မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက အိုးလ် ထရပ်ဖို့ဒ် မှာ အက်စတွန် ဗီလာ အသင်း နဲ့ ရင်ဆိုင် ကစား ခဲ့ ရပြီး 2 – 2 ဆိုတဲ့ သရေ ရလဒ် သာ ရယူ နိုင်ခဲ့ ပါတယ် ။ ဒီပွဲ မှာတော့ နှစ်ဖက် အသင်း ဟာ ရရှိ ခဲ့တဲ့ အခွင့် အရေး တွေကို ပိုင်ပိုင်နိုင်နိုင် အသုံး မချ နိုင်ခဲ့ ကြ ပါဘူး ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က အသင်း ရဲ့ ပထမပိုင်း စွမ်းဆောင်ရည် အပေါ် ငြီးတွား သွားခဲ့ ပြီး ပြိုင်ဖက် အသင်း ရဲ့ အဖွင့် ဂိုးက သူတို့ တွေကို စိတ် လုှပ်ရှား စေခဲ့ ကြောင်း ဝန်ခံ စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

” ဒီနေ့ ပွဲစဉ် ရဲ့ ပထမပိုင်း ကတော့ လုံလောက်စွာ မကောင်းမွန် ခဲ့ ပါဘူး ။ သူတို့ တွေရဲ့ ပထမ ဂိုးက ကျွန်တော် တို့ကို စိတ် လှုပ်ရှား မှုတွေ ပေးဆောင် သွားခဲ့ ပါတယ် ။ ကျွန်တော် တို့ဟာ ပထမပိုင်း ပြီးဆုံး သွားတဲ့ အထိ ယှဉ်ပြိုင် ကစား နိုင်စွမ်း မရှိ ခဲ့ ကြ ပါဘူး ”

” ကောင်လေး တွေမှာ ဗီဇ ကောင်းတွေ ရှိနေ ပါတယ် ။ သူတို့ တွေဟာ ငယ်ရွယ် သေးပြီး ခွန်အား များပြား လှတဲ့ သူတွေ ပါ ။ ဒုတိယပိုင်း ကတော့ အများကြီးကို ပိုကောင်းခဲ့ ပါတယ် ။ ဒါပေမယ့် အားလုံး ပြောကြ သလို ပါပဲ ၊ ဒါဟာ နှစ်ပိုင်း ကစား ရတဲ့ ပြိုင်ပွဲ တစ်ခု ပဲလေ ”

” ဒီ ကောင်လေး တွေဟာ ဒီလို ပွဲတွေ က တစ်ဆင့် အတွေ့ အကြုံ တွေ ရှာရင်း ပိုပြီး တိုးတက် ကောင်းမွန် လာကြ ပါ လိမ့်မယ် ။ အသင်း တစ်သင်း အနေ နဲ့ ကျွန်တော် တို့ တွေဟာ အခုလို အဆင့် မှာ ရပ်တည် နေရတာ မနှစ်သက် ကြ ပါဘူး ။ ဒါပေမယ့် ဒါဟာ အမှန်တရား ပါလေ ”

” ဗုဒ္ဓဟူး နေ့ မှာတော့ ကျွန်တော် တို့ဟာ ပွဲကြီး ပွဲကောင်း တစ်ပွဲ ကစားရ ပါ့မယ် ။ ပြီးတော့ စနေ နေ့ မှာပေါ့ ။ ကောင်လေး တွေဟာ အဲ့ဒီ ပွဲစဉ် ကို ရှေးရှု နေကြ ပါပြီ ။ ခြေစွမ်း နဲ့ ရလဒ် မတည်ငြိမ် မှုတွေ ဆိုတာ ကတော့ ဖြစ်ပေါ် နေ ဦးမှာ ပါပဲ ။ ကျွန်တော် တို့ဟာ ကောင်းကောင်း ကစား နိုင်ခဲ့ သလို ဖွင့်တိုက် နိုင်ခဲ့ ကြ ပါတယ် ”

” ဒါပေမယ့် ကျွန်တော် တို့ဟာ ပွဲစဉ် ကို ထိန်းချုပ် နိုင်ဖို့ ရုန်းကန် ခဲ့ရ ပါတယ် ။ ဒါပေမယ့် အခုတော့ ကျွန်တော် တို့ အဲ့တာ ကို ဘာမှ လုပ်လို့ မရနိုင် တော့ဘူး လေ ။ ကျွန်တော် တို့ဟာ အသင်း အဖွဲ့ တစ်ခု အနေ နဲ့ စုစည်း ပြီး ပိုကောင်း တဲ့ အစုအဖွဲ့ တစ်ခု ဖြစ်အောင် ဆက်လက် ကြိုးစား ရပါ ဦးမယ် ”

” ကျွန်တော့် အမြင် မှာတော့ အက်စတွန် ဗီလာ အသင်း ဟာ ကောင်တာ တိုက်စစ် ကစားဟန် တွေကို အကြိမ်ပေါင်း များစွာ အသုံးပြု သွားခဲ့ တယ်လို့ တွေ့ခဲ့ ရ ပါတယ် ” လို့ ဆိုးလ်ရှား က သရေ ရလဒ် အပေါ် ဝန်ခံရင်း ပြိုင်ဖက် ကစားပုံ အကြောင်း ကိုပါ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

လက်ရှိ အချိန် ချန်ပီယံ လိဂ် ဝင်ခွင့် ရရှိရေး အောက် 8 မှတ် အကွာ မှာ ရပ်တည် နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတစ်ပါတ် အတွင်း မှာတော့ နည်းပြ ဟောင်း ဟိုဆေး မော်ရင်ဟို ဦးဆောင် နေတဲ့ တော့တင်ဟမ် ဟော့ စပါး အသင်း ၊ ဂွာဒီယိုလာ ကိုင်တွယ် နေတဲ့ မန်စီးတီး အသင်း တွေနဲ့ ပွဲဆက် ကစား ရပါ တော့မယ် ။

#Sports_Myanmar