင့်အရေး ရရှိခဲ့ ပေမယ့် အသုံးမတည့် ခဲ့တဲ့ မာတာ

ဒီနေ့ ပွဲစဉ် မှာတော့ ဆိုးလ်ရှား ဟာ ဝါရင့် ကွင်းလယ်လူ ဟွမ် မာတာ ကို ထည့်သွင်း ကစား စေခဲ့ပြီး 4 – 2 – 3 – 1 ကစားကွက် ကို ခင်ကျင်း သွားခဲ့ ပါတယ် ။ ဒါပေမယ့် အခွင့် အရေး ရရှိ ခဲ့တဲ့ အချိန် သူဟာ အသုံး မချ နိုင်ခဲ့ ပါဘူး ။ သူဟာ အသင်း ရဲ့ ခြေပ ဂိုးမှာ ပါဝင် ပတ်သက်ရုံ က လွဲပြီး ဘာမှ ထူးခြား ကောင်းမွန် ခြင်း မရှိ ခဲ့ရ ပါဘူး ။ သူဟာ အသင်း အတွက် ဂိုးတွေ သွင်းယူ ပေးနိုင် ဖို့ ၊ ဖန်တီး ပေးနိုင် ဖို့ ရုန်းကန် နေရ ဆဲ ပါပဲ ။

သူဟာ အခုလို အခွင့်အရေး ရရှိ နေတဲ့ အချိန်တွေ မှာသာ သိပ်ပြီး မထူးခြား နိုင်ရင် လာမယ့် ပွဲစဉ် တွေမှာ လင်ဂတ် သာ နေရာ ပြန်လည် ရယူ သွားပါ လိမ့်မယ် ။ အခန့် မသင့် ပါက လာမယ့် အပြောင်း အရွှေ့ တွေမှာ အသက် အရွယ် ရရှိ နေပြီ ဖြစ်တဲ့ မာတာ ဟာ အိုးလ် ထရပ်ဖို့ဒ် ကတောင် ထွက်ခွာ သွားရ ပါ လိမ့်မယ် ။

(4) ကန်ခဲ့ ပေမယ့် ဂိုး မရ လိုက်ပဲ နစ်နာ ခဲ့တဲ့ ရပ်ရှ်ဖို့

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ဟာ ပွဲချိန် 42 မိနစ် မှာ ခေါင်းတိုက် ခွင့် ရရှိ ခဲ့ပြီး ဘောလုံး ဟာ ဂိုးတိုင် ကို ထိမှန် ခဲ့တဲ့ နောက် ဂိုး သမား ဖြစ်သူ ဟီတန် နဲ့ပါ ဆက်ပြီး ထိခဲ့ ပါတယ် ။ ဒါပေမယ့် အဖြေ မထွက် သေးခင် ရပ်ရှ်ဖို့ ဟာ အမှန်အကန် အောင်ပွဲ ခံခဲ့ ပါတယ် ။

ဒါပေမယ့် မကြာမီ မှာပဲ ယူနိုက်တက် အတွက် ဆက်တိုက် တောက်ပ နေ ခဲ့တဲ့ ရပ်ရှ်ဖို့ ဟာ ကံဆိုး ခဲ့ရ ပါတယ် ။ ပရီးမီးယား လိဂ်မှ အဆိုပါ ဂိုးကို ဟီတန် ရဲ့ own goal အဖြစ် သတ်မှတ် ခဲ့လို့ ပါပဲ ။ ရပ်ရှ်ဖို့ အတွက်တော့ ပရီးမီးယား လိဂ်မှာ သုံးပွဲဆက် ဂိုးသွင်း နိုင်မယ့် မှတ်တမ်း ကောင်း တစ်ခု ပိုင်ဆိုင် နိုင်ဖို့ နီးစပ် ခဲ့ ပေမယ့် ဆုံးရှုံး ခဲ့ရ ပါတယ် ။

 

 

(5) ကစားပုံ ကောင်းမွန် ခဲ့တဲ့ အင်္ဂလန်သား

အင်္ဂလန် နိုင်ငံသား ဖြစ်တဲ့ တိုင်ရွန်မင်း ကတော့ တစ်စ ထက် တစ်စ ရင့်ကျက် လာပြီ ဆိုတာကို ပြသ နိုင်ခဲ့ သလို ခေါင်းဆောင် နိုင်စွမ်း ရှိကြောင်း ကိုလည်း ပြသ နိုင်ခဲ့ ပါတယ် ။ သူဟာ အနီးမှာ ရှိတဲ့ အသင်းဖော် တိုင်းကို တက်နိုင် သမျှ ဦးဆောင် ညွှန်ကြား မှုတွေ ပြုလုပ် နိုင်ခဲ့ ပါတယ် ။ ဒီနေ့ ပွဲမှာ တော့ အက်စတွန် ဗီလာ ဟာ ကစား ပုံလည်း ကောင်းမွန် ခဲ့ သလို တိုင်ရွန်မင်း ကလည်း ဂိုးသွင်း နိုင်ခဲ့ ပါတယ် ။

အထူးသဖြင့် ဒီရာသီ အတွင်း အက်စတွန် ဗီလာ အသင်း ဟာ လိဂ် ထိပ်သီး ကလပ် တွေနဲ့ ရင်ဆိုင် ကစား ခဲ့ ရတဲ့ ပွဲစဉ် တွေမှာ ပိုမို ဒုက္ခ ပေးနိုင် ခဲ့တာ ကို မြင်တွေ့ ခဲ့ရ ပါတယ် ။ ဒီလို ပွဲစဉ် တွေမှာ တော့ တိုင်ရွန်မင်း ရဲ့ ခံစစ် ကို ဦးဆောင် နိုင်မှု စွမ်းရည် ကောင်းတွေ ကို မကြာခန ဆိုသလို မြင်တွေ့ ခဲ့ကြ ရ ပါတယ် ။ ဒါ့ကြောင့်လည်း သူဟာ ခံစစ် ကစားပုံ ညံ့နေ ခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် အသင်း မှာ ပွဲထွက် ပါဝင် နိုင်ဖို့ ရေပန်းစား နေခဲ့ တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar