မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူး ဖြစ်သူ ရိုမီလူ လူကာကူ က အသင်း ရဲ့ အတွင်းရေး အချက်အလက် တစ်ခု ဖြစ်တဲ့ လေ့ကျင့်ရေး ကွင်းမှ ကစားသမား တွေရဲ့ စွမ်းဆောင်ရည် ဗွီဒီယိုဖိုင် ကို လူမှု ကွန်ယက် အထက် မှာ တင်ခဲ့ ပါ သေးတယ် ။

အထူးသဖြင့် လူကာကူ ဟာ ပွဲစဉ် တွေမှာ လျင်မြန်မှု အားနည်း သူ ဖြစ်တယ် လို့ မကြာခန ဝေဖန် ခံနေ ခဲ့ ရတာ ကြောင့် သူဟာ သတင်း တွေ ထွက်နေ သလို နှေးကွေး သူ တစ်ဦး မဟုတ်ကြောင်း ပြသ ဖို့ လူကာကူ က အဆိုပါ ဗွီဒီယို ဖိုင်ကို တင်ခဲ့ တာပဲ ဖြစ် ပါတယ် ။

အဆိုပါ ဗွီဒီယို ထဲမှာ တော့ လူကာကူ ဟာ ညာ နောက်ခံလူ ဒီယိုဂို ဒါးလော့ ရဲ့ နောက် အလျင်မြန်ဆုံး ကစားသမား ဒုတိယ စာရင်းဝင် ခဲ့တာ ကို လေ့ကျင့်ရေး မှတ်တမ်း အချက်အလက် တွေ အရ သိရှိ ခဲ့ရ ပါတယ် ။ လူကာကူ ဟာ အဆိုပါ ဗွီဒီယို တင်ပြီး မကြာမီ ပြန်ဖျက် သွားခဲ့ ပါတယ် ။

အဆိုပါ မှတ်တမ်း ထဲမှာ တော့ နောက်ခံလူ ဒီယိုဂို ဒါးလော့ ဟာ တစ် နာရီ 36.43 ကီလိုမီတာ နှုန်းနဲ့ ပြေးနိုင် ခဲ့ပြီး အမြန်ဆုံး ကစားသမား ဖြစ်ခဲ့ ကာ လူကာကူ ဟာ တစ် နာရီ 36.25 ကီလိုမီတာ နှုန်း နဲ့ ပြေနိုင် ခဲ့ပြီး အမြန်ဆုံး နံပါတ် နှစ် အဖြစ် ရှိ နေခဲ့ ပါတယ် ။

ဒါပေမယ့် ဘယ် နောက်ခံလူ လုခ်ရှော ကတော့ အသင်းဖော် စကော့ မက် တော်မီနေး ၊ နီမန်ဂျာ မာတစ် နဲ့ ဟွမ် မာတာ တို့ရဲ့ နောက် တစ် နာရီ 31.03 ကီလိုမီတာ နှုန်းနဲ့ သာ ပြေးနိုင် ခဲ့တဲ့ အနှေးဆုံး ကစားသမား ဖြစ်ခဲ့ ရ ပါတယ် ။

အခုတော့ လုခ် ရှော က ဗွီဒီယို ဖိုင် တင်သွား ခဲ့တဲ့ အသင်းဖော် လူကာကူ ကို တွစ်တာ မှာ ‘ သူတို့ တွေက ငါ့ကို 70 % လောက်ပဲ မြန်စေချင် ခဲ့ ကြတယ် ၊ ငါ့ကို မင်း အကြောင်း စ ပြောချင် အောင် မလုပ်ပါ နဲ့ ကောင်လေး ရေ ‘ လို့ ပြန်လည် တုန့်ပြန် သွားခဲ့ လိုက် ပါတယ် ။

လုခ်ရှော ရဲ့ အဆိုပါ တုန့်ပြန် မှုကို ယူနိုက်တက် ရဲ့ အနှေးဆုံး ကစားသမား တွေထဲ က တစ်ဦး ဖြစ်တဲ့ ဟွမ် မာတာ လည်း တွေ့ရှိ ခဲ့ပြီး ‘ ငါဟာ လုခ်ရှော ထက် မြန်တဲ့ ကစားသမား ဖြစ်တယ် ဆိုတာ ကမ္ဘာကြီး ကို သိစေ ခဲ့တဲ့ အတွက် ကျေးဇူး တင် ပါတယ် Bro ရေ ‘ လို့ ပြန်လည် ဟာဟ လုပ်သွား ခဲ့ ပါတယ် ။

လက်ရှိ အချိန် မှာတော့ ယူနိုက်တက် အသင်း မှာ ပွဲထွက် ခွင့် တစ် နေရာ ဆုံးရှုံး သွားဖို့ ရှိနေ တဲ့ တိုက်စစ်မှူး လူကာကူ ဟာ အိုးလ် ထရပ်ဖို့ဒ် မှ ထွက်ခွာ ဖို့ သတင်း ကြီး နေသူ ဖြစ်ပြီး သူ့ကို ခေါ်ယူ နိုင်ဖို့ အတွက် အီတလီ ထိပ်သီး ကလပ် တွေက ရေပန်းစား နေခဲ့ ကြ ပါတယ် ။

အီတလီ ထိပ်သီူ အင်တာ မီလန် အသင်း ဟာ ဒီနွေ မှာ လူကာကူ ကို ခေါ်ယူ နိုင်ဖို့ ကြိုးစား ခဲ့ ပေမယ့် ယူနိုက်တက် ဖက်မှ တောင်းဆို နေတဲ့ ပြောင်းရွှေ့ ကြေး ပေါင် 75 သန်းကို မပေး ချေ လိုတာ ကြောင့် အပြောင်း အရွှေ့ ကိစ္စ ဟာ ကြန့်ကြာ နေခဲ့ ပါတယ် ။

အခုတော့ လူကာကူ ကို ခေါ်ယူ နိုင်ဖို့ အတွက် စီးရီးအေ ချန်ပီယံ ဂျူဗင်တပ် အသင်း ဟာလည်း စိတ်ဝင်စား နေ ခဲ့ပြီး အသင်း ရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ ဒိုင်ဘားလား နဲ့ ကစားသမား အလဲအထပ် ပြုလုပ် သွားဖို့ စိတ်ဝင်စား နေခဲ့ ပါတယ် ။

လူကာကူ ကတော့ ဒီနွေ အတွင်း ဒဏ်ရာ ပြသနာ အနည်းငယ် ရှိနေ တာကြောင့် အသင်း ရဲ့ ရာသီ ကြို ပွဲစဉ် တွေမှာ ပါဝင် နိုင်ခြင်း မရှိခဲ့ ပါဘူး ။ အခုတော့ သူဟာ ဂျူဗင်တပ် ဆီ ပြောင်းရွှေ့ ဖို့ နီးစပ် နေတဲ့ အတွက် နောက်ဆုံး ရာသီ ကြို ပွဲစဉ် ဖြစ်တဲ့ အေစီ မီလန် အသင်း နဲ့ ပွဲမှာ ပါဝင် ကစား သွားဖို့ ရှိ မနေဘူး လို့ သိရှိ ရ ပါတယ် ။

#Sports_Myanmar