မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းမှာ ပရီမီးယား လိဂ် ပွဲစဉ် 14 အဖြစ် အက်စတွန် ဗီလာ အသင်း ကို ဧည်ခံ ကစား ခဲ့ ရပြီး 2 – 2 ဆိုတဲ့ သရေ ရလဒ် သာ ရယူ နိုင်ခဲ့ ပါတယ် ။ အဆိုပါ ရလဒ် ကြောင့် ပွဲစဉ် 14 အပြီး မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ 4 ပွဲ နိုင် ၊ 6 ပွဲ သရေ ၊ 4 ပွဲ ရှုံး ဆိုတဲ့ ရလဒ် ၊ ရမှတ် 18 မှတ်နဲ့ အတူ အမှတ်ပေး ဇယား အဆင့် 9 နေရာ မှာ ရှိနေ ခဲ့ရ ပါပြီ ။

အဆိုပါ ပွဲစဉ် မှာတော့ ဂျက် ဂရီလစ်ရှ် က အက်စတွန် ဗီလာ အတွက် အဖွင့် ဂိုး သွင်းယူ ခဲ့ပြီး ပွဲစဉ် ကို ဦးဆောင် နိုင်ခဲ့ ပေမယ့် ပထမပိုင်း ပြီးဆုံး ကာနီး မှာ ရပ်ရှ်ဖို့ ရဲ့ ခေါင်းတိုက် ချက်က ဂိုး တိုင်ထိ ၊ ပြီးတော့ ဂိုးသမား ကိုပါ ထိမှန် ပြီး own goal ရရှိ ခဲ့တဲ့ အတွက် ပထမပိုင်း မှာ သရေ ရလဒ် ထွက်ပေါ် ခဲ့ရ ပါတယ် ။

ဒုတိယပိုင်း မှာတော့ ယူနိုက်တက် တို့ တိုက်စစ် ဆက်လက် ကစား ခဲ့ပြီး ပွဲချိန် 64 မိနစ် မှာ လင်ဒီလော့ဖ် ရဲ့ ခေါင်းတိုက်ချက် က အိမ်ရှင် အသင်း အတွက် ဦးဆောင် ဂိုး ရရှိ စေခဲ့ ပါတယ် ။ ဒါပေမယ့် 2 မိနစ် အကြာ မှာပဲ ဗီလာ နောက်ခံလူ တိုင်ရွန်မင်းစ် က ခြေပ ဂိုး ပြန်လည် သွင်းယူ သွားခဲ့ တာကြောင့် 2 – 2 ဆိုတဲ့ သရေ ရလဒ် နဲ့သာ ပွဲပြီး သွားခဲ့ ရ ပါတယ် ။

ထို့အတူ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာလည်း ပြိုင်ပွဲစုံ 3 ပွဲ ကစား ခဲ့ရာ မှာ နိုင်ပွဲ ပျောက်ဆုံး ခဲ့တဲ့ မှတ်တမ်း ဆိုး တစ်ခု ပိုင်ဆိုင် ခဲ့ရ သလို နှစ်ပေါင်း 31 နှစ် အကြာ မှာ ပွဲစဉ် 14 ပွဲ ကစား အပြီး ရမှတ် 18 မှတ်သာ ပိိုင်ဆိုင် နိုင် ခဲ့တဲ့ မှတ်တမ်း ဆိုး ကိုပါ ပြန်လည် လိုက်မီ သွားခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နောက်ခံလူ ဟယ်ရီ မက်ဂွားယား က အသင်း သားတွေ အနေ နဲ့ နောက် တစ်ပါတ် တော့တင်ဟမ် ဟော့ စပါး အသင်း နဲ့ ရင်ဆိုင် ကစား ရမယ့် ပွဲစဉ် မှာ ကျူးလွန် ခဲ့တဲ့ အမှား တွေကို အမှန် အဖြစ် ပြောင်းလဲ နိုင်ဖို့ လိုအပ် နေပြီ ဖြစ်ကြောင်း အသိပေး သွားခဲ့ လိုက် ပါတယ် ။

” အသင်း တစ်သင်း အနေ နဲ့ ကျွန်တော် တို့ဟာ တိုးတက် ကောင်းမွန် နေကြ ပါပြီ ။ ဒါပေမယ့် ကျွန်တော် တို့ ဒီထက် အများ ကြီး တိုးတက် ကောင်းမွန် ချင်ကြ ပါ သေးတယ် ။ အိမ်ကွင်း မှာ နိုင်ပွဲ မရရှိ ခြင်းက တစ်ကယ့် ကို စိတ် မကျေမနပ် ဖြစ်ချင် စရာ ပါပဲ ”

” ကျွန်တော် တို့ ကောင်းစွာ ကစား နိုင်ခဲ့ ကြ ပေမယ့် ဒီထက် ပိုကောင်း နိုင်ဖို့ တော့ လိုအပ် နေပါ သေးတယ် ။ ဗုဒ္ဓဟူး နေ့မှာ ( တော့တင်ဟမ် ဟော့ စပါး ) နဲ့ ရင်ဆိုင် ရမယ့် ပွဲစဉ် က ကျွန်တော် တို့ရဲ့ အမှား တွေကို အမှန် အဖြစ် ပြုပြင် ပြောင်းလဲ နိုင်ဖို့ အတွက် အကောင်းဆုံး အခွင့် အရေး တစ်ရပ် ပါပဲ ”

” သူတို့ ပထမ ဂိုးကို သွင်းယူ ခဲ့ပြီး တဲ့ အချိန် ကျွန်တော် တို့ရဲ့ ကစားပုံ ဟာ ကျဆင်း သွားခဲ့ ပါတယ် ။ ဒါဟာ ကျွန်တော် တို့ကို စိတ် ထိခိုက် ၊ စိတ် လှုပ်ရှား စေခဲ့ ပါတယ် ။ ကျွန်တော် တို့ အိမ်ကွင်း မှာ ကစား ရင်း အစောပိုင်း မိနစ် မှာ ဂိုး ပေးခဲ့ ရခြင်း က စိတ်ပျက် စရာ ပဲလေ ”

” ကျွန်တော် တို့ဟာ ပွဲချိန် ဒုတိယ ပိုင်း မှာတော့ တစ်ကယ့် ကို တိုးတက် ကောင်းမွန် လာနိုင် ခဲ့ကြ ပါတယ် ” လို့ မက်ဂွားယား က အသင်းဖော် တွေကို တိုက်တွန်း နှိုးဆော်ရင်း အိမ်ကွင်း သရေ ရလဒ် အပေါ် သူရဲ့ ခံစားချက် ကို ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar