တနင်္ဂနွေ နေ့မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မှာ နော့ဝှစ်ချ် အသင်းနဲ့ အာဆင်နယ် အသင်းတိို့ ၂ဂိုးစီသရေ ကျခဲ့ပါတယ်။နည်းပြ အမ်မရီကိုထုတ်ပယ်ထားခဲ့တဲ့ အာဆင်နယ်တို့ နိုင်ပွဲဆက်တိုက် ပျောက်နေမှုကို ရပ်တန့်နိုင်ခြင်း မရှိခဲ့သေးတာလည်းဖြစ်ပါတယ်။

အာဆင်နယ် အသင်းကို ယာယီ နည်းပြ ယွန်းဘတ်က ကိုင်တွယ်နေခဲ့တာဖြစ်ပြီးစိတ်ဓာတ်ခွန်အားအသစ်တွေနဲ့ ဦးဆောင်လာခဲ့ပေမယ့် ပွဲချိန် ၂၁ မိနစ်မှာပဲ ပက်ကီက အိမ်ရှင်အတွက်ဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။ဒါပေမယ့်သိပ်မကြာခင်မှာပဲ ပင်နယ်တီကနေ အူဘာမီယန်က က ပြန်ပြီးချေပပေးခဲ့ပါတယ်။

ပထမပိုင်း ပြီးဆုံးခါနီးမှာလည်း အာဆင်နယ် အသင်းဦးဆောင်ဂိုးထပ်ပေး ခဲ့ရပြီး ကန့်တ်ဝဲလ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် ဒုတိယပိုင်းပြန်စပြီး ဆယ်မိနစ်ကျော်အကြာလောက်မှာပဲ အူဘာမီယန်က ထပ်မံချေပခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာနောက်ဆုံးပြိုင်ပွဲစုံ ရပွဲဆက် နိုင်ပွဲပျောက်နေမှုကိုဟအဆုံးသတ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ဂိုးသမား လီနို ရဲ့ လက်စွမ်းကောင်းတွေ ကြောင့်သာ ရှုံးပွဲမကြံုလိုက်ရတာဖြစ်ပါတယ်။

 

ပရီးမီးယားလိဂ်ရဲ့ ကစားသမားဟောင်း တဦးဖြစ်တဲ့ ဟက်စကီးကတော့အာဆင်နယ် အသင်းဟာ နည်းပြဟောင်း အမ်မရီ လက်ထက်ကလို အမှားအယွင်းတွေ ပြုလုပ်မိနေဆဲဖြစ်တယ်လို့ဆိိုပါတယ်။Sky Sports ရဲ့ အစီ အစဉ် တခု မှာ ဟက်စကီးက –

” ကန့်တ်ဝဲလ်ရဲ့ သွင်းဂိုးက အဆုံးသတ် ကောင်းခဲ့တယ်ဆိုတာကတော့ အမှန်ပါပဲ။ဒီလို ကန်သွင်းချက်မျိုးကို ရဖို့အတွက် သူက နေရာယူတတ်မှုတွေ ပြိုင်ဘက် ကစားသမားတွေက ခန္ဓကိုယ်နဲ့ လာပြီး ခုခံမှုတွေကို ကျော်ဖြတ်ခဲ့ရတာဖြစ်ပါတယ်။အွန်နရီခေတ်က ကန်ချက်လို့တောင် ခေါ်နိုင်ပါတယ်။အာဆင်နယ်အသင်းမှာ အရင်တုန်းကလို ပြသနာတွေရှိနေဆဲပဲလို့ ကျွန်တော်ကတော့ ယူဆပါတယ်။ဂိုးတွေသွင်းခဲ့တဲ့ နော့ဝှစ်ချ် အသင်းသားတွေကို အနီးကပ်လာပြီးပိတ်ဆို့မယ့်သူတောင် မရှိခဲ့တာဖြစ်ပါတယ်။

ပတ်ကီ သွင်းခဲ့တဲ့ ပထမဂိုးတုန်းကလည်း အတူူတူပဲဖြစ်ပါတယ်။အထောင်တိုက်စစ်မှူးဖြစ်ပေမယ့်သူက ဘောလုံးထိချက်၂ကြိမ်အထိ လုပ်ခွင့်ရခဲ့ပြီး လှည့်ထွက် ပြီးမှ ကန်သွင်းခဲ့တာဖြစ်ပါတယ်။ဒါမျိုးက မဖြစ်သင့်ပါဘူးဗျာ။ကစားသမားတွေ အနေနဲ့ ကွင်းအတွင်းမှာ လတ်တလော ဘယ်လို ကစားနေတယ်ဆိုပဲဲ နားလည်ထားလို့ မရပါဘူး။သူတို့ အနေနဲ့ ဘယ် လိုအသင်းမျိုးအတွက် ကစားပေးနေရတယ်ဆိုတဲ့ အဓိပ္ပါယ်ကိုသိထားဖို့လည်းလိုပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

Sky Sports မှာ ဟက်စကီးနဲ့ အတူအစီ အစဉ် တင်ဆက်ခဲ့တဲ့ ဆာဟာကတော့ နော့ဝှစ်ချ်ရဲ့ အဖွင့်ဂိုးရှင် ပတ်ကီကို ချီးကျူးသွားခဲ့ပါတယ်။ဆာဟာက – ” သူ့ရဲ့ အတော်လေးကြီးကျယ်ကောင်းမွန်တဲ့ ရွေ့လျားမှု မျိုးလို့ ကျွန်တော်ကတော့ ယူဆပါတယ်။သူ့ရဲ့ ဘောလုံးကို တရစပ် ရယူသွားပြီးဒေးဗစ်လုဇ်ကို နောက်ကောက်ချထားခဲ့တာ ကိုုကြည့်ရင် ဒါကိုမြင်နိုင်ပါတယ်။ဂိုးပေါက်နဲ့ အနီးကပ် မဟုတ်ခဲ့ပေမယ့် ဂိုးပေါက်တည့်ပြီး ကန်ချက်ကောင်းခဲ့လို့ လမ်းကြောင်းပြောင်း ဂိုးဝင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပတ်ကီနဲ့ အာဆင်နယ် ခံစစ် ကစားသမားတွေကြားမှာ အကွာအဝေးက အကြီးကြီး ရှိခဲ့ပြီး တယောက်မှ ပြေးဝင်တားဆီတာမျိုးမလုပ်ပဲ ကန်ခွင့်ပြုခဲ့သလိုဖြစ်ခဲ့ပါတယ်။ဒေးဗစ်လုဇ်ကတော့ အနီးကပ် တားဆီးမယ့်ပုံမှာမြင်ခဲ့ရပါသေးတယ် ” လို့ချီးကျူးခဲ့တာဖြစ်ပါတယ်။

SPORTS MYANMAR