မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက ပရီးမီးယား လိဂ် ပွဲစဉ် 14 အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းမှာ အက်စတွန် ဗီလာ အသင်း နဲ့ ရင်ဆိုင် ကစား ခဲ့ ရပြီး 2 – 2 ဆိုတဲ့ သရေ ရလဒ် ထွက်ပေါ် ခဲ့ရ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ အက်စတွန် ဗီလာ အသင်း မှ ဂျက် ဂရီလစ်ရှ် က ဦးဆောင် ဂိုး သွင်းယူ ခဲ့ပြီး ရပ်ရှ်ဖို့ ( ဟီတန် ရဲ့ og ) မှ ယူနိုက်တက် တို့ ခြေပ ဂိုး ရရှိ ခဲ့ကြ ပါတယ် ။ အဲ့ဒီနောက် လင်ဒီလော့ဖ် က ဦးဆောင် ဂိုး သွင်းယူ ခဲ့ ပေမယ့် တိုင်ရွန်မင်း က ဂိုး ပြန်သွင်း နိုင်ခဲ့ တာကြောင့် ဒီ ပွဲစဉ် ဟာ သရေ ရလဒ် နဲ့သာ ပြီးဆုံး ခဲ့ရ ပါတယ် ။

ထို့အတူ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာလည်း နောက်ဆုံး ယှဉ်ပြိုင် ကစား ခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ် 3 ပွဲမှာ နှစ်ပွဲ သရေ ၊ တစ်ပွဲ ရှုံး ဆိုတဲ့ နိုင်ပွဲ ပျောက်ဆုံး နေတဲ့ ရလဒ် ဆိုး တစ်ခု ကို ပိုင်ဆိုင် ခဲ့ရ ပြန် ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းက ပရီးမီးယား လိဂ် ပြိုင်ပွဲမှာ 14 ပွဲ ကစား ပြီးတဲ့နောက် 4 ပွဲ နိုင် ၊ 6 ပွဲ သရေ ၊ 4 ပွဲ ရှံုး ဆိုတဲ့ ရလဒ် နဲ့ အတူ အမှတ် 18 မှတ်သာ ရှာနိုင် ခဲ့သေး ပြီး အမှတ်ပေး ဇယား အဆင့် 9 နေရာ မှာ ရပ်တည် နေရ ပါတယ် ။

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီ ရာသီ အတွင်း ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ နောက်ဆုံး ကစား ခဲ့တဲ့ ပွဲစဉ် 9 ပွဲ အတွင်း နောဝှစ်ချ် ၊ ဘရိုက်တန် အသင်း တွေကို သာ နိုင်ပွဲ ရရှိ အောင် လုပ်ဆောင် ပြနိုင် ခဲ့ ပါတယ် ။

ဒါဟာ လွန် ခဲ့တဲ့ 31 နှစ် ဆိုတဲ့ အချိန် ကာလ တစ်ခု အတွင်း မှာ ပွဲစဉ် 14 ပြီးဆုံး သွားတဲ့ အချိန် မှာ ယူနိုက်တက် တို့ အတွက် ရာသီ တစ်ခု ကို အဆိုးရွားဆုံး ရမှတ် ကိန်း ဂဏန်း တစ်ခု ကို တစ်ဖန် ပြန်လည် ပိုင်ဆိုင် နိုင်ခဲ့ ရခြင်း ပဲ ဖြစ်သွား ခဲ့ရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ 1988 – 89 ဘောလုံး ရာသီ တုန်းက အမှတ်ပေး ဖလား ပြိုင်ပွဲ မှာ ပွဲစဉ် 14 ပွဲ ကစား ပြီးတဲ့ အချိန် ရမှတ် 18 မှတ်သာ ရယူ ထားနိုင် ခဲ့ ပါတယ် ။ အခုတော့ အဆိုပါ မှတ်တမ်းဆိုး ကို အက်စတွန် ဗီလာ နဲ့ သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့ ပွဲစဉ် အပြီးမှာ ပြန်လိုက် မီခဲ့ ပါပြီ ။

ဒါ့အပြင် အဆိုပါ ဘောလုံး ရာသီ အတွင်း ယူနိုက်တက် တို့ အမှတ်ပေး ဇယား အဆင့် 11 နေရာ နဲ့သာ ရာသီ ကုန်ဆုံး ခဲ့ ရပြီး အမှတ်ပေး ဇယား ထိပ်ဆုံး က ချန်ပီယံ ဖြစ် ခဲ့တဲ့ အာဆင်နယ် အသင်း အောက် 25 မှတ် အကွာ မှာသာ ရပ်တည် နိုင်ခဲ့ ပါတယ် ။

အဆိုပါ ဘောလုံး ရာသီ တုန်းကတော့ အာဆင်နယ် နဲ့ လီဗာပူး အသင်း တို့ဟာ အမှတ်ပေး ဇယား မှာ ရမှတ် တူညီ ခဲ့ကြ ပေမယ့် အာဆင်နယ် က ဂိုးတွေ ပိုသွင်း နိုင် ခဲ့တာ ကြောင့် ဂိုး ခြားနားချက် နဲ့ ဆု ဖလား သိမ်းပိုက် ခဲ့တာ ပဲ ဖြစ်ပါတယ် ။

ဒီ ရာသီ မှာတော့ ဆက်တိုက် ရုန်းကန် နေခဲ့ ရတဲ့ ယူနိုက်တက် အသင်း ဟာ ပွဲစဉ် 14 အပြီး အမှတ်ပေး ဇယား ထိပ်က လီီဗာပူး အသင်း အောက် 22 မှတ် အကွာ မှာ ရပ်တည် နေခဲ့ ရ ပါပြီ ။ ယူနိုက်တက် အတွက် တော့ ပေးဂိုး များနေ ခဲ့တဲ့ ခံစစ် ကစားပုံ ပိုမို ကောင်းမွန်အောင် လုပ်ဆောင် သင့်နေ ပါပြီ ။

#Sports_Myanmar