ဒီ တစ်ခေါက် နိုင်ငံ တကာပွဲစဉ် တွေ အပြီး ပြန် ကစားကြ တည်းက မန်ချက် စတာ ယူနိုက်တက် တို့ နိုင်ပွဲ မရ သေးပါဘူး ။ ရှက်ဖီး ယူနိုက်တက် ၊ အက်စတာနာ ၊ ဗီလာ တို့လို အသင်းငယ် တွေ နဲ့ ကစား ခဲ့ရ ပေမယ့် 7 ဂိုး အထိ ခွင့်ပြု ခဲ့ရ ကာ ၂ ပွဲ သရေ ကျပြီး ၁ ပွဲရှုံးနိမ့် ခဲ့ရ ပါတယ် ။ ယမန်နေ့ ညက ဗီလာ နဲ့ ပွဲမှာ လည်း စိတ်ပျက် ချင်စရာ ကောင်းတဲ့ ခြေစွမ်းမျိုး နဲ့ ယူနိုက်တက် တို့ သရေ ရလဒ် ကို ယူဆောင် သွားခဲ့ ပါတယ် ။

ဒဏ်ရာ ကစား သမားတွေ ကြောင့် ဆိုးရှား ရဲ့ လူစာရင်း ဟာ ခန့်မှန်း ရ လွယ်ကူ စေခဲ့ ပါတယ် ။ နောက်တန်း မှာ ဘစ်ဆာကာ ၊ လင်ဒီလော့ ၊ မက်ဂွဲယား နဲ့ ၀ီလ်ယံ တို့ ပါလာခဲ့ ကာ ကွင်းလယ် မှာတော့ ဖရက် နဲ့ ပါရဲရား တို့ ဘရာဇီး အတွက် က ပွဲထွက် ခွင့် ရခဲ့ ပါတယ် ။

အခြား ပွဲတွေ နဲ့ မတူခဲ့ တာ ကတော့ မာတာ ဟာ ကွင်းလယ် တိုက်စစ် နေရာ မှာ ပါ၀င် လာခဲ့ပြီး ရှေ့တန်း မှာတော့ ရက်ဖိုဒ့် ၊ ဂျိမ်းစ် နဲ့ မာရှယ် တို့ ကစားခဲ့ကြ ပါတယ် ။ အခင်း အကျင်း ကတော့ တိုက်စစ် အသားပေး ကစားကွက် ပါပဲ ။

တကယ်တမ်း ကစားချိန် မှာတော့ ယူနိုက်တက် ဟာ တိုက်စစ် ကို အသားပေး ခဲ့ ပါတယ် ။ ဒါပေမယ့် အဆုံးသတ် ဖန်တီး ချိတ်ဆက် မှုတွေ မှာတော့ လိုအပ်ချက် တွေ ရှိ နေခဲ့ ပြီး အထူး သဖြင့် မားကပ် ရက်ဖိုဒ့် ဟာ ချိန်သား ကိုက် လှုပ်ရှားမှု နဲ့ ပေးပို့ဖန်တီးမှုတွေ မှာ အားနည်း နေခဲ့ ပါတယ် ။

ပွဲချိန် ၁၁ မိနစ် မှာတော့ ဗီလာ အသင်း ခေါင်းဆောင် ဂရီလစ်ရှ် က လှလှ ပပ ကန်သွင်းပြီး ဦးဆောင်ဂိုး ရယူ ခဲ့ ပါတယ် ။ တကယ် သေသပ် လှပတဲ့ ဂိုး ဖြစ်ပြီး ဒီဂီယာ ဘာမှ မတတ် နိုင်ခဲ့ ပါဘူး ။ ပထမပိုင်းရဲ့ လက်ကျန် အချိန် တွေ မှာတော့ ဗီလာ နဲ့ ယူနိုက်တက် တို့ သူတပြန် ကိုယ်တပြန် ထိုးဖောက် ကစားခဲ့ ကြပါတယ် ။

ပွဲချိန် ၄၄ မိနစ် မှာတော့ ဗီလာ ခံစစ် ရဲ့ နေရာယူ အားနည်းမှု ကနေ မားကပ် ရက်ဖိုဒ့် လွတ်လွတ် ကျွတ်ကျွတ် ခေါင်းတိုက် ပြီး ပြန်လည် ချေပခဲ့ ပါတယ် ။ ဘောလုံး ဟာ ဂိုးတိုင် ကို ထိပြီး ဗီလာ ဂိုး သမား ဟီလ်တန် ကို မှန်ကာ ဂိုးထဲ ပြန်ဝင်သွားတာ ကြောင့် Own Goal အဖြစ်သတ်မှတ် ခဲ့တာ ကတော့ ရက်ဖိုဒ့် ကို ကံဆိုး စေခဲ့ ပါတယ် ။

ဒုတိယပိုင်း မှာ ယူနိုက်တက် ကစားပုံ ပိုကောင်း လာခဲ့ ပြီး ဗီလာ ဘက်ကို ပို ဖိ ကစားနိုင် ခဲ့ ပါတယ် ။ ဒါပေမယ့် အဆုံးသတ် ချိတ်ဆက် မှု နဲ့ အပိုင် အခွင့် အရေး ဖန်တီးနိုင်မှု က တော့ အားနည်းနေ ဆဲ ဖြစ်ခဲ့ ပါတယ် ။ ယူနိုက်တက် ရဲ့ နောက်ခံ အစွန်လူ ၂ ဦး ဖြစ်တဲ့ ဘစ်ဆာကာ နဲ့ ၀ီလ်ယံ တို့ ဟာ ဒီနေ့ ပွဲမှာ အစွမ်း မပြ နိုင်ခဲ့ ဘဲ ပုံစံ ပျောက်ခဲ့ကြ ပါတယ် ။

ပွဲချိန် ၆၄ မိနစ် မှာတော့ ယူနိုက်တက် တို့ ဒုတိယဂိုး ရသွားခဲ့ ပါတယ် ။ ဖရက်ဒ် ရဲ့ ဖြတ်တင်ဘော ကို ဗီလာ ရှေ့တန်းလူ ၀ီစလေ က ခေါင်းတိုက် ရှင်းထုတ် ခဲ့ ပေမယ့် ဘောလုံး ဟာ ဂိုး ဧရိယာထဲ ကို ၀င်လာခဲ့ပြီး လင်ဒီလော့ က ခေါင်းတိုက် ကာ သွင်းယူ ခဲ့တာ ဖြစ် ပါတယ် ။

ယူနိုက်တက် ရဲ့ ပျော်ရွှင်မှု ဟာ စက္ကန့် ၁၂၀ သာ ခံခဲ့ ပါတယ် ။ ၆၆ မိနစ် မှာ ဗီလာ ခံစစ်မှုး တိုင်ရွန်မင်းစ် က အနီးကပ် အပြင်း ကန်သွင်းပြီး ပြန်လည် ချေပ သွားခဲ့ ပါတယ် ။ ဒီဂိုး မှာ ဘရန်ဒွန် ၀ီလ်ယံ ရဲ့ အတွေ့ အကြုံ အားနည်းမှု က အဓိက ပြောစရာ ဖြစ်ခဲ့ပြီး အလျှင် အမြန် နေရာ မယူနိုင်မှု က လူကျွံဘော ဖမ်းမှု ကို အထမမြောက် စေခဲ့ ပါဘူး ။

နောက်ပိုင်း မိနစ် တွေ မှာတော့ ယူနိုက်တက် ရော ဗီလာ ပါ ဂိုး ရနိုင်တဲ့ အနေအထားတွေ ရှိခဲ့ ပေမယ့် ဘယ်သူမှ ဂိုးမသွင်း နိုင်ဘဲ သရေ ရလဒ် နဲ့သာ အဆုံးသတ် သွားခဲ့ ပါတယ် ။ ပွဲစဉ် ၁၄ အပြီး မှာတော့ ယူနိုက်တက် ဟာ ရမှတ် ၁၉ မှတ် နဲ့ အဆင့် ၉ နေရာ ကို ရယူ ထားခဲ့ ပါတယ် ။ ပွဲစဉ် ( ၁၅ ) နဲ့ ( ၁၆ ) တို့ မှာတော့ ယူနိုက်တက် ဟာ စပါး နဲ့ မန်စီးတီး တို့ ကို ရင်ဆိုင် ကစား ရတော့ မှာဖြစ် ပါတယ် ။

SPORTS MYANMAR