ဒီဇင်ဘာလ ဟာ ဘောလုံး ၀ါသနာ ရှင် ပရိသတ် တွေ အတွက် အလွန် ပျော်စရာ ကောင်းတဲ့ ကာလ လို့ ဆိုနိုင် ပါတယ် ။ ဒီ လ ထဲ မှာ ပွဲစဉ် တွေ အများကြီး ရှိ နေသလို အရှိန် ပျက်စေ တဲ့ နိုင်ငံ တကာ ပွဲတွေ လည်း ကစား တော့မှာ မဟုတ် ပါဘူး ။ အနောက် နိုင်ငံ တွေ မှာ တော့ နှစ်သစ် ကို ကြိုဆို ဖို့ ပြင်ဆင် ရင်း နဲ့ အကျိတ် အနယ် ရှိတဲ့ ပွဲစဉ် တွေ ကို ပျော်ရွှင် ခံစား အားပေး ရတာ ဟာ တကယ် ပျော်ပွဲ ရွှင်ပွဲကြီး တစ်ခု လို ပါပဲ ။

ဒီဇင်ဘာ လ ထဲမှာ နားရက် ဆိုတာ မရှိ ရ လောက်အောင် ကို ဘောလုံး ပွဲစဉ် တွေ က များပြား လှ ပါတယ် ။ ၁ ရက်နေ့ မှာ ကတည်းက အသက်လက်တီကို မက်ဒရစ် နဲ့ ဘာစီလိုနာ အသင်း တို့ ရဲ့ အကျိတ် အနယ် အားစမ်းပွဲ နဲ့ စတင် ဖွင့်လှစ် ခဲ့ပြီး နောက်ပိုင်း နေ့တွေ မှာလည်း ပွဲကောင်းတွေ က ဆက်နေ ခဲ့ ပါတယ် ။

ဒီဇင်ဘာလ 7 ရက်နေ့ မှာတော့ မန်ချက် စတာ ဒါဘီ အဖြစ် အစ်တီဟတ် မှာ မန်စီးတီး နဲ့ မန်ယူနိုက်တက် တို့ စီးချင်း ထိုးကြ မှာပါ ။ လပ်ကီး နံပါတ် နေ့ရက် မှာ ဘယ်သူ ကံကောင်း မလဲ ဆိုတာ စိတ်ဝင် စား စရာ ပါပဲ ။ ဒီပွဲ အပြီး မှာ ဆိုးရှား တစ်ယောက် နော်ဝေ ပြန်ကောင်း ပြန်ရ နိုင် ပါတယ် ။

ဒါပြီးရင် တော့ ချန်ပီယံ လိဂ် ရဲ့ အုပ်စု နောက်ဆုံး ပွဲစဉ်တွေ ရောက်လာ ခဲ့ ပါပြီ ။ ၁၆ သင်း အဆင့် အတွက် အမှား ခံ လို့ မရဘဲ မဖြစ်မနေ အနိုင် ရလဒ် ကို လိုအပ် နေတဲ့ အင်တာ မီလန် တို့ အိမ်ကွင်း မှာ ဘာစီလိုနာ ကို ဘယ်လို ကစား မလဲ ဆိုတာ စိတ်ဝင်စား ဖို့ ကောင်း ပါတယ် ။

ဒါ့အပြင် လက်ရှိ ချန်ပီယံ လီဗာပူး ရဲ့ သြစတြီးယား ခရီးစဉ် ဟာ လည်း မမျှော်လင့် တာတွေ ဖြစ်တတ် တဲ့ ချန်ပီယံ လိဂ် မှာ စောင့်ကြည့် ရမယ့် ပွဲစဉ် ဖြစ်လာ မှာပါ ။ ဘိုင်ယန် နဲ့ စပါး ပွဲ ကတော့ အဖြေ အရေး မကြီးတော့ ပေမယ့် လက်လွှတ် မခံသင့် တဲ့ ပွဲမျိုး ထဲ မှာ ပါနေ ပါတယ် ။

ချန်ပီယံလိဂ် ပြီးလို့ ၃ ရက် အကြာ မှာတော့ အာဆင်နယ် နဲ့ မန်ချက်စတာ စီးတီး တို့ ထိပ်တိုက် ရင်ဆိုင် ကြရ ဦးမှာ ဖြစ် ပါတယ် ။ ၂၄ နာရီ အကြာ မှာတော့ ၂၀၁၉ – ၂၀ ဘောလုံးရာသီ ချန်ပီယံ လိဂ် ပြိုင်ပွဲရဲ့ ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ် တွေ ကို မဲခွဲ ဆုံးဖြတ် မှာပါ ။ ဗိုလ်လုပွဲ ဆီ ရောက်ဖို့ စောသေး ပေမယ့် ချန်ပီယံလိဂ် ရဲ့ ပွဲစဉ်တိုင်း ဟာ ပရိသတ်တွေ ကို ဘယ်တုန်းက မှ စိတ်မပျက် စေခဲ့ ပါဘူး ။ ဒီတစ်ခါ မှာလည်း ပွဲကောင်း အတွဲ ကောင်းတွေ ကို ဆက်ပြီး မြင်တွေ့ ရဦးမှာပါ ။

ချန်ပီယံလိဂ် မဲခွဲပွဲ ပြီးလို့ ၄၈ နာရီ အကြာ မှာတော့ စပိန် ရဲ့ အစဉ်အလာ ကြီးမားတဲ့ El Clasico ( ဘာစီလိုနာ – ရီးရဲမက်ဒရစ် ) ကို အားပေး ရဦးမှာ ဖြစ် ပါတယ် ။ တစ်နေ့ တည်းမှာ ပဲ လီဗာပူး ရဲ့ ကလပ် ကမ္ဘာ့ ဖလား ဆီမီး ဖိုင်နယ် ပွဲစဉ် ကို ကစား မှာ ဖြစ်သလို နောက်ထပ် ၄ ရက် အကြာ မှာ ဗိုလ်လုပွဲ ကို ယှဉ်ပြိုင် ကစား ကြမှာပဲဖြစ် ပါတယ် ။ လီဗာပူး တို့ အင်္ဂလန် ကို ဖလား တစ်လုံး ထပ်ယူ လာနိုင် မလား စောင့်ကြည့် ရမှာပါ ။

ကလပ် ကမ္ဘာ့ ဖလား ဖိုင်နယ် ကစားမယ့် နေ့ မှာ ပဲ လန်ဒန် မှာ တင်းမာ မှုတွေ ရှိနိုင် ပါတယ် ။ တော့တင်ဟမ် ဟော့စပါး နဲ့ အတူ မော်ရင်ဟို ဟာ အသင်း ဟောင်း ချဲလ်ဆီး ကို လက်ခံ ကစား မှာ ဖြစ်ပြီး တပည့် နဲ့ ဆရာ တို့ ဘယ်သူ ပိုသာ မလဲ ဆိုတာ အားစမ်း ကြတော့ မှာပါ ။ တကယ်ကို စောင့်ကြည့် သင့်တဲ့ ပွဲမျိုး ပါပဲ ။

ဒါပြီးရင်တော့ ခရစ္စမတ် ဘောက်ဆင်ဒေး ပွဲစဉ်တွေ ရောက်လို့ လာတော့ မှာပါ ။ ဒီ ပွဲတွေ ဟာ အင်္ဂလန် ပရီးမီးယားလိဂ် ကို ကမ္ဘာ ပေါ်မှာ လူစိတ်ဝင်စားမှု အများဆုံး ဖြစ်လာ အောင် လုပ်ဆောင် ပေးတဲ့ ပွဲတွေ ဖြစ်ပြီး မထင်မှတ် ထားတဲ့ ရလဒ်တွေ ကို နှစ်တိုင်း မြင်တွေ့ ခဲ့ရ ပါတယ် ။ ဒီနှစ် ဘောက်ဆင်ဒေး ရဲ့ အကျိတ် အနယ် ပွဲ ကတော့ ကင်းပါ၀ါ ကွင်းကြီးထဲ က လက်စတာ – လီဗာပူး ပွဲစဉ် ဖြစ်မှာ အသေအချာ ပါပဲ ။

၂၀၁၉ ကုန်ခါနီးမှာ လန်ဒန် ဒါဘီ က နှစ်ဟောင်း ကို စိတ်လှုပ်ရှား ဖွယ် အပြည့် နဲ့ နှုတ်ဆက် ဖို့ အသင့် စောင့် နေ ပါလိမ့်မယ် ။ ကစား သမား ဘဝတုန်းက အားပြိုင် ခဲ့ကြတဲ့ ယွန်းဘတ် နဲ့ လမ်းပတ် တို့ ဘယ်သူ သာ မလဲ အားစမ်း ကြဦး မှာပါ ။ ဒါပြီးရင်လည်း ယွန်းဘတ် ဟာ ဇန်နဝါရီ ၂ ရက်နေ့ မှာ ဆိုးရှား နဲ့ ထပ် အားစမ်း ရနိုင် ပါတယ် ။ ဒါပေမယ့် အဲ့ အချိန် မှာ ဆိုးရှား ဟုတ်ချင် မှ ဟုတ်တော့ မှာပါ ။

ဒီဇင်ဘာ ပွဲစဉ် တွေ ကတော့ မြင်တဲ့ အတိုင်း ပါပဲ ။ ဆောင်း ရာသီ ရဲ့ အအေး ဓါတ် ကလည်း ပိုလာ ပါပြီ . . . . . ပွဲတွေ ကလည်း ပိုပို ကောင်းလာ ပါပြီ . . . . ပရိသတ်ကြီးတို့ ဘက်ကရော ဘယ်လိုလဲ . . .

SPORTS MYANMAR