ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ လ အတွင်းကမှ အသင်း နဲ့ လမ်းခွဲ သွားခဲ့တဲ့ နည်းပြ မော်ရစ်ဇီယို ဆာရီ ရဲ့ နေရာ မှာ ချယ်လ်ဆီး ဂန္တဝင် တဦး ဖြစ်တဲ့ ဒါဘီ နည်းပြဟောင်း ဖရန့် လမ်းပတ် ကို နည်းပြသစ် အဖြစ် ၃နှစ် စာချုပ် နဲ့ ခေါ်ယူ ခန့်အပ် ခဲ့ပါတယ် ။ လမ်းပတ် ဟာ ယနေ့ည မှာ ချယ်လ်ဆီး အသင်း ရဲ့ ရာသီကြို နောက်ဆုံး ပွဲစဉ် ဖြစ်တဲ့ မိုချန်ဂလတ်ဘတ် အသင်း နဲ့ ပွဲစဉ် ကို ကိုင်တွယ်မှာ ဖြစ်ပါတယ် ။

လမ်းပတ် ဟာ ကိုင်တွယ် ထားပြီးသမျှ ခြေစမ်းပွဲ ၆ပွဲ မှာ ပရိသတ် တွေ ကျေနပ် စေလောက်မယ့် ရလဒ် နဲ့ စွမ်းဆောင်ရည် တွေကို ထုတ်ပြ နိုင်ခဲ့ပါတယ် ။ သို့ပေမယ့် လည်း ပြင်ဆင်မှု တွေ အပြီးသတ် ဖို့ လိုနေပြီး ယနေ့ည မိုချန်ဂလတ်ဘတ် အသင်း နဲ့ ပွဲစဉ် က ချယ်လ်ဆီး အသင်း ရဲ့ ခြေစွမ်း ကို အဓိက စောင့်ကြည့် ရမှာ ဖြစ်ပါတယ် ။

လမ်းပတ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကမှ မန်နေဂျာ လောက ထဲသို့ ဒါဘီ အသင်း ကို ကိုင်တွယ်ရင်း ဝင်ရောက် လာခဲ့တာ ဖြစ်လို့ မန်နေဂျာ သက်တမ်းနု နေသေးတာ ကိုတော့ လက်ခံ ရမှာ ဖြစ်ပါတယ် ။ သို့ပေမယ့် လည်း လမ်းပတ် ဟာ ပြီးခဲ့တဲ့ ရာသီ က ဒါဘီ အသင်း ကို ပရီးမီးယားလိဂ် သို့ တန်းတက် လုနီးပါး အနေအထား အထိ စွမ်းဆောင် နိုင်ခဲ့တာမို့ ချယ်လ်ဆီး အသင်း မှာလည်း ၄င်းရဲ့ စွမ်းဆောင်ရည် တွေက ဘယ်လောက် အတိုင်းအတာ အထိ ရှိလာမလဲ ဆိုတာ စောင့်ကြည့် ရမှာ ဖြစ်ပါတယ် ။

လမ်းပတ် ဟာ ကစားသမား ဘဝ မှာတော့ ချယ်လ်ဆီး အသင်း နဲ့ အတူ အတော်လေး အောင်မြင် ခဲ့ပြီး ချန်ပီယံလိဂ် ၊ ပရီးမီးယားလိဂ် အစရှိတဲ့ အဓိက ဆုဖလား အစုံ ရရှိ ခဲ့ဖူးပါတယ် ။ ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟို ကတော့ လမ်းပတ် ဟာ ကစားသမား ဘဝ မှာ အောင်မြင်ပြီးသား ဖြစ်ကြောင်း ချီးကျူး ခဲ့သလို ၄င်းရဲ့ ကစားပုံ ဘယ်လို ကစားရမယ် ဆိုတာနဲ့ ပတ်သက်ပြီးလည်း လမ်းပတ် နဲ့ ဆွေးနွေး ခဲ့ကြောင်း ဆိုခဲ့ပါတယ် ။

Sky Sports News နဲ့ အင်တာဗျူး မှာ ဂျော်ဂျင်ဟို က ” လမ်းပတ် ရဲ့ ကစားသမား ဘဝ သမိုင်းကြောင်း သူဟာ ဘယ်လို သူမျိုးလဲ ဆိုတာ ဖော်ပြ နေပါတယ် ။ ကစားသမား တယောက် အနေနဲ့ တုန်းက လမ်းပတ် ဘာတွေ စွမ်းဆောင် နိုင်ခဲ့လဲ ဆိုတာ လူတိုင်း သိပါတယ် ။ ဒါဟာ ချယ်လ်ဆီး တသင်း တည်း အတွက် မဟုတ်ပါဘူး ။ ဘောလုံး လောက ကို ယေဘူယျ ခြုံကြည့်ပြီး ပြောတာ ဖြစ်ပါတယ် ။ ကျွန်တော် ကိုယ်တိုင် လည်း လမ်းပတ် ရဲ့ ကစားပုံ တွေကို လေ့လာ ကြည့်ရှု ခဲ့ဖူးပါတယ် ။ ”

” အခုဆို ကျွန်တော် ဟာ သူနဲ့ အတူတူ အလုပ် တွဲလုပ်ခွင့် ရတဲ့ အတွက် ဝမ်းသာစရာ ဖြစ်ပါတယ် ။ ကျွန်တော့ အမြင် မှာတော့ သူဟာ ချယ်လ်ဆီး အသင်း ကိုလည်း နည်းပြ တယောက် အနေနဲ့ ထပ်ပြီး ပေးဆပ် စွမ်းဆောင် နိုင်ဦးမယ် လို့ ထင်မိပါတယ် ။ ဟုတ်ပါတယ် ။ ကျွန်တော် တို့ဟာ ဘယ်နေရာ မှာ ကစား ရမယ် ၊ ဘယ်လို ပုံစံ တွေနဲ့ ကစား ရမယ့် အကြောင်း လမ်းပတ် နဲ့ အတူ ဆွေးနွေး ခဲ့ပါတယ် ။ ”

” ဘယ်နေရာမျိုး မှာ ကစားဖို့ အခက်အခဲ ရှိတယ် ဆိုတဲ့ အကြောင်း နည်းပြ ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ကြသလို ကျွန်တော် ကိုယ်တိုင်လည်း ဘယ် နေရာ မှာ ကစား ရမယ် ၊ ပွဲတပွဲ ရဲ့ အရေးပါတဲ့ ရှုထောင့် တွေ အကြောင်း မေးမြန် ခဲ့ပါသေးတယ် ။ ကျွန်တော့ အနေနဲ့ သူ ကျွန်တော့ ဆီက ဘာတွေ အလိုရှိသလဲ ဆိုတာ သေသေချာချာ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုပါတယ် ။ ဒါကြောင့် ကျွန်တော့ ရဲ့ ကစားပုံ တိုးတက် လာမယ့် အကြောင်း တွေနဲ့ ပတ်သက်ပြီး သူ့ကို မေးမြန်း ခဲ့ပါတယ် ။ ”

” မေးခွန်း တွေ ပိုထုတ် လေလေ ၊ ကျွန်တော့ အတွက် ကစားရတာ အခက်အခဲ နည်းလေလေ ပါပဲ ။ ကျွန်တော် တို့ အနေနဲ့ လမ်းပတ် အလိုရှိတဲ့ ကစားဟန် အတိုင်း ကစား နိုင်ကြမယ် လို့ ထင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR